သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာ ညမထွက်ရအမိန့် ထုတ်ပြန်


ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်ထဲ လက်နက်ကြီးကျည်ကျပြီး မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၃/ဓာတ်ပုံ-CJ)
ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်ထဲ လက်နက်ကြီးကျည်ကျပြီး မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၃/ဓာတ်ပုံ-CJ)

{{Zawgyi/Unicode}}

ကရင်ပြည်နယ် မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား မတ်လ ၂၅ ရက်နေ့မနက်ကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ည ၁၀ နာရီကနေ မနက် ၄ နာရီအထိမထွက်ရတဲ့ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့တွေမှာမတ်လ ၂၅ ရက်နေ့ မနက် အစောပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပြီးတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူတိုက်ခိုက်တာလုပ်သလို ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်နေခဲ့တာပါ။ မတ်လ ၂၅ ရက်နေ့ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေသေးတယ်လို့ နယ်စပ်နေပြည်သူတဦးကပြောပြပါတယ်။

“ကရင်ပြည်နယ် မြဝတီတို့၊ ကျုံဒိုးတို့ ဘာတို့မှာပေါ့။ အဲဒီနေရာတွေမှာ မာရှယ်လော ထုတ်ထားတယ်။ ည ၁၀ နာရီကနေ မနက် ၄ နာရီထုတ်ထားတယ်။ အခုည ၁၀ နာရီထိုးလောက်ကတည်းကနေ ပစ်နေတယ်။ ည ၁၂ နာရီလောက်ထိက ပစ်နေတယ်။ နာရီဝက်တခေါက် ၁၅ မိနစ်တခေါက်တော့ ပစ်နေတယ်။ ဘယ်နေရာကနေ ကျနေလဲတော့မသိဘူး။ လူတွေကလည်း ပြေးချင်လည်းပြေးမရဘူးလေ၊ဘယ်ကပစ်နေလဲမသိဘူး။ ကြားတော့ကြားနေရတယ်။”

KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်ကလည်း တိုက်ပွဲတွေဖြစ်နေတာမို့ မြဝတီမြို့ကနေ ကျုံဒိုးမြို့ဘက် ကို အရပ်သားတွေဖြတ်သန်းသွားလာတာမလုပ်ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၅ ရက်နေ့မှာဖြစ်ခဲ့တဲ့နှစ်ဘက်တိုက်ပွဲတွေအတွင်း သာမန် အရပ်သားတွေ သေဆုံးတာ၊ထိခိုက်ဒဏ်ရာရတာတွေများတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ရွာတွေပေါ်၊ အိမ်တွေပေါ်ကိုကျနေတယ်။ အတော်များများကတော့ ညပိုင်းမှာ သတင်းထွက်တယ်။ မနက်က တိုက်ပွဲဖြစ်နေတုန်းကတော့ပေါ့နော်။ အရပ်သားတွေလည်း သေတယ်။ ရဲဘော်တွေလည်းသေကြတယ်။”

မြဝတီ-ကျုံဒိုးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံး ဒဏ်ရာရသူတွေရှိနေပြီး မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား (၁) ကိုလည်း ယာယီပိတ်ခဲ့ရပါတယ်။ မတ်လ ၂၅ ရက်နေ့ ညမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲတာရှိပေမယ့် မြဝတီပြည်သူတွေကတော့ ညမထွက်ရ အမိန့်ကြောင့် ထွက်ပြေးလို့မရဖြစ်နေတယ်လို့လည်း ပြောဆိုကြပါတယ်ရှင်။


မြဝတီမှာ ညမထွက်ရအမိန့် ထုတ်ပြန်
please wait

No media source currently available

0:00 0:01:58 0:00
တိုက်ရိုက် လင့်ခ်

===========
{{Unicode}}









ဆက်စပ်သတင်းများ ...

XS
SM
MD
LG