သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာသင်္ဘောမြုပ် လူအများအပြား ပျောက်ဆုံး

ကိုလံဘီယာနိုင်ငံ Medellin မြို့အနီးက ခရီးသွားဧည့်သည်တွေ အလာများတဲ့ Penol-Guatape ရေလှောင်ကန် ကြီးထဲမှာ ခရီးသည် ၁၇၀ လိုက်ပါလာတဲ့ အထပ်လေးထပ်ပါ ကူးတို့သင်္ဘော တနင်္ဂနွေနေ့တုန်းက နစ်မြုပ်ခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးပြီး ၃၁ ယောက် ပျောက်ဆုံး နေဆဲပဲလို့ ကိုလံဘီယာ အစိုးရအရာရှိတွေက ပြောပါတယ်။

လူ ၉၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး အယောက် ၄၀ ကတော့ သူတို့ဖာသာ ရေကူးပြီး ဘေးလွတ်ရာ ထွက်ပြေး လွတ်မြောက်ခဲ့ကြတယ်လို့ Antioquia ခရိုင် ရဲ့ သဘာဝဘေး အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရေးအဖွဲ့ အကြီးအကဲ Margarita Moncada က သတင်းထောက်တွေကို ပြောပါတယ်။ နစ်မြုပ်တဲ့ သင်္ဘောရှိရာကို တခြား အပျော်စီးသင်္ဘောတွေနဲ့ Jet ski ရေမော်တော်ဘုတ်တွေ အလျင်အမြန် ရောက်လာပြီး သင်္ဘောထဲက လူတွေကို ဆွဲယူကယ်တင် ပေးခဲ့ပါတယ်။

လေတပ် လေယာဉ်မှူးတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ အပါအဝင် ကယ်ဆယ်ရေး အဖွဲ့တွေကလည်း အသက်ရှင် ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစား ရှာဖွေနေကြပါတယ်။ သင်္ဘာဟာ ဝန်ပိုတင်လို့ နစ်မြုပ်တာမျိုး ဖြစ်ပုံမရဘူးလို့ သင်္ဘောနစ်မြုပ်တဲ့ နေရာကို ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တဲ့ ကိုလံဘီယာသမ္မတ Juan Manuel Santos က ပြောပါတယ်။ Almirante သင်္ဘော.. ဘာကြောင့် နစ်မြုပ်ခဲ့ရသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အသက်ရှင်ကျန်ရစ်သူ တချို့ကတော့ သင်္ဘော မနှစ်မြုပ်ခင် ဆူဆူညံညံ အသံတွေ သူတို့ ကြားခဲ့ရတဲ့အကြောင်း ပြောပါတယ်။ ဒီကနေ့ တနင်္လာနေ့ဟာ ကိုလံဘီယာနိုင်ငံမှာ အားလပ်ရက်နေ့ ဖြစ်တာကြောင့် ရေလှောင်ကန်နဲ့ အနီးအနားက မြို့မှာ ဒီရက်ပိုင်း လည်ပတ်သူတွေနဲ့ စည်ကားနေတာဖြစ်ပါတယ်။

ကိုလံဘီယာသင်္ဘောမြှုပ် လူအများအပြား ပျောက်ဆုံး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG