သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump ကော်လိုရာဒိုပြည်နယ်မှာ ဝင်အရွေးခံခွင့် ပိတ်ပင်ခံရ


အိုင်အိုဝါပြည်နယ် ဝါတာလူးမြို့မှာ ၂၀၂၄ သမ္မတမဲဆွယ်ရေးဟောပြောပွဲအတွင်း တွေ့ရတဲ့ အမေရိကန်သမ္မဟောင်း Donald Trump (ဒီဇင်ဘာ ၁၉။ ၂၀၂၃)
အိုင်အိုဝါပြည်နယ် ဝါတာလူးမြို့မှာ ၂၀၂၄ သမ္မတမဲဆွယ်ရေးဟောပြောပွဲအတွင်း တွေ့ရတဲ့ အမေရိကန်သမ္မဟောင်း Donald Trump (ဒီဇင်ဘာ ၁၉။ ၂၀၂၃)

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်မှာ လာမယ့် ဇန်နဝါရီလ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပါတီတွင်း ပဏာမရွေးကောက်ပွဲ ကျင်းပတဲ့အခါ မဲပြားတွေပေါ်မှာ သမ္မတဟောင်း Donald Trump ရဲ့ အမည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းခွင့်မရှိကြောင်း ပြည်နယ်တရားရုံးချုပ်က မနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။

Donald Trump ကို ရွေးကောက်ပွဲ ပြန်ဝင်ခွင့်ပေးဖို့ အရည်အချင်းပြည့်မီသူအဖြစ် သတ်မှတ်မလား မသတ်မှတ်ဘူးလား တခြားပြည်နယ်တွေမှာလည်း အငြင်းပွားမှုတွေ ရှိနေပြီး ကော်လိုရာဒိုပြည်နယ်တရားရုံးချုပ်ကတော့ ပထမဆုံး ဆုံးဖြတ်လိုက်တာပါ။ Trump ဟာ သမိုင်းမှာ ပြည်နယ်တခုက ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရတဲ့ ပထမဆုံးသမ္မတဟောင်း ဖြစ်လာပါတယ်။

အစိုးရကို ပုန်ကန်ထကြွမှုမှာ ပါဝင်တဲ့သူတွေကို အစိုးရရာထူးတာဝန် ထမ်းဆောင်ခွင့် တားမြစ်တယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရ အခုလို Donald Trump ကို ကိုယ်စားလှယ်လောင်းအဖြစ် အရည်အချင်းနဲ့ မကိုက်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ သူ့ကို ထောက်ခံသူတွေ လွတ်တော်စီးနင်းမှုမှာ နောက်ကွယ်ကနေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အဓိက ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ကော်လိုရာဒိုပြည်နယ် တရားရုံးချုပ် ဆုံးဖြတ်ချက်အရ၊ ပြည်ထောင်စုအစိုးရ တရားရုံးချုပ်က ဒီကိစ္စ မဆုံးဖြတ်မချင်း ဇန်နဝါရီလ ၄ ရက်နေ့အထိ Trump ကို ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခွင့် ပိတ်ပင်ထားပါတယ်။ ကော်လိုရာဒိုပြည်နယ်မှာ ကျင်းပမယ့် ရီပတ်ဘလီကန် ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မဲပေးမှုအတွက် ဇန်နဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည် မဲပြားပေါ်မှာ ပုံနှိပ်ရမှာ ဖြစ်ပါတယ်။ Trump ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေကတော့ ပြည်ထောင်စုတရားရုံးချုပ်မှာ အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

သမ္မတဟောင်း Trump ကော်လိုရာဒိုပြည်နယ်မှာ ဝင်အရွေးခံခွင့် ပိတ်ပင်ခံရ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG