သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် ၃၀ ကျော်သေ

Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရ မြို့တော် Yinchuan မှာ Gas အိုးပေါက်ကွဲမှုဖြစ် (ဇွန် ၂၂၊ ၂၀၂၃)
Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရ မြို့တော် Yinchuan မှာ Gas အိုးပေါက်ကွဲမှုဖြစ် (ဇွန် ၂၂၊ ၂၀၂၃)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသက Barbecue အသားကင်ဆိုင်တဆိုင်မှာ မီးဖိုချောင်သုံးဓာတ်ငွေ့အိုးတွေ အစုလိုက် အပြုံလိုက် ပေါက်ကွဲရာက ၃၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေ ဒီကနေ့ပဲ အတည်ပြုပါတယ်။ မွတ်ဆလင်တွေ အများစုနေထိုင်ရာ Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ဖြစ်တဲ့ Yinchuan က လူစည်ကားရာအရပ်မှာ ရိုးရာနင်္ဂါးလှေပြိုင်ပွဲအတွက် လူအများအပြား ရောက်နေချိန် မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့လည်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

ဒဏ်ရာရသူတွေကို ထိရောက်တဲ့ ကုသမှုတွေပေးဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် စီမံဖို့ သမ္မတ ရှီကျင့်ဖျင့်က ညွှန်ကြားထားတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။ ဗဟိုအစိုးရရဲ့ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ ပေါက်ကွဲမှုအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဒီကနေ့ပဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့တာပါ။

အစိုးရရဲ့ ကြီးကြပ်မှုအားနည်းတာ၊ အကျင့်ပျက်ခြစားတာ၊ လုပ်ငန်းရှင်တွေက ကုန်ကျစရိတ်ခြွေတာတာ၊ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းတွေ အားနည်းတာတွေကြောင့် တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေမှာ မကြာခဏဆိုသလို မတော်တဆမှုတွေ ကြုံရတတ်ပါတယ်။ မေဒေး အလုပ်သမားနေ့မှာတုန်းကလည်း ရဟတ်ယာဉ်ပျက်ကျရာက လူ ၃ ဦး သေဆုံးခဲ့သလို၊ ရေနံဓာတုစက်ရုံတခုမှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံမှာ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် ၃၀ ကျော်သေ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG