သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ နျူကလီးယားလက်နက်တွေ ပိုများလာ (SIPRI)

Dong Feng 41 နဲ့ DF-17 ပဲ့ထိန်းတပ်ဒုံးကျည်တွေကိုတင်ဆောင်ထားတဲ့ တရုတ်စစ်ဘက်ဆိုင်ရာယာဉ် ခင်းကျင်းပြထားတဲ့အခမ်းအနားအတွင်း လာရောက်ကြည့်ရှုသူများကိုတွေ့ရစဉ် (အောက်တိုဘာ ၁၂၊ ၂၀၂၂)
Dong Feng 41 နဲ့ DF-17 ပဲ့ထိန်းတပ်ဒုံးကျည်တွေကိုတင်ဆောင်ထားတဲ့ တရုတ်စစ်ဘက်ဆိုင်ရာယာဉ် ခင်းကျင်းပြထားတဲ့အခမ်းအနားအတွင်း လာရောက်ကြည့်ရှုသူများကိုတွေ့ရစဉ် (အောက်တိုဘာ ၁၂၊ ၂၀၂၂)

ပထဝီနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံတော်တော်များများမှာ အနုမြူလက်နက် စုဆောင်းမှုတွေ တိုးလာနေပြီး အထူးသဖြင့် တရုတ်နိုင်ငံမှာ တွေ့ရတယ်လို့ နိုင်ငံတကာ သုတေသီအဖွဲ့တခုဖြစ်တဲ့ (SIPRI) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အင်အားကြီးနိုင်ငံတွေမှာတေယ့ နျူကလီးယား လက်နက်တွေကို ခေတ်မီအောင် လုပ်နေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

“ကမ္ဘာတစ်ဝှမ်း နျူကလီးယားလက်နက်တွေ လျော့ကျလာနေတဲ့ ကာလ အဆုံးသတ်ဖို့ အချိန်နီးကပ်လာနေတာ၊ ဒါမှမဟုတ် အဆုံးသတ်ကောင်း အဆုံးသတ်သွားပါပြီ။” လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ညွှန်ကြားရေးမှူး Dan Smith ကပြောပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုးရီးယားနဲ့ ပါကစ္စတန် နိုင်ငံတို့မှာ နျူကလီးယားဒုံးကျည်ထိပ်ဖူး စုစုပေါင်းဟာ ၂၀၂၂ ခုနှစ် အစပိုင်းက ၁၂,၇၁၀ ရှိနေရာကနေ ၂၀၂၃ ခုနှစ်မှာတော့ ၁၂,၅၁၂ ထိ ကျဆင်းသွားခဲ့တယ်လို့ (SIPRI) က ပြောပါတယ်။

ဒါပေမဲ့လည်း စစ်ဖြစ်လာရင်သုံးနိုင်ဖို့ သိမ်းဆည်းထားတဲ့ နျူကလီးယား ထိပ်ဖူးပေါင်း ၉,၅၇၆ လောက်သိုလှောင်ထားပြီး ဒီပမာဏဟာ လွန်ခဲ့တဲ့ တနှစ်ကျော်ကထပ် ၈၆ ခု ပိုများနေပါတယ်။ ဒီထဲက အများစုဟာ တရုတ်နိုင်ငံမှာဖြစ်ပြီး၊ ၃၅၀ ကနေ ၄၁၀ လောက်အထိ ရှိတယ်လို့လည်း ခန့်မှန်းထားတာပါ။

အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့ကလည်း နျူကလီးယားလက်နက် သိမ်းဆည်းမှုတွေ တိုးလာခဲ့ပြီး ရုရှားမှာတော့ ၄,၄၇၇ မှ ၄,၄၈၉ အထိ ဖြစ်လာပါတယ်။ နျူကလီးယား လက်နက်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးကိုတော့ ရုရှားနဲ့ အမေရိကန်က ပိုင်ဆိုင်ထားတာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ လက်နက်ဖျက်သိမ်းရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုတွေမှာ ဆုတ်ယုတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း (SIPRI) သုတေသီတွေကပြောပါတယ်။

တရုတ်နိုင်ငံမှာ နျူကလီးယားလက်နက်တွေ ပိုများလာ
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG