သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာတဝန္း ကိုဗစ္ကူးစက္သူ ၃၂၃ သန္းေက်ာ္နဲဲ႔ ေသဆံုးသူ ၅ သန္းခြဲရွိၿပီ


ၾသစေၾတးလ်ႏုိင္ငံ မဲလ္ဘုန္းၿမိဳ႕မွာ ကိုဗစ္စစ္ေဆးဖို႔ တန္းစီေစာင့္ဆုိင္းေနသူမ်ား။ (ဇန္နဝါရီ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

ကမၻာတဝန္းမွာ ကိုဗစ္ေရာဂါ ကူးစက္သူ အေရအတြက္ စုစုေပါင္း ၃၂၃ သန္းေက်ာ္ ရွိေနၿပီး ေသဆံုးသူ ၅ သန္းခြဲရွိၿပီလို႔ ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ အေမရိကန္ Johns Hopkins တကၠသိုလ္က ဒီကေန႔ ထုတ္ျပန္ပါတယ္။ ဒီေန႔ထိဆိုရင္ ကမၻာတဝန္း ကာကြယ္ေဆးအေရအတြက္ ၉ ဒသမ ၆ ဘီလီယံ ထိုးၿပီးသြားၿပီးၿပီလို႔လည္း Johns Hopkins တကၠသုိလ္က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ေဆာင္းရာသီအိုလံပစ္ အားကစားပြဲမတုိင္ခင္ ႏုိင္္ငံေတာင္ပိုင္း Zhuhai ၿမိဳ႕မွာ Omicron ပ်ံ႕ႏွံ႔ကူးစက္ေနတာကို ထိန္းခ်ဳပ္ႏုိင္ဖို႔ အာဏာပိုင္ေတြ ႀကိဳးစားေနရပါတယ္။

အေမရိကန္ႏုိင္ငံသားေတြဟာ ေနာက္သီတင္းႏွစ္ပတ္ ဒါမွမဟုတ္ အဲဒီအခ်ိန္ ပတ္ဝန္းက်င္ေလာက္မွာ အေမရိကန္အစိုးရက အခမဲ့ေပးတဲ့ ကိုဗစ္ေရာဂါရွိမရွိ အိမ္မွာ စစ္ေဆးတဲ့ ပစၥည္းေတြ လက္ခံရရွိၾကမွာ ျဖစ္ပါတယ္။ အဲဒီစစ္ေဆးတဲ့ ပစၥည္းေတြဟာ ဆိုင္ေတြမွာ ဝယ္လုိ႔႔မရေတာ့သေလာက္ ျဖစ္ေနတာပါ။

အိႏိၵယႏုိင္ငံမွာ စေနေန႔က ကိုဗစ္ေရာဂါကူးစက္သူ ၂၆၀,၀၀၀ ေက်ာ္ ထပ္တိုးတယ္လုိ႔ က်န္းမာေရးဌာနက ထုတ္ျပန္တာေၾကာင့္ ေသာၾကာေန႔က အေရအတြက္ထက္ ၄,၆၀၀ ေက်ာ္ ပိုမ်ားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၃၂၃ သန်းကျော်နဲ့ သေဆုံးသူ ၅ သန်းခွဲရှိပြီ

ကမ္ဘာတဝန်းမှာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက် စုစုပေါင်း ၃၂၃ သန်းကျော် ရှိနေပြီး သေဆုံးသူ ၅ သန်းခွဲရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒီနေ့ထိဆိုရင် ကမ္ဘာတဝန်း ကာကွယ်ဆေးအရေအတွက် ၉ ဒသမ ၆ ဘီလီယံ ထိုးပြီးသွားပြီးပြီလို့လည်း Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆောင်းရာသီအိုလံပစ် အားကစားပွဲမတိုင်ခင် နိုင်ငံတောင်ပိုင်း Zhuhai မြို့မှာ Omicron ပျံ့နှံ့ကူးစက်နေတာကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေ ကြိုးစားနေရပါတယ်။

အမေရိကန်နိုင်ငံသားတွေဟာ နောက်သီတင်းနှစ်ပတ် ဒါမှမဟုတ် အဲဒီအချိန် ပတ်ဝန်းကျင်လောက်မှာ အမေရိကန်အစိုးရက အခမဲ့ပေးတဲ့ ကိုဗစ်ရောဂါရှိမရှိ အိမ်မှာ စစ်ဆေးတဲ့ ပစ္စည်းတွေ လက်ခံရရှိကြမှာ ဖြစ်ပါတယ်။ အဲဒီစစ်ဆေးတဲ့ ပစ္စည်းတွေဟာ ဆိုင်တွေမှာ ဝယ်လို့မရတော့သလောက် ဖြစ်နေတာပါ။

အိန္ဒိယနိုင်ငံမှာ စနေနေ့က ကိုဗစ်ရောဂါကူးစက်သူ ၂၆၀,၀၀၀ ကျော် ထပ်တိုးတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်တာကြောင့် သောကြာနေ့က အရေအတွက်ထက် ၄,၆၀၀ ကျော် ပိုများပါတယ်။

XS
SM
MD
LG