သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကမၻာတဝန္း ကိုဗစ္ကူးစက္ခံရသူ ၃၂၆ သန္းေက်ာ္ ရွိလာ


ျပင္သစ္ႏုိင္ငံ ေဆး႐ုံတခုမွာ ကုိဗစ္လူနာကုိ ျပဳစုေပးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇန္နဝါရီ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

တနဂၤေႏြေန႔အထိ ကမၻာတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၃၂၆ ဒသမ ၂ သန္းရွိၿပီး ၅ ဒသမ ၅ သန္း ေသဆုံးခဲ့ပါတယ္။ ကာကြယ္ေဆး ၉ ဘီလီယံေက်ာ္ ထိုးေပးခဲ့ၿပီး ျဖစ္တယ္လို႔ အေမရိကန္ႏုိင္ငံက နာမည္ေက်ာ္ Johns Hopkins တကၠသိုလ္ ကို႐ိုနာဗုိင္းရပ္စ္ သတင္းအခ်က္အလက္ဌာနက ဆိုပါတယ္။

ရဝမ္ဒါႏိုင္ငံကို ကိုဗစ္ကာကြယ္ေဆး ၁ ဒသမ ၁ သန္း စေနေန႔က ပို႔လိုက္ၿပီး အဲဒီအထဲမွာ COVAX ကိုပို႔တဲ့ သန္း ၁,၀၀၀ ေျမာက္ ကာကြယ္ေဆး ပါသြားပါတယ္လို႔ UNICEF အမႈေဆာင္ဒါ႐ိုက္တာ Henrietta Fore က ေျပာပါတယ္။ COVAX အဖြဲ႔ဟာ ဆင္းရဲနဲ႔ အလယ္အလတ္ ဝင္ေငြရွိ တိုင္းျပည္ေတြ ကိုဗစ္ကာကြယ္ေဆးရရွိေရး ေဆာင္ရြက္ေနတဲ့ ႏိုင္ငံတကာ အဖြဲ႔အစည္း ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံ၊ ေဘဂ်င္းမွာေတာ့ အိုမီခရြန္ မ်ိဳးကြဲဗိုင္းရပ္စ္ကို ပထမဆုံး ေတြ႔ရွိသြားပါတယ္။ Zhuhai နဲ႔ Tianjin ၿမိဳ႕ေတြမွာလည္း ဗိုင္းရပ္စ္ကို ေတြ႔ရွိပါတယ္။

ေဖေဖာ္ဝါရီ တ႐ုတ္ႏွစ္သစ္ကူးနဲ႔ ေဆာင္းရာသီ ေဘဂ်င္းအိုလံပစ္ မတိုင္မီမွာ အေလးထားရမယ့္ စိန္ေခၚမႈေတြနဲ႔ တ႐ုတ္က ရင္ဆိုင္ေနရတယ္လို႔ တမ်ိဳးသားလုံးဆိုင္ရာ က်န္းမာေရးေကာ္မရွင္က တာဝန္ရွိသူ Pang Xinghuo က ဆိုပါတယ္။

အေမရိကန္မွာေတာ့ လာမယ့္ တပတ္ႏွစ္ပတ္အတြင္း ကိုဗစ္ပိုး အျမန္စမ္းႏုိင္တဲ့ ပိုးစစ္ဘူးေတြကို အိမ္တိုင္းကို ေပးပို႔ေတာ့မွာ ျဖစ္ပါတယ္။

အမ်ားျပည္သူ သြားလာတဲ့ ေနရာေတြမွာ ကာကြယ္ေဆး မထိုးထားသူေတြ မသြားရလို႔ တားျမစ္ထားတဲ့ ဥပေဒၾကမ္းကို အတည္ျပဳဖို႔ ႐ုရွားအစိုးရက ေသာၾကာေန႔တုန္းက ဆိုင္းထားလိုက္ပါတယ္။

ျပင္သစ္ႏုိင္ငံမွာေတာ့ ပါရီၿမိဳ႕ လမ္းေတြေပၚမွာ ႏွာေခါင္းစည္းတပ္ရမယ္ဆိုတဲ့ ျပ႒ာန္းခ်က္ကို တရား႐ုံးက ရပ္ဆိုင္းခိုင္းလိုက္ပါတယ္။ ဗာဆိုင္းၿမိဳ႕ တရား႐ုံးကလည္း ေဒသတြင္း အလားတူ ျပ႒ာန္းခ်က္ကို ဗုဒၶဟူးေန႔က ရပ္ဆိုင္းမိန႔္ ခ်မွတ္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်ခံရသူ ၃၂၆ သန်းကျော် ရှိလာ

တနင်္ဂနွေနေ့အထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၃၂၆ ဒသမ ၂ သန်းရှိပြီး ၅ ဒသမ ၅ သန်း သေဆုံးခဲ့ပါတယ်။ ကာကွယ်ဆေး ၉ ဘီလီယံကျော် ထိုးပေးခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံက နာမည်ကျော် Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်ဌာနက ဆိုပါတယ်။

ရဝမ်ဒါနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၁ သန်း စနေနေ့က ပို့လိုက်ပြီး အဲဒီအထဲမှာ COVAX ကိုပို့တဲ့ သန်း ၁,၀၀၀ မြောက် ကာကွယ်ဆေး ပါသွားပါတယ်လို့ UNICEF အမှုဆောင်ဒါရိုက်တာ Henrietta Fore က ပြောပါတယ်။ COVAX အဖွဲ့ဟာ ဆင်းရဲနဲ့ အလယ်အလတ် ဝင်ငွေရှိ တိုင်းပြည်တွေ ကိုဗစ်ကာကွယ်ဆေးရရှိရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမှာတော့ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိသွားပါတယ်။ Zhuhai နဲ့ Tianjin မြို့တွေမှာလည်း ဗိုင်းရပ်စ်ကို တွေ့ရှိပါတယ်။

ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူးနဲ့ ဆောင်းရာသီ ဘေဂျင်းအိုလံပစ် မတိုင်မီမှာ အလေးထားရမယ့် စိန်ခေါ်မှုတွေနဲ့ တရုတ်က ရင်ဆိုင်နေရတယ်လို့ တမျိုးသားလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က တာဝန်ရှိသူ Pang Xinghuo က ဆိုပါတယ်။

အမေရိကန်မှာတော့ လာမယ့် တပတ်နှစ်ပတ်အတွင်း ကိုဗစ်ပိုး အမြန်စမ်းနိုင်တဲ့ ပိုးစစ်ဘူးတွေကို အိမ်တိုင်းကို ပေးပို့တော့မှာ ဖြစ်ပါတယ်။

အများပြည်သူ သွားလာတဲ့ နေရာတွေမှာ ကာကွယ်ဆေး မထိုးထားသူတွေ မသွားရလို့ တားမြစ်ထားတဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ ရုရှားအစိုးရက သောကြာနေ့တုန်းက ဆိုင်းထားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပါရီမြို့ လမ်းတွေပေါ်မှာ နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို တရားရုံးက ရပ်ဆိုင်းခိုင်းလိုက်ပါတယ်။ ဗာဆိုင်းမြို့ တရားရုံးကလည်း ဒေသတွင်း အလားတူ ပြဋ္ဌာန်းချက်ကို ဗုဒ္ဓဟူးနေ့က ရပ်ဆိုင်းမိန့် ချမှတ်လိုက်ပါတယ်။

XS
SM
MD
LG