(Zawgyi / Unicode)
ကိုဗစ္ ကမာၻ႔ကပ္ေရာဂါ ကိုင္တြယ္ေျဖရွင္းမႈဆိုင္ရာ က်ယ္ျပန္႔တဲ့ ပူးေပါင္းေဆာင္ရြက္ေရး ဆံုးျဖတ္ခ်က္တရပ္ကို ကုလသမဂၢ အေထြေထြညီလာခံမွာ တခဲနက္ အတည္ျပဳလိုက္ပါတယ္။
ဒါေပမယ့္ အေမရိကန္နဲ႔ အစၥေရးလ္တို႔ကေတာ့ ဒီဆံုးျဖတ္ခ်က္ကို ေထာက္ခံတဲ့ထဲမွာ မပါပါဘူး။
ေနာက္ဆံုးအခ်ိန္ပိုင္းမွာမွ က်ဴးဘားက အဆိုျပဳခဲ့တဲ့ စီးပြားေရး၊ ဘ႑ာေရး ဒါမွမဟုတ္ ကုန္သြယ္ေရး ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ဆန္႔က်င္တဲ့အခ်က္ကို ထည့္သြင္းလိုက္တဲ့အေပၚ ကန္႔ကြက္တဲ့အေနနဲ႔ အေမရိကန္နဲ႔ အစၥေရးလ္တို႔က ကန္႔ကြက္မဲ ေပးခဲ့ၾကတာပါ။
ႏုိင္ငံေပါင္း ၁၉၃ ႏိုင္ငံ အဖြဲ႔ဝင္အျဖစ္ပါဝင္တဲ့ ကုလသမဂၢ အေထြေထြညီလာခံက ကိုဗစ္ကပ္ေရာဂါအေရး တညီတညြတ္တည္း ပူးေပါင္းေဆာင္ရြက္ၾကဖို႔ အဓိကျဖစ္တဲ့ ဒီဆံုးျဖတ္ခ်က္ကို မဲမခြဲဘဲ ႏိုင္ငံအားလံုး ေထာက္ခံမႈရဖို႔ ေမွ်ာ္မွန္းခဲ့ၾကေပမယ့္ ေနာက္ဆံုး ၁၆၉ မဲ၊ ၂ မဲနဲ႔ အတည္ျပဳခဲ့ၿပီးေနာက္ ၂ ႏိုင္ငံျဖစ္တဲ့ ယူကရိန္းနဲ႔ ဟန္ေဂရီတို႔ကေတာ့ မဲမေပးဘဲ ၾကားေနခဲ့ပါတယ္။
ဒီကပ္ေရာဂါျဖစ္လာၿပီး တတိယအႀကိမ္ေျမာက္ အက်ယ္ျပန္႔ဆံုးျဖစ္တဲ့ ဒီဆံုးျဖတ္ခ်က္ထဲမွာ အဓိကပါတာက ကမာၻ႔ကပ္ေရာဂါႀကီးအေနနဲ႔ သမိုင္းမွာ အႀကီးမားဆံုး စိန္ေခၚခ်က္ေတြထဲက တခုျဖစ္လာၿပီး ဒီေရာဂါႀကီးနဲ႔ ေနာက္ဆက္တြဲေတြကို ထိန္းခ်ဳပ္ ေလွ်ာ့ခ် ေက်ာ္လႊားသြားႏိုင္ဖို႔ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ညီညြတ္မႈေတြကို ပိုအားျဖည့္သြားရမယ္လို႔ ပါရွိပါတယ္။ ဒါေပမယ့္ အဖြဲ႔ႏိုင္ငံေတြအေနနဲ႔ မျဖစ္မေန လိုက္နာလုပ္ေဆာင္ရမွာေတာ့ မဟုတ္ပါဘူး။
အရင္ ပထမတႀကိမ္က က်ယ္ျပန္႔တဲ့ ေၾကညာခ်က္ကို ဧၿပီလ ၂ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ၿပီး ဒီေရာဂါႀကီးဟာ မႀကံဳစဘူး ဆိုးက်ိဳးေတြျဖစ္ေစတာမို႔ အလားတူ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈေတြ ျမႇင့္တင္ဖို႔ တိုက္တြန္းခဲ့ဖူးပါတယ္။
ဒါ့အျပင္ ဒုတိယ အက်ယ္ျပန႔္ဆံုးျဖစ္တဲ့ ဆံုးျဖတ္ခ်က္ထဲမွာလည္း ဒီေရာဂါႏွိမ္နင္းဖို႔ ေဆး၊ ကာကြယ္ေဆးနဲ႔ ေဆးပစၥည္းေတြ ထုတ္လုပ္ေရးနဲ႔ အားလံုးသံုးႏိုင္ေရး တကမာၻလံုး ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ေဆာင္ရြက္ၾကဖို႔ တိုက္တြန္းခဲ့ပါေသးတယ္။
---------------------------
(Unicode)
ကိုဗစ်ကပ်ရောဂါဆိုင်ရာ ဆုံးဖြတ်ချက် အများစုထောက်ခံမဲနဲ့ ကုလသမဂ္ဂ အတည်ပြု
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တခဲနက် အတည်ပြုလိုက်ပါတယ်။
ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေးလ်တို့ကတော့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ထဲမှာ မပါပါဘူး။
နောက်ဆုံးအချိန်ပိုင်းမှာမှ ကျူးဘားက အဆိုပြုခဲ့တဲ့ စီးပွားရေး၊ ဘဏ္ဍာရေး ဒါမှမဟုတ် ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်တဲ့အချက်ကို ထည့်သွင်းလိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်နဲ့ အစ္စရေးလ်တို့က ကန့်ကွက်မဲ ပေးခဲ့ကြတာပါ။
နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ကိုဗစ်ကပ်ရောဂါအရေး တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြဖို့ အဓိကဖြစ်တဲ့ ဒီဆုံးဖြတ်ချက်ကို မဲမခွဲဘဲ နိုင်ငံအားလုံး ထောက်ခံမှုရဖို့ မျှော်မှန်းခဲ့ကြပေမယ့် နောက်ဆုံး ၁၆၉ မဲ၊ ၂ မဲနဲ့ အတည်ပြုခဲ့ပြီးနောက် ၂ နိုင်ငံဖြစ်တဲ့ ယူကရိန်းနဲ့ ဟန်ဂေရီတို့ကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
ဒီကပ်ရောဂါဖြစ်လာပြီး တတိယအကြိမ်မြောက် အကျယ်ပြန့်ဆုံးဖြစ်တဲ့ ဒီဆုံးဖြတ်ချက်ထဲမှာ အဓိကပါတာက ကမ္ဘာ့ကပ်ရောဂါကြီးအနေနဲ့ သမိုင်းမှာ အကြီးမားဆုံး စိန်ခေါ်ချက်တွေထဲက တခုဖြစ်လာပြီး ဒီရောဂါကြီးနဲ့ နောက်ဆက်တွဲတွေကို ထိန်းချုပ် လျှော့ချ ကျော်လွှားသွားနိုင်ဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညီညွတ်မှုတွေကို ပိုအားဖြည့်သွားရမယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် အဖွဲ့နိုင်ငံတွေအနေနဲ့ မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမှာတော့ မဟုတ်ပါဘူး။
အရင် ပထမတကြိမ်က ကျယ်ပြန့်တဲ့ ကြေညာချက်ကို ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒီရောဂါကြီးဟာ မကြုံစဘူး ဆိုးကျိုးတွေဖြစ်စေတာမို့ အလားတူ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။
ဒါ့အပြင် ဒုတိယ အကျယ်ပြန့်ဆုံးဖြစ်တဲ့ ဆုံးဖြတ်ချက်ထဲမှာလည်း ဒီရောဂါနှိမ်နင်းဖို့ ဆေး၊ ကာကွယ်ဆေးနဲ့ ဆေးပစ္စည်းတွေ ထုတ်လုပ်ရေးနဲ့ အားလုံးသုံးနိုင်ရေး တကမ္ဘာလုံး မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။