သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကူးစက္မႈက်ဆင္းေပမဲ႔ ေသဆံုးမႈတိုးလာတဲ႔ ကိုဗစ္ကပ္ေရာဂါ


WHO Reports 43% Spike in Global COVID Deaths

ကူးစက္မႈက်ဆင္းေပမဲ႔ ေသဆံုးမႈတိုးလာတဲ႔ ကိုဗစ္ကပ္ေရာဂါ

{{Zawgyi/Unicode}}
တကမာၻလုံးမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေပါင္း ဆက္လက္က်ဆင္းေနေပမယ့္ ၿပီးခဲ့တဲ့ သီတင္းပတ္က ေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြက ၄၃ ရာခိုင္ႏႈန္းျမင့္တက္လာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHO က ထုတ္ျပန္ထားပါတယ္။

ကူးစက္ေရာဂါဆိုင္ရာ အပတ္စဥ္ အစီရင္ခံစာမွာ ဒီ မတ္လ စတုတၳပတ္မွာ ေသဆုံးမႈေပါင္း ၄ ၅ဝဝဝ ရွိခဲ့ၿပီး အဲဒီမတိုင္ခင္က ေသဆုံးမႈေပါင္း ၃၃ဝဝဝ ထက္ ပိုမိုျမင့္တက္သြားတယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီလိုျဖစ္ရတာဟာ ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ေသဆုံးမႈမွာ ႏိုင္ငံအလုိက္ အဓိပၸါယ္ဖြင့္ဆိုခ်က္ အေျပာင္းအလည္းေတြေၾကာင့္ ေသဆုံးမႈေတြ တိုးလာဖြယ္ျဖစ္တယ္လို႔ WHO က ဆိုထားပါတယ္။

ဥပမာအားျဖင့္ ခ်ီလီႏိုင္ငံမွာ ေသဆုံးသူအသစ္ျမင့္တက္လာၿပီး ၁၂ဝဝဝနီးပါး ရွိကာ အရင္အပတ္ကထက္ ၁၇ဝဝ ႏႈန္း ခုန္တက္သြားပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ ႀကီးႀကီးမားမားသိပ္မရွိခဲ့ေပမယ့္ ေသဆုံးမႈအသစ္ ၅၃ဝဝေက်ာ္ ရွိကာ ၈ ရာခုိင္ႏႈန္းတိုးလာပါတယ္။

အိႏိၵယမွာ ေသဆုံးမႈက ၄၅ဝဝေက်ာ္ ရွိၿပီး ၆ဝဝ ရာခိုင္ႏႈန္းေက်ာ္တုိးလာပါတယ္။ ဒါဟာ အရင္က ေသဆုံးစာရင္ေတြထဲမွာ ထဲ့မထားတဲ့ မဟာရပ္ထရာျပည္နယ္ က စာရင္းေတြကို အခုအခါေပါင္းထဲ့လိုက္လို႔ျဖစ္တယ္လို႔ WHO က ေျပာပါတယ္။

အလားတူ တကမၻာလုံး ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြက်ဆင္းသြားေပမယ့္ ဥေရာပက ဂ်ာမဏီ၊ အီတလီ နဲ႔ ျပင္သစ္ႏိုင္ငံေတြမွာေတာ့ ကူးစက္မႈအသစ္ေတြ တုိးလာပါတယ္။

မၾကာခင္ သီတင္းပတ္ေတြက ႏိုင္ငံအမ်ားအျပားဟာ ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး စမ္းသပ္စစ္ေဆးမႈေတြ၊ စူးစမ္းရွာေဖြမႈေတြ နဲ႔ အစီအစဥ္ေတြကို ဖ်က္သိမ္းဖို႔ ေၾကညာခဲ့တဲ့အေပၚမွာလည္း စိုးရိမ္ေၾကာင္း WHO ကမၻာက်န္းမာေရးအဖြဲ႔က ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................

ကူးစက်မှုကျဆင်းပေမဲ့ သေဆုံးမှုတိုးလာတဲ့ ကိုဗစ်ကပ်ရောဂါ

{{Zawgyi/Unicode}}
တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုပေါင်း ဆက်လက်ကျဆင်းနေပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က တော့ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေက ၄၃ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ထုတ်ပြန်ထားပါတယ်။

ကူးစက်ရောဂါဆိုင်ရာ အပတ်စဉ် အစီရင်ခံစာမှာ ဒီ မတ်လ စတုတ္ထပတ်မှာ သေဆုံးမှုပေါင်း ၄ ၅ဝဝဝ ရှိခဲ့ပြီး အဲဒီမတိုင်ခင်က သေဆုံးမှုပေါင်း ၃၃ဝဝဝ ထက် ပိုမိုမြင့်တက်သွားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီလိုဖြစ်ရတာဟာ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး သေဆုံးမှုမှာ နိုင်ငံအလိုက် အဓိပ္ပါယ်ဖွင့်ဆိုချက် အပြောင်းအလည်းတွေကြောင့် သေဆုံးမှုတွေ တိုးလာဖွယ်ဖြစ်တယ်လို့ WHO က ဆိုထားပါတယ်။

ဥပမာအားဖြင့် ချီလီနိုင်ငံမှာ သေဆုံးသူအသစ်မြင့်တက်လာပြီး ၁၂ဝဝဝနီးပါး ရှိကာ အရင်အပတ်ကထက် ၁၇ဝဝ နှုန်း ခုန်တက်သွားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ကြီးကြီးမားမားသိပ်မရှိခဲ့ပေမယ့် သေဆုံးမှုအသစ် ၅၃ဝဝကျော် ရှိကာ ၈ ရာခိုင်နှုန်းတိုးလာပါတယ်။

အိန္ဒိယမှာ သေဆုံးမှုက ၄၅ဝဝကျော် ရှိပြီး ၆ဝဝ ရာခိုင်နှုန်းကျော်တိုးလာပါတယ်။ ဒါဟာ အရင်က သေဆုံးစာရင်တွေထဲမှာ ထဲ့မထားတဲ့ မဟာရပ်ထရာပြည်နယ် က စာရင်းတွေကို အခုအခါပေါင်းထဲ့လိုက်လို့ဖြစ်တယ်လို့ WHO က ပြောပါတယ်။

အလားတူ တကမ္ဘာလုံး ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကျဆင်းသွားပေမယ့် ဥရောပက ဂျာမဏီ၊ အီတလီ နဲ့ ပြင်သစ်နိုင်ငံတွေမှာတော့ ကူးစက်မှုအသစ်တွေ တိုးလာပါတယ်။

မကြာခင် သီတင်းပတ်တွေက နိုင်ငံအများအပြားဟာ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှုတွေ၊ စူးစမ်းရှာဖွေမှုတွေ နဲ့ အစီအစဉ်တွေကို ဖျက်သိမ်းဖို့ ကြေညာခဲ့တဲ့အပေါ်မှာလည်း စိုးရိမ်ကြောင်း WHO ကမ္ဘာကျန်းမာရေးအဖွဲ့က ပြောဆိုပါတယ်။

XS
SM
MD
LG