သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းနဲ႔ ကယားေဒသ စစ္ေဘးေရွာင္ေတြအၾကား ကိုဗစ္ကူးစက္မႈစိုးရိမ္ရ


coronavirus covid-19 omicron

[[Zawgyi/Unicode]]

ကိုဗစ္ကပ္အတည္ျပဳလူနာ အခုရက္ပိုင္း ျပန္မ်ားလာတဲ့ ျမန္မာႏိုင္ငံမွာ ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္က စစ္ေဘးေရွာင္ ဒုကၡသည္ေတြၾကား ေနထိုင္မေကာင္းျဖစ္သူ ေတာ္ေတာ္ မ်ားမ်ား ရွိလာတယ္လို႔ ပရဟိတကူညီေပးသူေတြ ေျပာပါတယ္။ ကိုယ္ပူ၊ ေခ်ာင္းဆိုးစတဲ့ ကိုဗစ္ျဖစ္ႏိုင္တဲ့ ေရာဂါလကၡဏာေတြျပေပမယ့္ ကိုဗစ္ေရာဂါပိုးရွိ မရွိ စစ္ေဆးႏိုင္ဖို႔ အခက္အခဲေတြရွိေနၾကသလို ေရာဂါမပ်ံ႕ေအာင္ ကာကြယ္ေနထိုင္ဖို႔လည္း မလြယ္ၾကပါဘူး။ ခုလိုျဖစ္ေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေဆာင္းရာသီ ခ်မ္းေအးတဲ့ကာလမွာ ရွမ္းျပည္နယ္၊ ကယားျပည္နယ္တို႔က ေနရာထိုင္ခင္း မျပည့္စုံတဲ့ စစ္ေဘးဒုကၡသည္ေတြၾကား ႏွာေစး၊ ေခ်ာင္းဆိုး၊ ဖ်ားနာေနသူေတြ ပိုမိုမ်ားျပားလာတယ္လို႔ ဒုကၡသည္ေတြကို အကူအညီေပးေနၾကသူေတြက ေျပာပါတယ္။ လြိဳင္ေကာ္ၿမိဳ႕နယ္ဘက္က ထြက္ေျပးလာၿပီး ရွမ္းျပည္နယ္ ဆီဆိုင္ၿမိဳ႕နယ္ထဲမွာ ခိုလႈံေနၾကတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြၾကား ကိုဗစ္အတည္ျပဳလူနာ ၂ ဦးေတြ႔ရွိတယ္လို႔ ပရဟိတကူညီေပးေနတဲ့ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။

“လက္ရွိေတာ့ ေတာ္ေတာ္ျဖစ္တယ္ဗ်။ အဲ့ဒီဖ်ားနာတဲ့လူေတြ၊ ေခ်ာင္းဆိုးတဲ့လူေတြ ရွိတယ္ဗ်။ ၃၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္ဗ်၊ ျဖစ္တယ္ဆိုတာလည္း က်ေနာ္တို႔စခန္းမွာက သံမံတလင္းေပၚမွာပဲ အိပ္တဲ့အခါက်ေတာ့ ေအးတာလည္း ပါတာေပါ့ေနာ္။ ေလာေလာဆယ္ဆယ္ က်ေနာ္တို႔လည္း မစစ္ႏိုင္ေသးဘူးဗ်။ စစ္ႏိုင္ဖို႔အတြက္လည္း ခက္ခဲတာေပါ့ဗ်။ ခက္ခဲေတာ့ က်ေနာ္တို႔စခန္းမွာ ဟိုေန႔ စစ္လိုက္တာ ၂ ေယာက္ ေပၚသြားတယ္။ ေပၚသြားေတာ့ သူတို႔ကို ေဆး႐ုံပို႔တယ္။ သူနဲ႔ contacts ပါသူေတြကေတာ့ က်ေနာ္တို႔ ခြဲေပးထားၿပီး သီးသန႔္ထားေပးလိုက္တယ္။”

ဆီဆိုင္ၿမိဳ႕နယ္ထဲမွာ စစ္ေဘးေရွာင္ဒုကၡသည္ ၂ ေသာင္းေလာက္ရွိတယ္လို႔ သူကေျပာပါတယ္။ ဒုကၡသည္ ၃၀% ေလာက္ ကိုဗစ္ကပ္ေရာဂါလကၡဏာနဲ႔ ဖ်ားနာေနၾကေပမဲ့ ကပ္ေရာဂါ ဟုတ္မဟုတ္ စစ္ေဆးႏိုင္ဖို႔ အခက္အခဲျဖစ္ေနတာေၾကာင့္ ဒီထက္မက ကူးစက္လာမွာကို စိုးရိမ္ေနၾကပါတယ္။

တိုက္ပြဲေတြေၾကာင့္ အိုးအိမ္ပစ္ထြက္ေျပးေနၾကရတဲ့ ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္ေတြၾကားမွာလည္း ေခ်ာင္းဆိုး၊ ဖ်ားနာ၊ မက်န္းမမာျဖစ္ေနသူေတြ ပိုမိုမ်ားလာတယ္လို႔ ကူညီေပးေနသူတဦးက ေျပာပါတယ္။ မတူပီ-မင္းတပ္လမ္းမႀကီး တေလွ်ာက္ စစ္ေရးလႈပ္ရွားမႈေတြေၾကာင့္ ေက်း႐ြာ ၅ ႐ြာက ေဒသခံ ၁,၀၀၀ ေက်ာ္ဟာ ေဘးလြတ္ရာကို ေျပးေရွာင္ေနရၿပီး လက္ရွိ အဲ့ဒီထဲက လူ ၃၀၀ ေလာက္ ဖ်ားနာေနတာလို႔ ေျပာပါတယ္။

“အေအးဒဏ္ေၾကာင့္လာမသိဘူး။ ေအးတာေတာ့ ေတာ္ေတာ္ေအးတာေပါ့ေနာ္။ ၿပီးေတာ့ ႏွာေစး၊ ေခ်ာင္းဆိုးတဲ့သူေတြ ပိုပိုၿပီးေတာ့ မ်ားလာတယ္။ ႏွာေစး ေခ်ာင္းဆိုးတဲ့ သူေတြက်ေတာ့ အားလုံးလိုလိုျဖစ္တာေပါ့ေနာ္။ ဖ်ားနာတဲ့သူေတြေတာ့ ၃၀၀ ေလာက္ေတာ့ ရွိမယ္ ထင္တယ္။ ၿပီးခဲ့တဲ့လမွာ ႏွာေစးတယ္။ ဖ်ားလည္း ဖ်ားတယ္။ ၿပီးေတာ့ ႏွာလည္း ေစးတယ္။ အနံ႔လည္းမရဘူး။ ၿပီးေတာ့ စားခ်င္စိတ္လည္း မရွိတဲ့အခ်ိန္မွာ ေျပာရရင္ေတာ့ ဒီမွာ စစ္တဲ့ ကိရိယာေတြလည္း မရွိဘူး။”

ဇန္နဝါရီလကတည္းက ေခ်ာင္းဆိုး၊ ဖ်ားနာၿပီး အနံ႔ေပ်ာက္သူေတြ ရွိေနေပမယ့္ ကိုဗစ္ရွိ မရွိ စစ္ေဆးေပးႏိုင္ျခင္းမရွိေသးဘူးလို႔ ေျပာပါတယ္။

ယာယီဒုကၡသည္စခန္းေတြမွာ လူဦးေရ မ်ားျပားတာမို႔ စစ္ေျပးဒုကၡသည္ေတြၾကား တဦးနဲ႔ တဦး ခပ္ခြာခြာေနထိုင္ဖို႔ မလြယ္ကူႏိုင္ဘူးလို႔ ပရဟိတအကူအညီေပးသူေတြက ေျပာပါတယ္။ စစ္ေဘးဒုကၡသည္ေတြအတြက္ စားေရး ေသာက္ေရးအျပင္ ေဆးဝါးေတြလည္း မရွိသေလာက္ ျဖစ္ေနၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈ အထူးလိုအပ္ေနၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ တတိယလႈိင္းၿပီးခ်ိန္ ၿပီးခဲ့တဲ့လေတြအတြင္း ကိုဗစ္အတည္ျပဳလူနာ ၁ ေန႔ကို ၁၀၀ ဝန္းက်င္ေလာက္သာရွိခဲ့ပါတယ္။ ဒါေပမဲ့ Omicron ကိုဗစ္ပိုးသစ္ကူးစက္သူေတြရွိလာခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ၇ ရက္ကေတာ့ အတည္ျပဳလူနာ ၅၀၀ ေက်ာ္အထိ တိုးလာခဲ့ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္အရ ျပည္တြင္း Omicron ကူးစက္သူ ၈၄ ေယာက္ရွိၿပီး၊ က်န္တဲ့ Omicron အတည္ျပဳလူနာ ၃၄၀ ေက်ာ္က ႏိုင္ငံျခားက ျပန္လာၾကသူေတြျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ရှမ်းနဲ့ ကယားဒေသ စစ်ဘေးရှောင်တွေအကြား ကိုဗစ်ကူးစက်မှုစိုးရိမ်ရ


ကိုဗစ်ကပ်အတည်ပြုလူနာ အခုရက်ပိုင်း ပြန်များလာတဲ့ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေကြား နေထိုင်မကောင်းဖြစ်သူ တော်တော် များများ ရှိလာတယ်လို့ ပရဟိတကူညီပေးသူတွေ ပြောပါတယ်။ ကိုယ်ပူ၊ ချောင်းဆိုးစတဲ့ ကိုဗစ်ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေပြပေမယ့် ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးနိုင်ဖို့ အခက်အခဲတွေရှိနေကြသလို ရောဂါမပျံ့အောင် ကာကွယ်နေထိုင်ဖို့လည်း မလွယ်ကြပါဘူး။ ခုလိုဖြစ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဆောင်းရာသီ ချမ်းအေးတဲ့ကာလမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့က နေရာထိုင်ခင်း မပြည့်စုံတဲ့ စစ်ဘေးဒုက္ခသည်တွေကြား နှာစေး၊ ချောင်းဆိုး၊ ဖျားနာနေသူတွေ ပိုမိုများပြားလာတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေကြသူတွေက ပြောပါတယ်။ လွိုင်ကော်မြို့နယ်ဘက်က ထွက်ပြေးလာပြီး ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်ထဲမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကြား ကိုဗစ်အတည်ပြုလူနာ ၂ ဦးတွေ့ရှိတယ်လို့ ပရဟိတကူညီပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။

“လက်ရှိတော့ တော်တော်ဖြစ်တယ်ဗျ။ အဲ့ဒီဖျားနာတဲ့လူတွေ၊ ချောင်းဆိုးတဲ့လူတွေ ရှိတယ်ဗျ။ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်ဗျ၊ ဖြစ်တယ်ဆိုတာလည်း ကျနော်တို့စခန်းမှာက သံမံတလင်းပေါ်မှာပဲ အိပ်တဲ့အခါကျတော့ အေးတာလည်း ပါတာပေါ့နော်။ လောလောဆယ်ဆယ် ကျနော်တို့လည်း မစစ်နိုင်သေးဘူးဗျ။ စစ်နိုင်ဖို့အတွက်လည်း ခက်ခဲတာပေါ့ဗျ။ ခက်ခဲတော့ ကျနော်တို့စခန်းမှာ ဟိုနေ့ စစ်လိုက်တာ ၂ ယောက် ပေါ်သွားတယ်။ ပေါ်သွားတော့ သူတို့ကို ဆေးရုံပို့တယ်။ သူနဲ့ contacts ပါသူတွေကတော့ ကျနော်တို့ ခွဲပေးထားပြီး သီးသန့်ထားပေးလိုက်တယ်။”

ဆီဆိုင်မြို့နယ်ထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် ၂ သောင်းလောက်ရှိတယ်လို့ သူကပြောပါတယ်။ ဒုက္ခသည် ၃၀% လောက် ကိုဗစ်ကပ်ရောဂါလက္ခဏာနဲ့ ဖျားနာနေကြပေမဲ့ ကပ်ရောဂါ ဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့ အခက်အခဲဖြစ်နေတာကြောင့် ဒီထက်မက ကူးစက်လာမှာကို စိုးရိမ်နေကြပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်ပစ်ထွက်ပြေးနေကြရတဲ့ ချင်းပြည်နယ် မတူပီမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကြားမှာလည်း ချောင်းဆိုး၊ ဖျားနာ၊ မကျန်းမမာဖြစ်နေသူတွေ ပိုမိုများလာတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။ မတူပီ-မင်းတပ်လမ်းမကြီး တလျှောက် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ ၁,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ပြေးရှောင်နေရပြီး လက်ရှိ အဲ့ဒီထဲက လူ ၃၀၀ လောက် ဖျားနာနေတာလို့ ပြောပါတယ်။

“အအေးဒဏ်ကြောင့်လာမသိဘူး။ အေးတာတော့ တော်တော်အေးတာပေါ့နော်။ ပြီးတော့ နှာစေး၊ ချောင်းဆိုးတဲ့သူတွေ ပိုပိုပြီးတော့ များလာတယ်။ နှာစေး ချောင်းဆိုးတဲ့ သူတွေကျတော့ အားလုံးလိုလိုဖြစ်တာပေါ့နော်။ ဖျားနာတဲ့သူတွေတော့ ၃၀၀ လောက်တော့ ရှိမယ် ထင်တယ်။ ပြီးခဲ့တဲ့လမှာ နှာစေးတယ်။ ဖျားလည်း ဖျားတယ်။ ပြီးတော့ နှာလည်း စေးတယ်။ အနံ့လည်းမရဘူး။ ပြီးတော့ စားချင်စိတ်လည်း မရှိတဲ့အချိန်မှာ ပြောရရင်တော့ ဒီမှာ စစ်တဲ့ ကိရိယာတွေလည်း မရှိဘူး။”

ဇန်နဝါရီလကတည်းက ချောင်းဆိုး၊ ဖျားနာပြီး အနံ့ပျောက်သူတွေ ရှိနေပေမယ့် ကိုဗစ်ရှိ မရှိ စစ်ဆေးပေးနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

ယာယီဒုက္ခသည်စခန်းတွေမှာ လူဦးရေ များပြားတာမို့ စစ်ပြေးဒုက္ခသည်တွေကြား တဦးနဲ့ တဦး ခပ်ခွာခွာနေထိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ ပရဟိတအကူအညီပေးသူတွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် စားရေး သောက်ရေးအပြင် ဆေးဝါးတွေလည်း မရှိသလောက် ဖြစ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှု အထူးလိုအပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းပြီးချိန် ပြီးခဲ့တဲ့လတွေအတွင်း ကိုဗစ်အတည်ပြုလူနာ ၁ နေ့ကို ၁၀၀ ဝန်းကျင်လောက်သာရှိခဲ့ပါတယ်။ ဒါပေမဲ့ Omicron ကိုဗစ်ပိုးသစ်ကူးစက်သူတွေရှိလာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်ကတော့ အတည်ပြုလူနာ ၅၀၀ ကျော်အထိ တိုးလာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ပြည်တွင်း Omicron ကူးစက်သူ ၈၄ ယောက်ရှိပြီး၊ ကျန်တဲ့ Omicron အတည်ပြုလူနာ ၃၄၀ ကျော်က နိုင်ငံခြားက ပြန်လာကြသူတွေဖြစ်ကြပါတယ်။
==========

XS
SM
MD
LG