သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္ခံရဖူးသူ ထပ္ကူးႏုိင္တဲ့အႏၲရာယ္ WHO သတိေပး


ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာၿမိဳ႕ရွိ WHO ႐ုံးခ်ဳပ္။ (ေဖေဖာ္ဝါရီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ေရာဂါ ကူးစက္ခံရာကေန ေနျပန္ေကာင္းလာၿပီး Antibodies ပဋိလႈံ႔တုံ႔ျပန္ပစၥည္း ရွိလာသူေတြ ေနာက္တခါ ေရာဂါပိုး မကူးႏိုင္ဘူးဆိုတဲ့ အေထာက္အထား ေလာေလာဆယ္ မေတြ႔ရဘူးလို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔က ဧၿပီလ ၂၅ ရက္ စေနေန႔မွာ ေျပာၾကားသြားပါတယ္။

ေရာဂါပိုး ကူးစက္ခံၿပီးသူေတြမွာ အႏၱရာယ္မရွိေတာ့ဘူး ဆိုတာမ်ဳိး၊ ေရာဂါပိုးကို ခံႏိုင္ရည္စြမ္း ရွိသြားၿပီဆုိတာမ်ဳိး လက္မွတ္ေတြထုတ္ေပးဖို႔ တခ်ဳိ႕ႏိုင္ငံေတြ စဥ္းစားေနတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး WHO က ေၾကညာခ်က္ထဲမွာ သတိေပးထားပါတယ္။

အဲဒီလိုလုပ္မယ္ဆိုရင္ လူေတြက အမ်ားသတိေပးခ်က္ေတြကို မ်က္ကြယ္ျပဳထားလိုက္ႏုိင္လို႔ ေရာဂါပိုးကူးစက္မႈ ပိုမ်ားလာႏိုင္တယ္လို႔ ေျပာတာပါ။

ခ်ီလီႏုိင္ငံမွာ ေနျပန္ေကာင္းလာသူေတြကို ေနျပန္ေကာင္းလာေၾကာင္း လက္မွတ္ေတြ စၿပီး ထုတ္ေပးေတာ့မယ္လို႔ အရင္တပတ္ကပဲ ေျပာသြားပါတယ္။

နာလံထလာတဲ့ လူနာေတြကို ေဆးစစ္ၿပီး သူတို႔မွာ ပဋိလႈံ႔တုံ႔ျပန္ပစၥည္းရွိတယ္ဆိုတာ အတည္ျပဳႏိုင္ရင္ လုပ္ငန္းခြင္ကို ခ်က္ခ်င္းျပန္ဝင္ႏိုင္ၿပီလို႔ ခ်ီလီႏိုင္ငံမွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

COVID-19 ကူးစက်ခံရဖူးသူ ထပ်ကူးနိုင်တဲ့အန္တရာယ် WHO သတိပေး

COVID-19 ရောဂါ ကူးစက်ခံရာကနေ နေပြန်ကောင်းလာပြီး Antibodies ပဋိလှုံ့တုံ့ပြန်ပစ္စည်း ရှိလာသူတွေ နောက်တခါ ရောဂါပိုး မကူးနိုင်ဘူးဆိုတဲ့ အထောက်အထား လောလောဆယ် မတွေ့ရဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီလ ၂၅ ရက် စနေနေ့မှာ ပြောကြားသွားပါတယ်။

ရောဂါပိုး ကူးစက်ခံပြီးသူတွေမှာ အန္တရာယ်မရှိတော့ဘူး ဆိုတာမျိုး၊ ရောဂါပိုးကို ခံနိုင်ရည်စွမ်း ရှိသွားပြီဆိုတာမျိုး လက်မှတ်တွေထုတ်ပေးဖို့ တချို့နိုင်ငံတွေ စဉ်းစားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး WHO က ကြေညာချက်ထဲမှာ သတိပေးထားပါတယ်။

အဲဒီလိုလုပ်မယ်ဆိုရင် လူတွေက အများသတိပေးချက်တွေကို မျက်ကွယ်ပြုထားလိုက်နိုင်လို့ ရောဂါပိုးကူးစက်မှု ပိုများလာနိုင်တယ်လို့ ပြောတာပါ။

ချီလီနိုင်ငံမှာ နေပြန်ကောင်းလာသူတွေကို နေပြန်ကောင်းလာကြောင်း လက်မှတ်တွေ စပြီး ထုတ်ပေးတော့မယ်လို့ အရင်တပတ်ကပဲ ပြောသွားပါတယ်။

နာလံထလာတဲ့ လူနာတွေကို ဆေးစစ်ပြီး သူတို့မှာ ပဋိလှုံ့တုံ့ပြန်ပစ္စည်းရှိတယ်ဆိုတာ အတည်ပြုနိုင်ရင် လုပ်ငန်းခွင်ကို ချက်ချင်းပြန်ဝင်နိုင်ပြီလို့ ချီလီနိုင်ငံမှာ ပြောထားပါတယ်။

XS
SM
MD
LG