သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ပိုးမူလဇစ္ျမစ္ဆိုင္ရာ အခ်က္အလက္ေတြဖြင့္ခ်ဖို႔ WHO တိုက္တြန္း


New 3D Model Gives Inside Look into COVID-19 Virus

{{Zawgyi/Unicode}}

Covid-19 ကူးစက္ေရာဂါစတင္ျဖစ္ပြားရာ မူလဇစ္ျမစ္နဲ႔ပတ္သက္လို႔ ႏိုင္ငံအားလုံးက စုံစမ္းသိရွိထားသမွ်ေတြ ထုတ္ေဖာ္ေျပာဆိုဖို႔ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေတာင္းဆိုလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ဓာတ္ခြဲခန္းတခုကေန စတင္ခဲ့တယ္လို႔ အေမရိကန္ကစြပ္စြဲခဲ့တာကို တ႐ုတ္ဘက္က ေဒါသတႀကီး ျငင္းဆိုအၿပီးမွာ အခုလို WHO က ေတာင္းဆိုခဲ့တာပါ။

ဒီလို WHO နဲ႔ ႏိုင္ငံတကာအသိုင္းအဝန္းကို သတင္းအလက္အခ်က္ေတြ ေဝမွ်ဖို႔ ေတာင္းဆိုတာက အျပစ္တင္ဖို႔မဟုတ္ဘဲ ဒီကပ္ေရာဂါ ဘယ္လို စတင္ခဲ့သလဲဆိုတာနားလည္လာၿပီး ေနာင္မွာ အလားတူကူးစက္ေရာဂါ၊ ကပ္ေရာဂါေတြကို ႀကိဳတင္ ျပင္ဆင္ ကာကြယ္ တိုက္ဖ်က္ႏိုင္မွာ ျဖစ္တယ္လို႔ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို FBI ရဲ႕ အကဲျဖတ္ခ်က္အရ "ဒီေရာဂါဟာ ဝူဟန္က ဓာတ္ခြဲခန္းမေတာ္တဆျဖစ္မႈက စတင္ခဲ့တာျဖစ္ႏိုင္ေျခအရွိဆုံးပဲ" လို႔ FBI ၫႊန္ၾကားေရးမႉး Christopher Wray က သိပ္မၾကာခင္က မီဒီယာကို ထုတ္ေျပာခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္အသစ္ရဲ႕ ပထမဆုံးကူးစက္မႈကို ဗိုင္းရပ္စ္သုေတသနဓာတ္ခြဲခန္းရွိတဲ့ ဝူဟန္မွာ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းမွာ စတင္ ေတြ႕ရွိခဲ့ပါတယ္။

တ႐ုတ္အာဏာပိုင္ေတြဘက္ကေတာ့ အဲဒီလို FBI ရဲ႕ ေျပာၾကားခ်က္ကို ပယ္ခ်ၿပီး တ႐ုတ္ႏိုင္ငံကို အပုပ္ခ်တဲ့ဝါဒျဖန႔္ခ်ီတာလို႔ တန္ျပန္ခဲ့ပါတယ္။

WHO ကေတာ့ ကပ္ေရာဂါရဲ႕ဇစ္ျမစ္ကိုေဖာ္ထုတ္ႏိုင္ေရး လက္မေလွ်ာ့ေသးဘူးလို႔ ေျပာၿပီး တ႐ုတ္ႏိုင္ငံကိုလည္း အခ်က္အလက္ေတြ မွ်ေဝရာမွာ ပြင့္လင္းျမင္သာမႈရွိဖို႔နဲ႔ လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ၿပီး ရလဒ္ေတြကို မွ်ေဝေပးဖို႔ ဆက္လက္ေတာင္းဆိုေနတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ဒီကိစၥကို ႏိုင္ငံေရးအျဖစ္ပုံေဖာ္ေနရင္ ေရာဂါရဲ႕မူလအစကို သိပၸံနည္းက် ရွာေဖြဖို႔ပိုမိုခက္ခဲေစၿပီး ကမာၻႀကီး ေဘးကင္းႏိုင္မယ့္အေရးကလည္း ေဝးေနမယ္ လို႔ ‌WHO က ေျပာပါတယ္။

လက္ရွိမွာေတာ့ WHO က တာဝန္ရွိသူေတြဟာ အေမရိကန္က ေတြ႕ရွိထားတဲ့ ေနာက္ထပ္အခ်က္အလက္ေတြအတြက္ သိႏိုင္ဖို႔ ဂ်ီနီဗာရွိ အေမရိကန္မစ္ရွင္ထံ ဆက္သြယ္ထားတယ္ ဆိုပါတယ္။

အေမရိကန္ဘက္က စြပ္စြဲထားသလို တ႐ုတ္ဓာတ္ခြဲခန္းက စတင္ခဲ့တယ္ဆိုတဲ့ အစီရင္ခံစာေတြရဲ႕အေျခခံ ကိုးကားထားတဲ့အခ်က္အလက္ ေဒတာေတြကို WHOက ၾကည့္ခြင့္မရေသးပါဘူး။

ကမာၻတဝန္းမွာ Covid-19 ေၾကာင့္ ေသဆုံးသူ ၆.၈ သန္းေက်ာ္နဲ႔ အတည္ျပဳလူနာ ၇၅၈ သန္းေက်ာ္ ရွိတယ္လို႔ WHO က မွတ္တမ္းျပဳစုထားႏိုင္ၿပီး အမွန္တကယ္ေသဆုံးသူအေရအတြက္က ဒီထက္ပိုတယ္လို႔ WHO က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

ကိုဗစ်ပိုးမူလဇစ်မြစ်ဆိုင်ရာ အချက်အလက်တွေဖွင့်ချဖို့ WHO တိုက်တွန်း

Covid-19 ကူးစက်ရောဂါစတင်ဖြစ်ပွားရာ မူလဇစ်မြစ်နဲ့ပတ်သက်လို့ နိုင်ငံအားလုံးက စုံစမ်းသိရှိထားသမျှတွေ ထုတ်ဖော်ပြောဆိုဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ဓာတ်ခွဲခန်းတခုကနေ စတင်ခဲ့တယ်လို့ အမေရိကန်ကစွပ်စွဲခဲ့တာကို တရုတ်ဘက်က ဒေါသတကြီး ငြင်းဆိုအပြီးမှာ အခုလို WHO က တောင်းဆိုခဲ့တာပါ။

ဒီလို WHO နဲ့ နိုင်ငံတကာအသိုင်းအဝန်းကို သတင်းအလက်အချက်တွေ ဝေမျှဖို့ တောင်းဆိုတာက အပြစ်တင်ဖို့မဟုတ်ဘဲ ဒီကပ်ရောဂါ ဘယ်လို စတင်ခဲ့သလဲဆိုတာနားလည်လာပြီး နောင်မှာ အလားတူကူးစက်ရောဂါ၊ ကပ်ရောဂါတွေကို ကြိုတင် ပြင်ဆင် ကာကွယ် တိုက်ဖျက်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ အကဲဖြတ်ချက်အရ "ဒီရောဂါဟာ ဝူဟန်က ဓာတ်ခွဲခန်းမတော်တဆဖြစ်မှုက စတင်ခဲ့တာဖြစ်နိုင်ခြေအရှိဆုံးပဲ" လို့ FBI ညွှန်ကြားရေးမှူး Christopher Wray က သိပ်မကြာခင်က မီဒီယာကို ထုတ်ပြောခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်အသစ်ရဲ့ ပထမဆုံးကူးစက်မှုကို ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်းရှိတဲ့ ဝူဟန်မှာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စတင် တွေ့ရှိခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဘက်ကတော့ အဲဒီလို FBI ရဲ့ ပြောကြားချက်ကို ပယ်ချပြီး တရုတ်နိုင်ငံကို အပုပ်ချတဲ့ဝါဒဖြန့်ချီတာလို့ တန်ပြန်ခဲ့ပါတယ်။

WHO ကတော့ ကပ်ရောဂါရဲ့ဇစ်မြစ်ကိုဖော်ထုတ်နိုင်ရေး လက်မလျှော့သေးဘူးလို့ ပြောပြီး တရုတ်နိုင်ငံကိုလည်း အချက်အလက်တွေ မျှဝေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီး ရလဒ်တွေကို မျှဝေပေးဖို့ ဆက်လက်တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီကိစ္စကို နိုင်ငံရေးအဖြစ်ပုံဖော်နေရင် ရောဂါရဲ့မူလအစကို သိပ္ပံနည်းကျ ရှာဖွေဖို့ပိုမိုခက်ခဲစေပြီး ကမ္ဘာကြီး ဘေးကင်းနိုင်မယ့်အရေးကလည်း ဝေးနေမယ် လို့ ‌WHO က ပြောပါတယ်။

လက်ရှိမှာတော့ WHO က တာဝန်ရှိသူတွေဟာ အမေရိကန်က တွေ့ရှိထားတဲ့ နောက်ထပ်အချက်အလက်တွေအတွက် သိနိုင်ဖို့ ဂျီနီဗာရှိ အမေရိကန်မစ်ရှင်ထံ ဆက်သွယ်ထားတယ် ဆိုပါတယ်။

အမေရိကန်ဘက်က စွပ်စွဲထားသလို တရုတ်ဓာတ်ခွဲခန်းက စတင်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေရဲ့အခြေခံ ကိုးကားထားတဲ့အချက်အလက် ဒေတာတွေကို WHOက ကြည့်ခွင့်မရသေးပါဘူး။

ကမ္ဘာတဝန်းမှာ Covid-19 ကြောင့် သေဆုံးသူ ၆.၈ သန်းကျော်နဲ့ အတည်ပြုလူနာ ၇၅၈ သန်းကျော် ရှိတယ်လို့ WHO က မှတ်တမ်းပြုစုထားနိုင်ပြီး အမှန်တကယ်သေဆုံးသူအရေအတွက်က ဒီထက်ပိုတယ်လို့ WHO က ဆိုပါတယ်။

XS
SM
MD
LG