{{Zawgyi/Unicode}}
႐ိုဟင္ဂ်ာေထာင္ဂဏန္း အိမ္ယာမဲ့ျဖစ္ခဲ့ရတဲ့ ႐ိုဟင္ဂ်ာစခန္းတြင္းမီးေလာင္မႈဟာ တမင္စီစဥ္ေဆာင္႐ြက္တဲ့အဖ်က္လုပ္ရပ္ျဖစ္တယ္လို႔ စုံစမ္းေရးအဖြဲ႕က တနဂၤေႏြေန႔က ေျပာပါတယ္။ အခုႏွစ္ မတ္လ ၅ ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းတြင္း မီးေလာင္လို႔ လူေနအိမ္ေျခ ၂,၈၀၀ ေလာက္နဲ႔ ေဆး႐ုံေဆးခန္းနဲ႔ စာသင္ေက်ာင္းအပါအဝင္ အေဆာက္အဦး ၉၀ ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။
ဒုကၡသည္ တေသာင္းႏွစ္ေထာင္ေက်ာ္လည္း ေနစရာမဲ့ခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာအေနာက္ျခမ္းရခိုင္ျပည္နယ္တြင္းက စစ္ဆင္ေရးေတြေၾကာင့္ထြက္ေျပးလာရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ တသန္းနီးပါးဟာ ဘဂၤလာေဒ့ရ္ွနယ္စပ္ Cox's Bazar ခ႐ိုင္အတြင္း စခန္းေတြမွာ ဝါး၊ ပလစ္စတစ္အခင္းေတြနဲ႔လုပ္ထားတဲ့တဲေတြနဲ႔ ေနထိုင္ေနရတာပါ။
မီးေလာင္မႈဟာ ရႈိ႕မီးျဖစ္တယ္လို႔ ၇ ဦးပါ စုံစမ္းေရးအဖြဲ႕ေခါင္းေဆာင္ အႀကီးတန္းခ႐ိုင္အစိုးရတာဝန္ရွိသူ Abu Sufian က ႐ိုက္တာကို ဖုံးကတဆင့္ ေျပာပါတယ္။ တခ်ိန္တည္း တၿပိဳင္တည္းမွာ ေနရာအေတာ္မ်ားမ်ားမွာ မီးေလာင္ခဲ့တာျဖစ္ၿပီး စစ္ေသြးႂကြအုပ္စုေတြက စခန္းအတြင္း ဩဇာထူေထာင္ဖို႔ တမင္စီစဥ္ေဆာင္႐ြက္မႈျဖစ္တယ္လို႔လည္း ခ႐ိုင္တာဝန္ရွိသူကေျပာပါတယ္။ ဘယ္အဖြဲ႕လဲဆိုတာကိုေတာ့ နာမည္ထုတ္မေျပာပါဘူး။
ဥပေဒစိုးမိုးေရးဆိုင္ရာအဖြဲ႕အစည္းေတြအေနနဲ႔ ေနာက္ကြယ္က ေဆာင္႐ြက္ေနသူကို ေဖာ္ထုတ္စုံစမ္းဖို႔ အႀကံျပဳထားတယ္လို႔လည္း ေျပာပါတယ္။ မ်က္ျမင္သက္ေသ ၁၅၀ ေလာက္ဆီက အခ်က္အလက္ေတြအေျခခံၿပီး စုံစမ္းေရးအစီရင္ခံစာထုတ္ခဲ့တာလို႔ ေျပာပါတယ္။ ႐ိုဟင္ဂ်ာစခန္းေတြအတြင္း သီးျခားမီးသတ္အဖြဲ႕ေတြထားဖို႔လည္း စုံစမ္းေရးအဖြဲ႕က အႀကံျပဳထားပါတယ္။ အစီရင္ခံစာ အႀကံျပဳခ်က္ေတြထဲမွာေတာ့ ဒုကၡသည္စခန္းအတြင္း ရပ္ကြက္ေတြမွာ မီးသတ္ကားသြားလာႏိုင္ေလာက္တဲ့ လမ္းက်ယ္က်ယ္ဝန္းဝန္းရွိဖို႔၊ ေရေလွာင္ကန္ေတြထားဖို႔နဲ႔ ေနအိမ္ေတြေဆာက္လုပ္ရာမွာ ေလာင္စာနည္းတဲ့ပစၥည္းေတြအသုံးျပဳဆိုတာေတြလည္း ပါဝင္ပါတယ္။
၂၀၂၁ ခုႏွစ္ မတ္လတုန္းကလည္း ႐ိုဟင္ဂ်ာဒုကၡသည္းစခန္းတြင္း မီးေလာင္မႈမွာ လူ ၁၅ ဦးထက္မနည္း ေသဆုံးၿပီး ဒုကၡသည္ တေသာင္းေက်ာ္ ေနစရာမဲ့ျဖစ္ခဲ့ပါတယ္။
=====================
{{Unicode}}
ရိုဟင်ဂျာဒုက္ခသည်စခန်း လောင်ကျွမ်းမှု "ရှို့မီး" ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့သတ်မှတ်
ရိုဟင်ဂျာထောင်ဂဏန်း အိမ်ယာမဲ့ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာစခန်းတွင်းမီးလောင်မှုဟာ တမင်စီစဉ်ဆောင်ရွက်တဲ့အဖျက်လုပ်ရပ်ဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။ အခုနှစ် မတ်လ ၅ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်လို့ လူနေအိမ်ခြေ ၂,၈၀၀ လောက်နဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၉၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒုက္ခသည် တသောင်းနှစ်ထောင်ကျော်လည်း နေစရာမဲ့ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မြန်မာအနောက်ခြမ်းရခိုင်ပြည်နယ်တွင်းက စစ်ဆင်ရေးတွေကြောင့်ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးဟာ ဘင်္ဂလာဒေ့ရ်ှနယ်စပ် Cox's Bazar ခရိုင်အတွင်း စခန်းတွေမှာ ဝါး၊ ပလစ်စတစ်အခင်းတွေနဲ့လုပ်ထားတဲ့တဲတွေနဲ့ နေထိုင်နေရတာပါ။
မီးလောင်မှုဟာ ရှို့မီးဖြစ်တယ်လို့ ၇ ဦးပါ စုံစမ်းရေးအဖွဲ့ခေါင်းဆောင် အကြီးတန်းခရိုင်အစိုးရတာဝန်ရှိသူ Abu Sufian က ရိုက်တာကို ဖုံးကတဆင့် ပြောပါတယ်။ တချိန်တည်း တပြိုင်တည်းမှာ နေရာအတော်များများမှာ မီးလောင်ခဲ့တာဖြစ်ပြီး စစ်သွေးကြွအုပ်စုတွေက စခန်းအတွင်း ဩဇာထူထောင်ဖို့ တမင်စီစဉ်ဆောင်ရွက်မှုဖြစ်တယ်လို့လည်း ခရိုင်တာဝန်ရှိသူကပြောပါတယ်။ ဘယ်အဖွဲ့လဲဆိုတာကိုတော့ နာမည်ထုတ်မပြောပါဘူး။
ဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ နောက်ကွယ်က ဆောင်ရွက်နေသူကို ဖော်ထုတ်စုံစမ်းဖို့ အကြံပြုထားတယ်လို့လည်း ပြောပါတယ်။ မျက်မြင်သက်သေ ၁၅၀ လောက်ဆီက အချက်အလက်တွေအခြေခံပြီး စုံစမ်းရေးအစီရင်ခံစာထုတ်ခဲ့တာလို့ ပြောပါတယ်။ ရိုဟင်ဂျာစခန်းတွေအတွင်း သီးခြားမီးသတ်အဖွဲ့တွေထားဖို့လည်း စုံစမ်းရေးအဖွဲ့က အကြံပြုထားပါတယ်။ အစီရင်ခံစာ အကြံပြုချက်တွေထဲမှာတော့ ဒုက္ခသည်စခန်းအတွင်း ရပ်ကွက်တွေမှာ မီးသတ်ကားသွားလာနိုင်လောက်တဲ့ လမ်းကျယ်ကျယ်ဝန်းဝန်းရှိဖို့၊ ရေလှောင်ကန်တွေထားဖို့နဲ့ နေအိမ်တွေဆောက်လုပ်ရာမှာ လောင်စာနည်းတဲ့ပစ္စည်းတွေအသုံးပြုဆိုတာတွေလည်း ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လတုန်းကလည်း ရိုဟင်ဂျာဒုက္ခသည်းစခန်းတွင်း မီးလောင်မှုမှာ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒုက္ခသည် တသောင်းကျော် နေစရာမဲ့ဖြစ်ခဲ့ပါတယ်။
-==================