အၾကမ္းဖက္မႈစဲြခ်က္နဲ႔ ျမန္မာသတင္းသမားေတြအေပၚ အေရးယူတဲ့အေပၚ CPJ ေ၀ဖန္
{{Zawgyi/Unicode}}
ျမန္မာအာဏာပိုင္ေတြက သတင္းသမားေတြကို အၾကမ္းဖက္မႈ စြဲခ်က္ေတြနဲ႔ မဟုတ္မမွန္ စြဲဆိုၿပီး ေထာင္ခ်ေနတာေတြ ရပ္တန္႔ဖို႔ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႔ CPJ က တနလာၤေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ ျမစ္၀ကၽြန္းေပၚ အေျခစိုက္ အလြတ္သတင္းေထာက္ ကိုမ်ိဳးစံစိုး ကို အၾကမ္းဖက္မႈဆိုင္ရာ စြဲခ်က္ေတြနဲ႔ ဖ်ာပံု အက်ဥ္းေထာင္ တရားရံုးက ေထာင္ဒဏ္ ၁၅ ႏွစ္ ခ်မွတ္ခဲ့ၿပီးေနာက္ CPJ က ေတာင္းဆိုလိုက္တာပါ။
ကိုမ်ဳိးစံစိုး အပါအ၀င္ ဖမ္းဆီးခံ သတင္းသမားေတြ ႁခြင္းခ်က္မရွိ ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔လည္း CPJ က ေတာင္းဆိုပါတယ္။ ႏို၀င္ဘာလ ၃၀ ရက္ေန႔က အလြတ္သတင္းေထာက္ ကိုမ်ိဳးစံစိုးကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၀(ည) အတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္ နဲ႔ ပုဒ္မ ၅၂(က)အတြက္ ေထာင္ဒဏ္ ၅ႏွစ္ စုစုေပါင္း ၁၅ ႏွစ္ ခ်မွတ္ခဲ့တာလို႔ သူ႔ရဲ႕မိတ္ေဆြတဦးရဲ႕ အေျပာကို ကိုးကားၿပီး Delta News Agency က ေဖာ္ျပပါတယ္။
Delta News Agency ရဲ႕ သတင္းေထာက္ေဟာင္း ျဖစ္ၿပီး အလြတ္သတင္းေထာက္ လုပ္ေနတဲ႔ ကိုမ်ိဳးစံစိုးကိုေတာ့ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လ အတြင္း ဖ်ာပံုမွာ ဖမ္းဆီးခဲ႔တာ ျဖစ္ေၾကာင္းလည္း CPJ က ေဖာ္ျပထားပါတယ္။ Delta News Agency ကိုလည္း အာဏာပိုင္တို႔က တားျမစ္ထားၿပီး အယ္ဒီတာေတြကိုလည္း အမႈဖြင့္ထားတာေၾကာင့္ ကရင္ျပည္နယ္တြင္းက လြတ္ေျမာက္နယ္ေျမမွာ ေရႊ႕ေျပာင္းၿပီး အလုပ္လုပ္ေနရတယ္လို႔လည္း Delta News Agency က ၀န္ထမ္း တဦးကို ကိုးကားၿပီး CPJ က ေဖာ္ျပပါတယ္။
ကိုမ်ိဳးစံစိုး အေပၚ ျပစ္ဒဏ္ခ်မွတ္မႈ၊ အက်ဥ္းေထာင္ အေျခအေနနဲ႔ ပတ္သက္ၿပီး ျပန္ၾကားေရး ၀န္ႀကီးဌာနကို CPJ က အီေမးလ္နဲ႔ ဆက္သြယ္ ေမးျမန္းေပမဲ႔လည္း အေၾကာင္း မျပန္ဘူးလို႔လည္း CPJ က ေဖာ္ျပပါတယ္။ သတင္းသမားေတြကို ေထာင္ခ်တဲ႔ ကမ ၻာတ၀န္း အဆိုးရြားဆံုး ႏိုင္ငံမ်ား စာရင္းမွာ တ႐ုတ္ၿပီးရင္ ျမန္မာက ဒုတိယ ေနရာမွာ ရွိေနေၾကာင္း၊ CPJ က ျပဳစုထားတဲ႔ ၂၀၂၁ ခုႏွစ္ အက်ဥ္းေထာင္ စစ္တမ္း အရ အနည္းဆံုး သတင္းမား ၂၆ ဦး ေထာင္ခ်ခံထားရဆဲ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။ လာမယ့္ ဒီဇင္ဘာ ၁၄ ရက္မွာ CPJ ရဲ႕ ၂၀၂၂ ခုႏွစ္ အက်ဥ္းေထာင္ စစ္တမ္းကို ထုတ္ျပန္ဖို႔လည္း ရွိပါတယ္။
အကြမ်းဖက်မှုစွဲချက်နဲ့ မြန်မာသတင်းသမားတွေအပေါ် အရေးယူတဲ့အပေါ် CPJ ဝေဖန်
{{Zawgyi/Unicode}}
မြန်မာအာဏာပိုင်တွေက သတင်းသမားတွေကို အကြမ်းဖက်မှု စွဲချက်တွေနဲ့ မဟုတ်မမှန် စွဲဆိုပြီး ထောင်ချနေတာတွေ ရပ်တန့်ဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က တနလာၤနေ့မှာ တောင်းဆိုလိုက်ပါတယ်။ မြစ်ဝကျွန်းပေါ် အခြေစိုက် အလွတ်သတင်းထောက် ကိုမျိုးစံစိုး ကို အကြမ်းဖက်မှုဆိုင်ရာ စွဲချက်တွေနဲ့ ဖျာပုံ အကျဉ်းထောင် တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပြီးနောက် CPJ က တောင်းဆိုလိုက်တာပါ။
ကိုမျိုးစံစိုး အပါအဝင် ဖမ်းဆီးခံ သတင်းသမားတွေ ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း CPJ က တောင်းဆိုပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က အလွတ်သတင်းထောက် ကိုမျိုးစံစိုးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) အတွက် ထောင်ဒဏ် ၁၀ နှစ် နဲ့ ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၅နှစ် စုစုပေါင်း ၁၅ နှစ် ချမှတ်ခဲ့တာလို့ သူ့ရဲ့မိတ်ဆွေတဦးရဲ့ အပြောကို ကိုးကားပြီး Delta News Agency က ဖော်ပြပါတယ်။
Delta News Agency ရဲ့ သတင်းထောက်ဟောင်း ဖြစ်ပြီး အလွတ်သတင်းထောက် လုပ်နေတဲ့ ကိုမျိုးစံစိုးကိုတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ အတွင်း ဖျာပုံမှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းလည်း CPJ က ဖော်ပြထားပါတယ်။ Delta News Agency ကိုလည်း အာဏာပိုင်တို့က တားမြစ်ထားပြီး အယ်ဒီတာတွေကိုလည်း အမှုဖွင့်ထားတာကြောင့် ကရင်ပြည်နယ်တွင်းက လွတ်မြောက်နယ်မြေမှာ ရွှေ့ပြောင်းပြီး အလုပ်လုပ်နေရတယ်လို့လည်း Delta News Agency က ဝန်ထမ်း တဦးကို ကိုးကားပြီး CPJ က ဖော်ပြပါတယ်။
ကိုမျိုးစံစိုး အပေါ် ပြစ်ဒဏ်ချမှတ်မှု၊ အကျဉ်းထောင် အခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနကို CPJ က အီမေးလ်နဲ့ ဆက်သွယ် မေးမြန်းပေမဲ့လည်း အကြောင်း မပြန်ဘူးလို့လည်း CPJ က ဖော်ပြပါတယ်။ သတင်းသမားတွေကို ထောင်ချတဲ့ ကမ ္ဘာတဝန်း အဆိုးရွားဆုံး နိုင်ငံများ စာရင်းမှာ တရုတ်ပြီးရင် မြန်မာက ဒုတိယ နေရာမှာ ရှိနေကြောင်း၊ CPJ က ပြုစုထားတဲ့ ၂၀၂၁ ခုနှစ် အကျဉ်းထောင် စစ်တမ်း အရ အနည်းဆုံး သတင်းမား ၂၆ ဦး ထောင်ချခံထားရဆဲ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၄ ရက်မှာ CPJ ရဲ့ ၂၀၂၂ ခုနှစ် အကျဉ်းထောင် စစ်တမ်းကို ထုတ်ပြန်ဖို့လည်း ရှိပါတယ်။