သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာ ဖိနှိပ်မှုတွေ အတွက် အရေးယူ မခံရတဲ့ စာရင်းမှာ မြန်မာပါဝင် 


မီဒီယာ ဖိနှိပ်မှုတွေ အတွက် အရေးယူ မခံရတဲ့ စာရင်းမှာ မြန်မာပါဝင် (CPJ)
မီဒီယာ ဖိနှိပ်မှုတွေ အတွက် အရေးယူ မခံရတဲ့ စာရင်းမှာ မြန်မာပါဝင် (CPJ)

သတင်းသမားတွေကို သတ်ဖြတ်တာ အပါအဝင် မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပေမဲ့ အပြစ်ပေး အရေးယူမခံရတဲ့ အဆိုးဆုံးနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလိုက်ပါတယ်။

မီဒီယာ ဖိနှိပ်မှုတွေ အတွက် အရေးယူ မခံရတဲ့ စာရင်းမှာ မြန်မာပါဝင်

{{Zawgyi/Unicode}}
သတင်းသမားတွေကို သတ်ဖြတ်တာ အပါအဝင် မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပေမဲ့ အပြစ်ပေး အရေးယူမခံရတဲ့ အဆိုးဆုံးနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလိုက်ပါတယ်။ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ရဲ့ ၂၀၂၂ ခုနှစ် အညွှန်းကိန်းမှာ ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရသူ ၃ ယောက် အပါအဝင် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမား ၅ ယောက် အသတ်ခံခဲ့ရကြောင်း ဖော်ပြခဲ့တာပါ။

သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ရှိပေမဲ့ အပြစ်ပေးအရေးယူမခံရတဲ့ စာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာသလို၊ သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေများတဲ့ နိုင်ငံတွေ စာရင်းမှာ အဆင့်တိုးလာတာတွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေနဲ့ သတင်းဖော်ပြဖို့ ကြိုးပမ်းသူတွေအပေါ် ဘယ်လောက်အထိ အပြင်းအထန် ဖိနှိပ်လာတယ်ဆိုတာ ပြသရာ ရောက်တယ်လို့လည်း CPJ အဖွဲ့ရဲ့ ဥက္ကဌ Jodie Ginsberg က VOA ကို ပြောပါတယ်။

CPJ ရဲ့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ သတင်းသမားတွေကို ဖမ်းဆီးမှု အများဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားတာပါ။

CPJ အညွှန်းကိန်းမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘာတလွှား သတင်းသမား ၂၆၃ ယောက် အသတ်ခံခဲ့ရပေမဲ့ အမှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးအတွက် အပြစ်ပေး အရေးယူခံရတာမျိုး မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

........................................


{{Zawgyi/Unicode}}




XS
SM
MD
LG