သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ၂ ႏွစ္ျပည့္ စည္းေ၀းပြဲ က်င္းပ


ျပည္ေထာင္စုလႊတ္ေတာ္ ပၪၥမအႀကိမ္အစည္းအေဝးအတြင္း ပါဝင္တက္ေရာက္ခဲ့သူတခ်ိဳ႕

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဖြဲ႕စည္းခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီရဲ ့ (၂) ႏွစ္တာ ကာလအတြင္း ေဆာင္ရြက္ခဲ့တဲ့လုပ္ငန္းစဥ္ နဲ ့ပတ္သက္လို ့ ျပည္ေထာင္စုလႊတ္ေတာ္ ပၪၥမအႀကိမ္အစည္းအေဝးကို ဇန္နဝါရီလ ၃၁ရက္ကေန ေဖေဖၚဝါရီလ(၂)ရက္ေန႔ အထိ ၃ရက္တာ က်င္းပခဲ့ပါတယ္။ လႊတ္ေတာ္ရဲ ့တရား၀င္မႈက ဆက္ၿပီးရွိေၾကာင္း ျပည္ေထာင္စုလြတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ေျပာဆိုခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာစစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဖြဲ႕စည္းခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီရဲ ့ (၂) ႏွစ္တာ ကာလအတြင္း ေဆာင္ရြက္ခဲ့တဲ့လုပ္ငန္းေတြနဲ႔ပတ္သက္လို ့အစည္းအေ၀းကို ဗီဒီယိုကြန႔္ဖရင့္ကေန တစ္ဆင့္ က်င္းပျပဳလုပ္ခဲ့တာပါ။ ဒါဟာလႊတ္ေတာ္ဟာ သူ ့ရဲ ့ပံုမွန္အလုပ္ေတြကိုဆက္ၿပီးလုပ္ေဆာင္ေနေၾကာင္းျမန္မာျပည္သူျပည္သားေတြနဲ႕ႏိုင္ငံတကာကိုအသိေပးခဲ့တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ရဲ ့ေျပာေရးဆိုခြင့္ရွိသူ ဦးစည္သူေမာင္ကအခုလိုေျပာပါတယ္။

"ဒီလႊတ္ေတာ္ကိုက်င္းပရတာကေတာ့ စစ္အုပ္စု မတရားလက္နက္အားကုိးနဲ႔ဖ်က္သိမ္းလိုက္လို ့မပ်က္သြားဘူး လႊတ္ေတာ္ကရွင္သန္ေနတယ္ စစ္အုပ္စုမရွိတဲ့လူထုကအပ္ႏွင္းထားတဲ့ တရား၀င္မူ ့‌ေတြက ျပည္ေထာင္စုအဆင့္လႊတ္ေတာ္ ကုိယ္စားလွယ္ေတြမွာတည္ရွိေနတယ္၊ လႊတ္ေတာ္ဟာ အစုိးရကိုအျပန္အလွန္ထိမ္းေက်ာင္းရမယ့္တာ၀န္ရွိသလို ျပည္သူကုိကုိယ္စားျပဳေဆာင္ရြက္တဲ့ျဖစ္စဥ္ေတြမွာ ထမ္းရြက္ေနတယ္ဆိုတာျပသေနတယ္၊ ဒီျပည္ေထာင္စုလြႊတ္ေတာ္ကုိစစ္အာဏာရွင္ေတြနဲ႔မပူးေပါင္းတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြတက္ေရာက္ျပီးေတာ့ေတာ္လွန္ေရးကာလနဲ႔ကုိက္ညီတဲ့ လႊတ္ေတာ္ကိုက်င္းပခဲ့တယ္၊ တက္ေရာက္တဲ့ကုိ္ယ္စားလွယ္ဦးေရက ၄၀၇ဦးတက္ေရာက္ႏိုင္ခဲ့တယ္၊ တက္ေရာက္ႏုိင္တဲ့ကိုယ္စားလွယ္ဦးေရ (၄၇၆)ဦးမွာ (၄၀၇)ဦးတက္ေရာက္ႏိုင္တဲ့အတြက္ ၈၀ရာခိုင္ႏွဳန္းနီးနီး တက္ေရာက္ခဲ့တယ္လို႔ေျပာလို႔ရတယ္၊ အစုိးရ၀န္ႀကီးဌာနကလည္း တက္ေရာက္လာတယ္ သူတို႔ေတြကကုိယ္စားလွယ္ေတြက ႀကိဳတင္ေပးပုိ႔ထားတဲ့ေမးခြန္းေတြကိုလည္းေျဖႀကားေပးသြားတယ္"

ဒီအစည္းအေ၀းကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ႏိုင္ငံေတာ္ယာယီသမၼတ ဒူဝါလရွီးလ၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း၊ ဥေရာပပါလီမန္ ဒုတိယ ဥကၠ႒လူ႔အခြင့္အေရးဆိုင္ရာအာဆီယံပါလီမန္အမတ္မ်ားအဖြဲ႕ (APHR) မွ ဥကၠ႒တို႔က ဗြီဒီယိုအမွာစကားေျပာေပးခဲ့ၿပီး အေမရိကန္ႏိ္ုင္ငံအပါအ၀င္ ႏိုင္ငံတကာက သံရံုးကေတြက ကိုယ္စားလွယ္ေတြ လူအခြင့္ေရးလႈပ္ရွားေဆာင္ရြက္ေနတဲ့ကိုယ္စားလွယ္ေတြလည္း အသိမွတ္ျပဳတက္ေရာက္ခဲ့ပါတယ္၊ ဒီအစည္းအေ၀းမွာေတာ့ ကုလသမဂၢလုံၿခဳံေရး ေကာင္စီရဲ ့ျမန္မာ့အေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ [Resolution 2669 (2022)]ကို ျပည္ေထာင္စုလႊတ္ေတာ္က ႀကိဳဆိုေထာက္ခံခဲ့ၿပီးလႊတ္ေတာ္မွာမွတ္တမ္းတင္ႏိုင္ခဲ့တယ္လို႔လည္းဦးစည္သူေမာင္ကေျပာပါတယ္

"ဒီတေခါက္ က်ေနာ္တို ့က်င္းပတဲ့လႊတ္ေတာ္အစည္းအေ၀းမွာကုလသမဂလံုျခံဳေရးေကာင္စီက ျမန္မာ့အေရးနဲ႔ပတ္သက္လုိ ့ဆံုးျဖတ္ခ်က္ျဖစ္တဲ့ resolution 2669 ကို လႊတ္ေတာ္ကိုမွတ္တမ္းတင္ႏိုင္ဖို႔အတြက္ အဆုိတင္သြင္းတာမ်ိဳး လႊတ္ေတာ္ကမွတ္တမ္းတင္လိုက္တာမ်ိဳးေတြလုပ္ခဲ့တယ္၊ လံုျခံဳေရးေကာင္စီရဲ ့ျမန္မာ့အေရးဆံုျဖတ္ခ်က္ဆိုတာကေတာ့ ျမန္မာႏိုင္ငံအေပၚမွာစစ္အုပ္ခ်ဳပ္ေရးရဲ ့ဆုိးက်ိဳးေတြ ရြာလံုးက်ြတ္မီးရွို သတ္ျဖတ္မူ ့ေတြအပါအ၀င္ရိုဟင္ဂ်ာအေရးကိစၥေတြ အပါအ၀င္ ဒါေတြအားလံုးကို လံုျခံဳေရးေကာင္စီရဲ ့ဆံုးျဖတ္ခ်က္မွတ္တမ္းေတြကိုလႊတ္ေတာ္က မွတ္တမ္းတင္နိုင္ခ့ဲတယ္ဆိုေတာ့ အနာဂတ္ႏိုင္ငံေတာ္တည္ေဆာင္ေရးေတြမွာ လူနည္းစုဘာသာ၀င္ေတြရဲ ့အခန္းကေတြ လူ့အခြင့္ေရးခ်ိဳးေဖာက္မူေတြကိုျပစ္ဒဏ္ေတြကေန ကင္းလြတ္ခြင့္ရေနတာေတြကိုေသခ်ာကိုင္တြယ္ဖုိ့လိုအပ္ေနတယ္ ေသခ်ာမွတ္တမ္းတင္ႏိုင္ခဲ့တယ္ဆုိတာကေတာ့တုိးတက္တဲ့ျဖစ္ထြန္းမႈလို႔ပဲေျပာလို႔ရပါတယ္"

စစ္ေကာင္စီရဲ ့ လုပ္ရပ္မ်ားေၾကာင့္ ထိခိုက္နစ္နာမႈမ်ား ခံစားေနၾကရသည့္ ျပည္သူမ်ားအတြက္ အမွန္တရားႏွင့္တရားမွ်တမႈ ေဖာ္ေဆာင္ႏိုင္ေရးကိစၥေတြ စစ္ေဘးေရွာင္ျပည္သူမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားနဲ႕ ကေလးသူငယ္မ်ားရဲ ့ က်န္းမာေရး၊ စားဝတ္ေနေရးနဲ ့ ေဘးကင္းလုံၿခဳံေရးတို႔အတြက္ သက္ဆိုင္ရာ ၀န္ႀကီးဌာနေတြအေနနဲ႕ ဘယ္လိုေဆာင္ရြက္ေပးေနသလဲဆိုတာေတြကို လည္းလႊတ္ေတာ္ကိ္ုယ္စားလွယ္ေတြကေမးျမန္းခဲ့ၾကၿပီး၀န္ႀကီးဌာနေတြကလည္း သူတို႔လုပ္ေဆာင္ေနတဲ့လုပ္ငန္းေတြကိုျပန္လည္ေျဖၾကားေပးခဲ့တယ္လို ့ဆိုပါတယ္၊ ျပည္ေထာင္စုလႊတ္ေတာ္ ပၪၥမအႀကိမ္ အစည္းအေဝးကိုေတာ့ ၃ရက္ၾကာက်င္းပခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၂ နှစ်ပြည့် စည်းဝေးပွဲ ကျင်းပ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ (၂) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ် နဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးကို ဇန်နဝါရီလ ၃၁ရက်ကနေ ဖေဖေါ်ဝါရီလ(၂)ရက်နေ့ အထိ ၃ရက်တာ ကျင်းပခဲ့ပါတယ်။ လွှတ်တော်ရဲ့တရားဝင်မှုက ဆက်ပြီးရှိကြောင်း ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ (၂) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့အစည်းအဝေးကို ဗီဒီယိုကွန့်ဖရင့်ကနေ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့တာပါ။ ဒါဟာလွှတ်တော်ဟာ သူ့ရဲ့ပုံမှန်အလုပ်တွေကိုဆက်ပြီးလုပ်ဆောင်နေကြောင်းမြန်မာပြည်သူပြည်သားတွေနဲ့နိုင်ငံတကာကိုအသိပေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်ကအခုလိုပြောပါတယ်။

"ဒီလွှတ်တော်ကိုကျင်းပရတာကတော့ စစ်အုပ်စု မတရားလက်နက်အားကိုးနဲ့ဖျက်သိမ်းလိုက်လို့မပျက်သွားဘူး လွှတ်တော်ကရှင်သန်နေတယ် စစ်အုပ်စုမရှိတဲ့လူထုကအပ်နှင်းထားတဲ့ တရားဝင်မူ့‌တွေက ပြည်ထောင်စုအဆင့်လွှတ်တော် ကိုယ်စားလှယ်တွေမှာတည်ရှိနေတယ်၊ လွှတ်တော်ဟာ အစိုးရကိုအပြန်အလှန်ထိမ်းကျောင်းရမယ့်တာဝန်ရှိသလို ပြည်သူကိုကိုယ်စားပြုဆောင်ရွက်တဲ့ဖြစ်စဉ်တွေမှာ ထမ်းရွက်နေတယ်ဆိုတာပြသနေတယ်၊ ဒီပြည်ထောင်စုလွှတ်တော်ကိုစစ်အာဏာရှင်တွေနဲ့မပူးပေါင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ပြီးတော့တော်လှန်ရေးကာလနဲ့ကိုက်ညီတဲ့ လွှတ်တော်ကိုကျင်းပခဲ့တယ်၊ တက်ရောက်တဲ့ကိုယ်စားလှယ်ဦးရေက ၄၀၇ဦးတက်ရောက်နိုင်ခဲ့တယ်၊ တက်ရောက်နိုင်တဲ့ကိုယ်စားလှယ်ဦးရေ (၄၇၆)ဦးမှာ (၄၀၇)ဦးတက်ရောက်နိုင်တဲ့အတွက် ၈၀ရာခိုင်နှုန်းနီးနီး တက်ရောက်ခဲ့တယ်လို့ပြောလို့ရတယ်၊ အစိုးရဝန်ကြီးဌာနကလည်း တက်ရောက်လာတယ် သူတို့တွေကကိုယ်စားလှယ်တွေက ကြိုတင်ပေးပို့ထားတဲ့မေးခွန်းတွေကိုလည်းဖြေကြားပေးသွားတယ်"

ဒီအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌလူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) မှ ဥက္ကဋ္ဌတို့က ဗွီဒီယိုအမှာစကားပြောပေးခဲ့ပြီး အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာက သံရုံးကတွေက ကိုယ်စားလှယ်တွေ လူအခွင့်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ကိုယ်စားလှယ်တွေလည်း အသိမှတ်ပြုတက်ရောက်ခဲ့ပါတယ်၊ ဒီအစည်းအဝေးမှာတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက် [Resolution 2669 (2022)]ကို ပြည်ထောင်စုလွှတ်တော်က ကြိုဆိုထောက်ခံခဲ့ပြီးလွှတ်တော်မှာမှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်းဦးစည်သူမောင်ကပြောပါတယ်

"ဒီတခေါက် ကျနော်တို့ကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာကုလသမဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ဖြစ်တဲ့ resolution 2669 ကို လွှတ်တော်ကိုမှတ်တမ်းတင်နိုင်ဖို့အတွက် အဆိုတင်သွင်းတာမျိုး လွှတ်တော်ကမှတ်တမ်းတင်လိုက်တာမျိုးတွေလုပ်ခဲ့တယ်၊ လုံခြုံရေးကောင်စီရဲ့မြန်မာ့အရေးဆုံဖြတ်ချက်ဆိုတာကတော့ မြန်မာနိုင်ငံအပေါ်မှာစစ်အုပ်ချုပ်ရေးရဲ့ဆိုးကျိုးတွေ ရွာလုံးကျွတ်မီးရှို သတ်ဖြတ်မူ့တွေအပါအဝင်ရိုဟင်ဂျာအရေးကိစ္စတွေ အပါအဝင် ဒါတွေအားလုံးကို လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မှတ်တမ်းတွေကိုလွှတ်တော်က မှတ်တမ်းတင်နိုင်ခဲ့တယ်ဆိုတော့ အနာဂတ်နိုင်ငံတော်တည်ဆောင်ရေးတွေမှာ လူနည်းစုဘာသာဝင်တွေရဲ့အခန်းကတွေ လူ့အခွင့်ရေးချိုးဖောက်မူတွေကိုပြစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့်ရနေတာတွေကိုသေချာကိုင်တွယ်ဖို့လိုအပ်နေတယ် သေချာမှတ်တမ်းတင်နိုင်ခဲ့တယ်ဆိုတာကတော့တိုးတက်တဲ့ဖြစ်ထွန်းမှုလို့ပဲပြောလို့ရပါတယ်"

စစ်ကောင်စီရဲ့ လုပ်ရပ်များကြောင့် ထိခိုက်နစ်နာမှုများ ခံစားနေကြရသည့် ပြည်သူများအတွက် အမှန်တရားနှင့်တရားမျှတမှု ဖော်ဆောင်နိုင်ရေးကိစ္စတွေ စစ်ဘေးရှောင်ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ကလေးသူငယ်များရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ဘေးကင်းလုံခြုံရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနေသလဲဆိုတာတွေကို လည်းလွှတ်တော်ကိုယ်စားလှယ်တွေကမေးမြန်းခဲ့ကြပြီးဝန်ကြီးဌာနတွေကလည်း သူတို့လုပ်ဆောင်နေတဲ့လုပ်ငန်းတွေကိုပြန်လည်ဖြေကြားပေးခဲ့တယ်လို့ဆိုပါတယ်၊ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးကိုတော့ ၃ရက်ကြာကျင်းပခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG