{{Zawgyi/Unicode}}
ဂ်နီဗာအေျခစိုက္ IPU လို႔ေခၚတဲ့ ႏိုင္ငံတကာ လႊတ္ေတာ္အမတ္မ်ားသမဂၢ (Inter-Parliamentary Union) ရဲ႕ ၁၄၆ ႀကိမ္ျမာက္ညီလာခံကို ဘာရိန္းႏိုင္ငံၿမိဳ႕ေတာ္ မနားမားမွာ က်င္းပေနတာမွာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) ရဲ႕ ကိုယ္စားလွယ္အျဖစ္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အဖြဲ႕ဝင္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ေဒါက္တာဝင္းျမတ္ေအးက တက္ေရာက္မိန႔္ခြန္းေျပာခဲ့ပါတယ္။
အဲဒီမွာ ျမန္မာႏိုင္ငံမွာ ျပည္သူလူထုက ေ႐ြးေကာက္ထားတဲ့ လႊတ္ေတာ္အမတ္ေတြအပါအဝင္ လူ အေျမာက္အျမားကို စစ္တပ္က ဖမ္းဆီးသတ္ျဖတ္ေထာင္ခ်ကာ တရားမဝင္အာဏာရယူဖို႔ႀကိဳးစားေနၿပီး ဒါကို ႏိုင္ငံတကာကရႈတ္ခ်ဖို႔နဲ႔ CRPH လႊတ္ေတာ္၊ NUG အစိုးရအဖြဲ႕ကို တရားဝင္ အသိအမွတ္ျပဳဖို႔ တိုက္တြန္းခဲ့ပါတယ္။
တက္ေရာက္လာတဲ့ႏိုင္ငံအသီးသီးရဲ႕ လႊတ္ေတာ္ကိုယ္စားျပဳသူေတြအေနနဲ႔ သက္ဆိုင္ရာ လႊတ္ေတာ္ေတြမွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို တရားဝင္ အသိအမွတ္ျပဳႏိုင္ေရး အဆိုတင္သြင္းၾကဖို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာသြားတာပါ။ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကိုကာကြယ္ဖို႔နဲ႔ စစ္အာဏာရွင္စနစ္ ျမန္မာ့ေျမေပၚကေန အၿပီးတိုင္ခ်ဳပ္ၿငိမ္းဖို႔ CRPH နဲ႔ လက္တြဲၿပီး ႏိုင္ငံတကာ ပါလီမန္အခ်င္းခ်င္း လက္ေတြ႕က်တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ဖို႔ ေဒါက္တာဝင္းျမတ္ေအးက ေတာင္းဆိုခဲ့ပါတယ္။
ဒါ့အျပင္ စစ္တပ္ရဲ႕ထိုးစစ္ေတြနဲ႔ ပဋိပကၡေတြအတြင္း ေနရပ္စြန႔္ခြာထြက္ေျပးေနရတဲ့ ျမန္မာ လူထုအတြက္ အေရးေပၚအကူအညီေတြေပးဖို႔ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ လႊတ္ေတာ္ေတြက တဆင့္ အစိုးရေတြကိုေတာင္းဆိုဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။
အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ (၅) ခ်က္ကိုလည္း အျမန္ဆုံး အေကာင္အထည္ေဖာ္ကာ စစ္တပ္ရဲ႕ သတ္ျဖတ္မႈေတြကို ရပ္တန႔္ေရး ႏိုင္ငံတကာက ဝိုင္းဝန္းေတာင္းဆိုေပးဖို႔လည္း ေျပာခဲ့ပါတယ္။
စစ္တပ္ဟာ လူသားမဆန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အရွိန္ျမႇင့္ လုပ္ေဆာင္ေနၿပီး ႏိုင္ငံတကာရဲ႕ေတာင္းဆိုမႈေတြကို မ်က္ကြယ္ျပဳၿပီး လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ဆက္လက္က်ဴးလြန္ေနဆဲလို႔လည္း ေဒါက္တာဝင္းျမတ္ေအးက သတိေပးခဲ့ပါတယ္။
ေ႐ြးေကာက္ခံအမတ္တဦးအပါအဝင္ လူ ၃,၀၀၀ ေက်ာ္ကို စစ္တပ္ကသတ္ျဖတ္ခဲ့ၿပီး လႊတ္ေတာ္အမတ္ တရာေက်ာ္အပါအဝင္ လူေပါင္းေသာင္းနဲ႔ခ်ီဟာ တရားမဝင္ ဖမ္းဆီးခံေနရတယ္လို႔ ႏိုင္ငံတကာက လႊတ္ေတာ္တာဝန္ရွိသူေတြကို ေဒါက္တာဝင္းျမတ္ေအးက တင္ျပခဲ့ပါတယ္။ စစ္တပ္ရဲ႕ထိုးစစ္ေတြ ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ မီးရႈိ႕ဖ်က္ဆီးမႈေတြေၾကာင့္ အရပ္သားသိန္းနဲ႔ခ်ီဟာ အိုးအိမ္ေတြက စြန႔္ခြာထြက္ေျပးေနရတယ္လို႔လည္း ျမန္မာျပည္ရဲ႕ အေျခအေနေတြကို ရွင္းျပခဲ့ပါတယ္။
ဒီညီလာခံမွာ ကမာၻ႔ႏိုင္ငံအသီးသီးက လႊတ္ေတာ္ဥကၠ႒ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဥပေဒျပဳေရးဆိုင္ရာ တာဝန္ရွိသူေတြတက္ေရာက္ေနၾကၿပီး အစည္းအေဝးကို လာမယ့္ မတ္လ ၁၅ ရက္ေန႔အထိ က်င္းပဖို႔ ရွိေနပါတယ္။
==============
{{Unicode}}
CRPH/NUG ကို အသိအမှတ်ပြုဖို့ နိုင်ငံတကာလွှတ်တော်အမတ်တွေကို တောင်းဆို
ဂျနီဗာအခြေစိုက် IPU လို့ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များသမဂ္ဂ (Inter-Parliamentary Union) ရဲ့ ၁၄၆ ကြိမ်မြာက်ညီလာခံကို ဘာရိန်းနိုင်ငံမြို့တော် မနားမားမှာ ကျင်းပနေတာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဝင်းမြတ်အေးက တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
အဲဒီမှာ မြန်မာနိုင်ငံမှာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ လွှတ်တော်အမတ်တွေအပါအဝင် လူ အမြောက်အမြားကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ထောင်ချကာ တရားမဝင်အာဏာရယူဖို့ကြိုးစားနေပြီး ဒါကို နိုင်ငံတကာကရှုတ်ချဖို့နဲ့ CRPH လွှတ်တော်၊ NUG အစိုးရအဖွဲ့ကို တရားဝင် အသိအမှတ်ပြုဖို့ တိုက်တွန်းခဲ့ပါတယ်။
တက်ရောက်လာတဲ့နိုင်ငံအသီးသီးရဲ့ လွှတ်တော်ကိုယ်စားပြုသူတွေအနေနဲ့ သက်ဆိုင်ရာ လွှတ်တော်တွေမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အသိအမှတ်ပြုနိုင်ရေး အဆိုတင်သွင်းကြဖို့ ဒေါက်တာဝင်းမြတ်အေးက ပြောသွားတာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုကာကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းဖို့ CRPH နဲ့ လက်တွဲပြီး နိုင်ငံတကာ ပါလီမန်အချင်းချင်း လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဒေါက်တာဝင်းမြတ်အေးက တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ထိုးစစ်တွေနဲ့ ပဋိပက္ခတွေအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာ လူထုအတွက် အရေးပေါ်အကူအညီတွေပေးဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လွှတ်တော်တွေက တဆင့် အစိုးရတွေကိုတောင်းဆိုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ကာ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ရေး နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုပေးဖို့လည်း ပြောခဲ့ပါတယ်။
စစ်တပ်ဟာ လူသားမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး နိုင်ငံတကာရဲ့တောင်းဆိုမှုတွေကို မျက်ကွယ်ပြုပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေဆဲလို့လည်း ဒေါက်တာဝင်းမြတ်အေးက သတိပေးခဲ့ပါတယ်။
ရွေးကောက်ခံအမတ်တဦးအပါအဝင် လူ ၃,၀၀၀ ကျော်ကို စစ်တပ်ကသတ်ဖြတ်ခဲ့ပြီး လွှတ်တော်အမတ် တရာကျော်အပါအဝင် လူပေါင်းသောင်းနဲ့ချီဟာ တရားမဝင် ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံတကာက လွှတ်တော်တာဝန်ရှိသူတွေကို ဒေါက်တာဝင်းမြတ်အေးက တင်ပြခဲ့ပါတယ်။ စစ်တပ်ရဲ့ထိုးစစ်တွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားသိန်းနဲ့ချီဟာ အိုးအိမ်တွေက စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း မြန်မာပြည်ရဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။
ဒီညီလာခံမှာ ကမ္ဘာ့နိုင်ငံအသီးသီးက လွှတ်တော်ဥက္ကဋ္ဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်နေကြပြီး အစည်းအဝေးကို လာမယ့် မတ်လ ၁၅ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။