သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၀၈ ဖြဲ႕စည္းပုံဖ်က္သိမ္းေရးဟာႏိုင္ငံေရးရည္႐ြယ္ခ်က္တခုျဖစ္ေၾကာင္း CRPH ထုတ္ျပန္


(Zawgyi/Unicode)

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းေရးနဲ႔ ဖက္ဒရယ္အေျခခံတဲ့ ဖြဲ႕စည္းပုံေပၚလာေရးဟာ အဓိကႏိုင္ငံေရး ရည္မွန္းခ်က္ ျဖစ္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ တရပ္အတြက္ တိုင္းရင္းသားေတြနဲ႔ ဘယ္လိုညႇိႏႈိင္းယူမလဲဆိုတဲ့ ေဝဖန္မႈေတြထြက္ေပၚလာၿပီးေနာက္ပိုင္း ဖြဲ႕စည္းပုံဖ်က္သိမ္းေရးနဲ႔ ဖက္ဒရယ္ ရည္မွန္းခ်က္ေတြပါဝင္တဲ့ ေၾကညာခ်က္တေစာင္ကို CRPH ရဲ႕ သမၼတ႐ုံးေျပာခြင့္ရ ေခတၱျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္ CRPH က မတ္လ ၅ ရက္ ညေနပိုင္းမွာ ထုတ္ျပန္လိုက္တာပါ။

CRPH သေဘာထားတခုတည္းမဟုတ္ဘဲ NLD ပါတီဗဟိုေကာ္မတီဝင္ေတြရဲ႕ ဘုံသေဘာတူညီခ်က္နဲ႔ ထုတ္ျပန္လိုက္တာျဖစ္ေၾကာင္း CRPH ရဲ႕ သမၼတ႐ုံးေျပာခြင့္ရ ေခတၱျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္က ေျပာပါတယ္။ တိုင္းရင္းသားေတြ၊ လူမ်ိဳးစုေတြနဲ႔ ပိုၿပီးနီးကပ္သြားႏိုင္ၿပီး ႏိုင္ငံေရးရည္မွန္းခ်က္လည္း ရွင္းရွင္းလင္းလင္းျဖစ္သြားေၾကာင္း သူက ဗြီအိုေအကို ေျပာပါတယ္။

“ စစ္တပ္က ႏိုင္ငံေရးမွာ ဝင္ၿပီးပါခ်င္ေနတဲ့ ျပႆနာဟာ ျမန္မာ့ႏိုင္ငံေရးရဲ႕ အဓိက ျပႆနာပဲ။ ဒီအခ်ိန္မွာ က်ေနာ္တို႔က အျမစ္ျဖတ္ဖို႔လိုတယ္။ က်ေနာ္တို႔ တိုင္းျပည္ရဲ႕ အေနအထားကလည္း တကယ္ကို ဖက္ဒရယ္စနစ္ကို အေျခခံၿပီး သြားမွာသာလွ်င္ လက္ေတြ႕က်တဲ့ တန္းတူအခြင့္အေရးဆီကို သြားႏိုင္မယ္။ အခုလို ဆုံးျဖတ္လိုက္တာလည္း က်ေနာ္တို႔ကိုယ္တိုင္လည္း အရင္ကတည္းက ဖက္ဒရယ္ႏိုင္ငံတခု တည္ေဆာက္ဖို႔ ခိုင္ခိုင္မာမာ ဆုံးျဖတ္ခ်က္ ရွိထားၿပီးသားပါ။ သို႔ေသာ္ ျဖတ္သန္းေနရတဲ့ ႏိုင္ငံေရး အေျခအေနေတြေပၚမွာ ၾကည့္ၿပီးေတာ့ က်ေနာ္တို႔ သြားခဲ့ရတဲ့ဟာ ရွိခဲ့တာေပါ့ေနာ္။ အာဏာလုထားတဲ့ ျပႆနာကို အတူတူ ျပည္သူေတြနဲ႔ ဒီထက္အရွိန္ျမႇင့္ၿပီး တုံ႔ျပန္မယ္၊ မၾကာခင္ကာလအတြင္းမွာ က်ေနာ္တို႔လိုခ်င္တဲ့ ဖက္ဒရယ္ တည္ေဆာက္ေရး လမ္းေၾကာင္းကို က်ေနာ္တို႔ေရာက္ေအာင္ သြားဖို႔အတြက္ ညီၫြတ္တဲ့ အင္အားေတြ ရွိေနၿပီလို႔ က်ေနာ္တို႔ ေျပာခ်င္ပါတယ္။”

ဒီထုတ္ျပန္ခ်က္မထုတ္ခင္မွာ တိုင္းရင္းသားအဖြဲ႕အစည္းေပါင္းစုံနဲ႔ ႀကိမ္ဖန္မ်ားစြာ ေဆြးေႏြးခဲ့ၿပီး ပူးေပါင္းေဆာင္႐ြက္မႈေတြလည္း အရွိန္ေကာင္းေနၿပီလို႔ ဦးလြင္ကိုလတ္က ေျပာပါတယ္။

ဖယ္ဒရယ္ ဒီမိုကေရစီတည္ေထာင္မယ္ဆိုတဲ့ အခ်က္ကို CRPH ဘက္က တိတိက်က် ေျပာဆိုလာတဲ့အတြက္ ႏိုင္ငံေရးအင္အားစုေတြနဲ႔ လူထုလႈပ္ရွားမႈေတြဟာ ဟန္ခ်က္ညီညီနဲ႔ ပိုၿပီး အားေကာင္း လာလိမ့္မယ္လို႔ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးေအာင္မိုးေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔လည္း အဲဒါကို ေမွ်ာ္လင့္ေနတာပါ။ ၂၀၀၈ အေျခခံဥပေဒ ဖ်က္သိမ္းေရးဆိုတာကို CRPH က ေသေသခ်ာခ်ာ ေတာင္းဆိုလိုက္ၿပီဆိုရင္CRPH နဲ႔ က်ေနာ္တို႔ ( အေထြေထြသပိတ္ေကာ္မတီ) GSC ၾကား၊ CRPH နဲ႔ တိုင္းရင္းသား အင္အားစုေတြအၾကား ဟန္ခ်က္ပိုၿပီး ညီသြားလိမ့္မယ္၊ လက္တြဲၿပီး အလုပ္လုပ္ဖို႔အတြက္ ပိုၿပီးေခ်ာေမြ႕သြားလိမ့္မယ္၊ ပိုၿပီးအဆင္ေျပသြားလိမ့္မယ္ "

စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာရယူၿပီး ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အပစ္ရပ္ေၾကညာထားေပမဲ့ ဒီရက္ပိုင္းမွာ ႏွစ္ဘက္ ပစ္ခတ္မႈေတြ အရွိန္ျမႇင့္လာပါတယ္။ ဒီအေျခအေနအေပၚမွာ ႏိုင္ငံေရးသုံးသပ္သူ ေဒါက္တာေအာင္သိန္းျမင့္က အခုလိုေျပာပါတယ္။

“ တဖက္သတ္အပစ္ရပ္ ၁လ ေၾကညာထားတဲ့ အဖြဲ႕ ၃ ဖြဲ႕ဆိုတာသည္ ေယဘုယေျပာမယ္ဆိုရင္ေတာ့ တပ္နဲ႔နည္းနည္း ညႇိထားတယ္လို႔ ယူဆလို႔ရတဲ့ အဖြဲ႕မ်ိဳးေပါ့ေနာ္။ တ႐ုတ္လက္ေအာက္ခံအဖြဲ႕မ်ိဳး ယူဆလို႔ ရတဲ့အဖြဲ႕မ်ိဳးေတာင္မွ ဒီေန႔လားရႈိးမွာစၿပီး လႈပ္ရွားမႈ ရွိတယ္ဆိုေတာ့ CRPH ရဲ႕ လႈပ္ရွားမႈက ေတာ္ေတာ္ေလး အရွိန္ရလာမယ္လို႔ က်ေနာ္ေတာ့ ယူဆတယ္ တိုင္းရင္းသားေတြ လိုလားတဲ့ဟာကို ပါလာတာဆိုေတာ့ေလ။”

ဒီေၾကညာခ်က္ဟာ တိုင္းရင္းသားေတြနဲ႔ လက္တြဲတာမွာ ပိုၿပီးနီးကပ္သြားႏိုင္ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံ ဖ်က္သိမ္းလိုက္ၿပီဆိုတဲ့ သေဘာထားကိုလည္း ပိုၿပီးေမွ်ာ္လင့္ေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ဥကၠ႒ စိုင္းၫြန႔္လြင္က ဗြီအိုေအကို ေျပာပါတယ္။

“ ဖ်က္သိမ္းဖို႔ ဆႏၵရွိတယ္ဆိုတဲ့ သေဘာပဲ၊ လူေတြေတာ္ေတာ္မ်ားမ်ား က်ေနာ္သိသေလာက္၊ ရွင္းရွင္းလင္းလင္း ဖ်က္သိမ္းလိုက္ၿပီဆိုတာ ေၾကညာဖို႔ လိုတယ္။ ဒါေပမဲ့ သူတို႔အထဲမွာလည္း နည္းနည္းျပႆနာရွိပုံ ရတယ္ေလေနာ့၊ အခက္အခဲ တခ်ိဳ႕ရွိပုံရတယ္။ ဒါေပမဲ့ အဲေလာက္လည္း သိပ္ေတာ့မဆိုးပါဘူး တျဖည္းျဖည္းနဲ႔ေတာ့ တိုးခ်ဲ႕သြားရမွာေပါ့ေနာ္။ ဒါအရင္လုပ္ၾကည့္ေပါ့။”

အာဏာဖီဆန္ေရး သပိတ္လႈပ္ရွာမႈေတြေၾကာင့္ ျမန္မာျပည္တြင္းမွာ ေသဆုံးသူ ၅၀ ေက်ာ္နဲ႔ ဖမ္းဆီးခံရသူ ေထာင္ခ်ီရွိေနတာပါ။

ျမန္မာျပည္တြင္းက ဆႏၵျပသူေတြကို စစ္တပ္ရဲ႕ အၾကမ္းဖက္ႏွိမ္နင္းတာေတြကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ ကုန္ပစၥည္းနဲ႔ နည္းပညာကို မရယူႏိုင္ေအာင္ ထပ္တိုးကန႔္သတ္ခ်က္ေတြကို အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ၾကာသပေတးေန႔က ေၾကညာထားပါတယ္။ ၿပီးေတာ့ ျမန္မာျပည္ထဲ ဒီမိုကေရစီ ျပန္အသက္ဝင္ဖို႔လည္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးဟာနိုင်ငံရေးရည်ရွယ်ချက်တခုဖြစ်ကြောင်း CRPH ထုတ်ပြန်

(Unicode)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်အခြေခံတဲ့ ဖွဲ့စည်းပုံပေါ်လာရေးဟာ အဓိကနိုင်ငံရေး ရည်မှန်းချက် ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

အမျိုးသားညီညွတ်ရေးအစိုးရတရပ်အတွက် တိုင်းရင်းသားတွေနဲ့ ဘယ်လိုညှိနှိုင်းယူမလဲဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက်ပိုင်း ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ရည်မှန်းချက်တွေပါဝင်တဲ့ ကြေညာချက်တစောင်ကို CRPH ရဲ့ သမ္မတရုံးပြောခွင့်ရ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် CRPH က မတ်လ ၅ ရက် ညနေပိုင်းမှာ ထုတ်ပြန်လိုက်တာပါ။

CRPH သဘောထားတခုတည်းမဟုတ်ဘဲ NLD ပါတီဗဟိုကော်မတီဝင်တွေရဲ့ ဘုံသဘောတူညီချက်နဲ့ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း CRPH ရဲ့ သမ္မတရုံးပြောခွင့်ရ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ ပိုပြီးနီးကပ်သွားနိုင်ပြီး နိုင်ငံရေးရည်မှန်းချက်လည်း ရှင်းရှင်းလင်းလင်းဖြစ်သွားကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

“ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပြီးပါချင်နေတဲ့ ပြဿနာဟာ မြန်မာ့နိုင်ငံရေးရဲ့ အဓိက ပြဿနာပဲ။ ဒီအချိန်မှာ ကျနော်တို့က အမြစ်ဖြတ်ဖို့လိုတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အနေအထားကလည်း တကယ်ကို ဖက်ဒရယ်စနစ်ကို အခြေခံပြီး သွားမှာသာလျှင် လက်တွေ့ကျတဲ့ တန်းတူအခွင့်အရေးဆီကို သွားနိုင်မယ်။ အခုလို ဆုံးဖြတ်လိုက်တာလည်း ကျနော်တို့ကိုယ်တိုင်လည်း အရင်ကတည်းက ဖက်ဒရယ်နိုင်ငံတခု တည်ဆောက်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ရှိထားပြီးသားပါ။ သို့သော် ဖြတ်သန်းနေရတဲ့ နိုင်ငံရေး အခြေအနေတွေပေါ်မှာ ကြည့်ပြီးတော့ ကျနော်တို့ သွားခဲ့ရတဲ့ဟာ ရှိခဲ့တာပေါ့နော်။ အာဏာလုထားတဲ့ ပြဿနာကို အတူတူ ပြည်သူတွေနဲ့ ဒီထက်အရှိန်မြှင့်ပြီး တုံ့ပြန်မယ်၊ မကြာခင်ကာလအတွင်းမှာ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် တည်ဆောက်ရေး လမ်းကြောင်းကို ကျနော်တို့ရောက်အောင် သွားဖို့အတွက် ညီညွတ်တဲ့ အင်အားတွေ ရှိနေပြီလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ဒီထုတ်ပြန်ချက်မထုတ်ခင်မှာ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း အရှိန်ကောင်းနေပြီလို့ ဦးလွင်ကိုလတ်က ပြောပါတယ်။

ဖယ်ဒရယ် ဒီမိုကရေစီတည်ထောင်မယ်ဆိုတဲ့ အချက်ကို CRPH ဘက်က တိတိကျကျ ပြောဆိုလာတဲ့အတွက် နိုင်ငံရေးအင်အားစုတွေနဲ့ လူထုလှုပ်ရှားမှုတွေဟာ ဟန်ချက်ညီညီနဲ့ ပိုပြီး အားကောင်း လာလိမ့်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့လည်း အဲဒါကို မျှော်လင့်နေတာပါ။ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဆိုတာကို CRPH က သေသေချာချာ တောင်းဆိုလိုက်ပြီဆိုရင်CRPH နဲ့ ကျနော်တို့ ( အထွေထွေသပိတ်ကော်မတီ) GSC ကြား၊ CRPH နဲ့ တိုင်းရင်းသား အင်အားစုတွေအကြား ဟန်ချက်ပိုပြီး ညီသွားလိမ့်မယ်၊ လက်တွဲပြီး အလုပ်လုပ်ဖို့အတွက် ပိုပြီးချောမွေ့သွားလိမ့်မယ်၊ ပိုပြီးအဆင်ပြေသွားလိမ့်မယ် "

စစ်အုပ်ချုပ်ရေးကောင်စီ အာဏာရယူပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ကြေညာထားပေမဲ့ ဒီရက်ပိုင်းမှာ နှစ်ဘက် ပစ်ခတ်မှုတွေ အရှိန်မြှင့်လာပါတယ်။ ဒီအခြေအနေအပေါ်မှာ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က အခုလိုပြောပါတယ်။

“ တဖက်သတ်အပစ်ရပ် ၁လ ကြေညာထားတဲ့ အဖွဲ့ ၃ ဖွဲ့ဆိုတာသည် ယေဘုယပြောမယ်ဆိုရင်တော့ တပ်နဲ့နည်းနည်း ညှိထားတယ်လို့ ယူဆလို့ရတဲ့ အဖွဲ့မျိုးပေါ့နော်။ တရုတ်လက်အောက်ခံအဖွဲ့မျိုး ယူဆလို့ ရတဲ့အဖွဲ့မျိုးတောင်မှ ဒီနေ့လားရှိုးမှာစပြီး လှုပ်ရှားမှု ရှိတယ်ဆိုတော့ CRPH ရဲ့ လှုပ်ရှားမှုက တော်တော်လေး အရှိန်ရလာမယ်လို့ ကျနော်တော့ ယူဆတယ် တိုင်းရင်းသားတွေ လိုလားတဲ့ဟာကို ပါလာတာဆိုတော့လေ။”

ဒီကြေညာချက်ဟာ တိုင်းရင်းသားတွေနဲ့ လက်တွဲတာမှာ ပိုပြီးနီးကပ်သွားနိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သဘောထားကိုလည်း ပိုပြီးမျှော်လင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဗွီအိုအေကို ပြောပါတယ်။

“ ဖျက်သိမ်းဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သဘောပဲ၊ လူတွေတော်တော်များများ ကျနော်သိသလောက်၊ ရှင်းရှင်းလင်းလင်း ဖျက်သိမ်းလိုက်ပြီဆိုတာ ကြေညာဖို့ လိုတယ်။ ဒါပေမဲ့ သူတို့အထဲမှာလည်း နည်းနည်းပြဿနာရှိပုံ ရတယ်လေနော့၊ အခက်အခဲ တချို့ရှိပုံရတယ်။ ဒါပေမဲ့ အဲလောက်လည်း သိပ်တော့မဆိုးပါဘူး တဖြည်းဖြည်းနဲ့တော့ တိုးချဲ့သွားရမှာပေါ့နော်။ ဒါအရင်လုပ်ကြည့်ပေါ့။”

အာဏာဖီဆန်ရေး သပိတ်လှုပ်ရှာမှုတွေကြောင့် မြန်မာပြည်တွင်းမှာ သေဆုံးသူ ၅၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ထောင်ချီရှိနေတာပါ။

မြန်မာပြည်တွင်းက ဆန္ဒပြသူတွေကို စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းတာတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကုန်ပစ္စည်းနဲ့ နည်းပညာကို မရယူနိုင်အောင် ထပ်တိုးကန့်သတ်ချက်တွေကို အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာထားပါတယ်။ ပြီးတော့ မြန်မာပြည်ထဲ ဒီမိုကရေစီ ပြန်အသက်ဝင်ဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG