သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH ကုိ မေထာက္ခံသူလႊတ္ေတာ္အမတ္ေတြ သတင္းပုိ႔ဖုိ႔ စစ္ေကာင္စီ ဆင့္ေခၚ


CRPH (Credit Committee Representing Pyidaungsu Hluttaw - CRPH's website)

[Zawgyi/Unicode]

စစ်အုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH မှာ ပါဝင်ရန် ဆန္ဒမရှိသူတွေအနေဖြင့် သက်ဆိုင်ရာကိုသတင်းပို့ဖို့နဲ့ သတင်းပို့တာမရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်ဆိုတဲ့အပေါ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ဘယ်လို သဘောထားသလဲဆိုတာ VOA မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့က တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်မှာ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့တာပါ။

CRPH ကို ဖွဲ့စည်းပြီးနောက်မှာတော့ စစ်အုပ်ချုပ်ရေးကောင်စီက CRPH ဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း၊ ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာအရေးယူမှာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ထုတ်ပြန်ခဲ့သလို ၂၈ရက်နေ့မှာတော့ CRPH မှာ ပါဝင်ဖို့ ဆန္ဒမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နီးစပ်ရာ တိုင်းနဲ့ပြည်နယ်၊ ခရိုင်ကောင်စီတွေမှာ လူကိုယ်တိုင် သတင်းပို့ဖို့နဲ့ သတင်းပေးပို့တာမရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက စစ်အုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးVOA ကို အခုလို ပြောပါတယ်။

“ ဒါကတော့ ရှင်းရှင်းလေးပါပဲ။ ကျနော်တို့က ဘာမှ သွားပြီး သတင်းပို့စရာ အကြောင်းကို မရှိပါဘူး။ ကျနော်တို့က စကတည်းက CRPH ကို ထောက်ခံတယ်။ ထောက်ခံလို့လည်း ထောက်ခံတဲ့အကြောင်း လက်မှတ် ထိုးပြီးမှ ကျနော်တို့ ကိုယ်တိုင် agreement လုပ်ခဲ့ပြီးသားလေ။ ဒီအချိန်မှာ ခုနက စစ်အာဏာရှင်က ပြောသလို ကျနော်တို့ကသွားပြီးမှ မထောက်ခံပါဘူးဆိုတဲ့ဟာ လုပ်စရာ အကြောင်းကို မရှိဘူး။ အဲဒါကတော့။ ”

၂၀၂၀ ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၁၁၁၇နယ် ကျင်းပရာမှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၉၂၀ အနိုင်ရထားတာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်၇၁နေရာနဲ့ ဒုတိယအများဆုံး မဲအနိုင်ရတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ပြောရေးဆိုခွင်ရှိသူ ဦး သိန်းထွန်းဦးကတော့ သူတို့ပါတီရဲ့ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“ CRPH နဲ့ ပတ်သက်လို့ ကျနော်တို့ ပါတီဟာ လုပ်ဆောင်ချက်တွေမှာ ဥပဒေနဲ့အညီ ရပ်တည်ချက်ပေါ်မှာပဲ ကျနော်တို့ ရပ်တည်ပါတယ်။ ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေ အကျုံးမဝင်တဲ့ ကိစ္စတွေကို ကျနော်တို့ ပါတီက လုပ်မှာ မဟုတ်ပါဘူးခင်ဗျ။”

၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၁နေရာနဲ့ တတိယမဲအများဆုံးရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း သူတို့ ပါတီရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။

“ ဒီနေ့ အချိန်ထိ CRPH မှာ ကျနော်တို့ ပါဝင်တာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ CRPH ရဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ အားပေးတယ်၊ ကြိုဆိုတယ်၊ ထောက်ခံတယ်။ နောက်တစ်ဆင့်ပြောချင်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲကနေ လူထုဆန္ဒနဲ့ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ဒီနေ့ထိ လူထုရဲ့ ကိုယ်စားလှယ်များပဲဖြစ်တယ်ဆိုတာ ကျနော်တို့က ယုံကြည်လက်ခံထားတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူထုရဲ့ဆန္ဒက အမြင့်ဆုံး ဥပဒေဖြစ်တယ်လို့ ကျနော်တို့က နားလည်တယ်။ အဲတော့ လူထုက ပေးထားတဲ့ Mandate မှာ ရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တာကြောင့်မို့လို ဒီနေ့ ဒီအချိန်ထိ သူတို့ အနေနဲ့ လူထုဆန္ဒအရ လွတ်လပ်စွာ ရပ်တည်လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။ အဲဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကသာလျှင် အဓိက ကျတယ်လို့ ဒီလိုပဲ ဖြေဆိုလိုပါတယ်။”

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခူးညေးရယ်က ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူတို့ပါတီက အခြားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ လိုအပ်ကြောင်းပြောပါတယ်။

“ သူတို့နဲ့တွေ့ဆုံဖို့ ၊ သူတို့လည်း ဘယ်လို ဆွေးနွေး၊ ဘယ်လို အကြံဉာဏ်တွေရှိလည်းဆိုတာ ဆွေးနွေးချင် သေးတယ်ပေါ့။ ”

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၈နေရာ အနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ CRPH မှာ ပါဝင်ဖို့ ဆန္ဒမရှိရင် ဒီလ ၆ရက်နေ့ နောက်ဆုံးထားပြီး လူကိုယ်တိုင် သတင်းပေးပို့ဖို့ နဲ့ သတင်းပေးပို့ခြင်းမရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်းကို မြန်မာ့ရုပ်မြင်သံကြားကနေလည်း နေ့စဉ် ထုတ်လွှင့်နေပါတယ်။

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲမှာမဲစာရင်းကွာဟမှု ၁၀သန်းကျော်ရှိကြောင်း နဲ့ ဒါဟာ မဲမသမာမှုရှိနိုင်ကြောင်း ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

CRPH ကို မေထာက္ခံသူလႊတ္ေတာ္အမတ္ေတြ သတင္းပို႔ဖို႔ စစ္ေကာင္စီ ဆင့္ေခၚ

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH မွာ ပါ၀င္ရန္ ဆႏၵမရိွသူေတြအေနျဖင့္ သက္ဆုိင္ရာကိုသတင္းပို႔ဖုိ႔နဲ႔ သတင္းပို႔တာမရိွရင္ တည္ဆဲဥပေဒအရ အေရးယူသြားမယ္ဆိုတဲ့အေပၚ ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြ၊ ႏိုင္ငံေရးပါတီေတြက ဘယ္လုိ သေဘာထားသလဲဆိုတာ VOA ျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ေဖေဖာ္၀ါရီလ ၁ရက္ေန႔က တပ္မေတာ္က အာဏာသိမ္းခဲ့ၿပီးေနာက္မွာ၂၀၂၀ ေရြးေကာက္ပဲြ အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ကို ဖဲြ႔စည္းခဲ့တာပါ။

CRPH ကုိ ဖဲြ႔စည္းၿပီးေနာက္မွာေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက CRPH ဟာ ဥပေဒနဲ႔ ညီညြတ္ျခင္း မရိွေၾကာင္း၊ ပါ၀င္ပတ္သက္သူေတြကို ထိေရာက္စြာအေရးယူမွာျဖစ္ေၾကာင္း ေဖေဖာ္၀ါရီလ ၂၇ရက္ေန႔မွာ ထုတ္ျပန္ခဲ့သလို ၂၈ရက္ေန႔မွာေတာ့ CRPH မွာ ပါ၀င္ဖို႔ ဆႏၵမရိွတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔ နီးစပ္ရာ တိုင္းနဲ႔ျပည္နယ္၊ ခရိုင္ေကာင္စီေတြမွာ လူကိုယ္တုိင္ သတင္းပို႔ဖုိ႔နဲ႔ သတင္းေပးပို႔တာမရိွရင္ တည္ဆဲဥပေဒအရ အေရးယူသြားမယ္လုိ႔ ထုတ္ျပန္ထားတာပါ။

၂၀၂၀ ေရြးေကာက္ပဲြမွာ မဲအမ်ားဆံုး အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီက စစ္ကိုင္းတုိင္းေဒသၾကီး တမူးၿမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ႏိုင္၀င္းက စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ့ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီးVOA ကို အခုလို ေျပာပါတယ္။

“ ဒါကေတာ့ ရွင္းရွင္းေလးပါပဲ။ က်ေနာ္တုိ႔က ဘာမွ သြားၿပီး သတင္းပို႔စရာ အေၾကာင္းကို မရိွပါဘူး။ က်ေနာ္တုိ႔က စကတည္းက CRPH ကို ေထာက္ခံတယ္။ ေထာက္ခံလုိ႔လည္း ေထာက္ခံတဲ့အေၾကာင္း လက္မွတ္ ထုိးၿပီးမွ က်ေနာ္တုိ႔ ကိုယ္တုိင္ agreement လုပ္ခဲ့ၿပီးသားေလ။ ဒီအခ်ိန္မွာ ခုနက စစ္အာဏာရွင္က ေျပာသလို က်ေနာ္တုိ႔ကသြားၿပီးမွ မေထာက္ခံပါဘူးဆုိတဲ့ဟာ လုပ္စရာ အေၾကာင္းကို မရိွဘူး။ အဲဒါကေတာ့။ ”

၂၀၂၀ ေရြးေကာက္ပဲြမွာျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တုိင္းေဒသၾကီး ဒါမွမဟုတ္ ျပည္နယ္လႊတ္ေတာ္နဲ႔ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္ ၁၁၁၇နယ္ က်င္းပရာမွာ NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၉၂၀ အႏိုင္ရထားတာျဖစ္ပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြမွာ လႊတ္ေတာ္ကိုယ္စားလွယ္၇၁ေနရာနဲ႔ ဒုတိယအမ်ားဆံုး မဲအႏိုင္ရတဲ့ ျပည္ေထာင္စု ၾကံခိုင္ေရးနဲ႔ ဖံြ႔ျဖိဳးေရးပါတီ USDP က ေျပာေရးဆုိခြင္ရိွသူ ဦး သိန္းထြန္းဦးကေတာ့ သူတို႔ပါတီရဲ့ ရပ္တည္ခ်က္ကို အခုလုိ ေျပာပါတယ္။

“ CRPH နဲ႔ ပတ္သက္လုိ႔ က်ေနာ္တုိ႔ ပါတီဟာ လုပ္ေဆာင္ခ်က္ေတြမွာ ဥပေဒနဲ႔အညီ ရပ္တည္ခ်က္ေပၚမွာပဲ က်ေနာ္တုိ႔ ရပ္တည္ပါတယ္။ ဥပေဒနဲ႔ မညီတဲ့ ကိစၥေတြ အက်ံဳးမ၀င္တဲ့ ကိစၥေတြကို က်ေနာ္တုိ႔ ပါတီက လုပ္မွာ မဟုတ္ပါဘူးခင္ဗ်။”

၂၀၂၀ ေရြးေကာက္ပဲြမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၄၁ေနရာနဲ႔ တတိယမဲအမ်ားဆံုးရခဲ့တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ပါတီ SNLD က ေျပာေရးဆုိခြင့္ရိွသူ ဦးစိုင္းလိတ္ကလည္း သူတုိ႔ ပါတီရဲ့ သေဘာထားကို အခုလုိ ေျပာဆုိပါတယ္။

“ ဒီေန႔ အခ်ိန္ထိ CRPH မွာ က်ေနာ္တုိ႔ ပါ၀င္တာမ်ိဳးမရိွေသးပါဘူး။ ဒါေပမဲ့ CRPH ရဲ့ လုပ္ေဆာင္ေနတဲ့ လုပ္ငန္းေတြကို က်ေနာ္တုိ႔ အားေပးတယ္၊ ၾကိဳဆုိတယ္၊ ေထာက္ခံတယ္။ ေနာက္တစ္ဆင့္ေျပာခ်င္တာကေတာ့ ၂၀၂၀ ေရြးေကာက္ပဲြကေန လူထုဆႏၵနဲ႔ ေရြးေကာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဟာ ဒီေန႔ထိ လူထုရဲ့ ကိုယ္စားလွယ္မ်ားပဲျဖစ္တယ္ဆုိတာ က်ေနာ္တုိ႔က ယံုၾကည္လက္ခံထားတယ္။ ႏိုင္ငံတစ္ႏိုင္ငံမွာ လူထုရဲ႔ဆႏၵက အျမင့္ဆံုး ဥပေဒျဖစ္တယ္လို႔ က်ေနာ္တုိ႔က နားလည္တယ္။ အဲေတာ့ လူထုက ေပးထားတဲ့ Mandate မွာ ရိွထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ျဖစ္တာေၾကာင့္မုိ႔လုိ ဒီေန႔ ဒီအခ်ိန္ထိ သူတို႔ အေနနဲ႔ လူထုဆႏၵအရ လြတ္လပ္စြာ ရပ္တည္လုပ္ေဆာင္ပိုင္ခြင့္ရိွတယ္။ အဲဒါေၾကာင့္မို႔ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးခ်င္းစီ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ကသာလွ်င္ အဓိက က်တယ္လုိ႔ ဒီလုိပဲ ေျဖဆုိလုိပါတယ္။”

ကယားျပည္နယ္ ဒီမုိကရက္တစ္ပါတီ KySDP က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ခူးေညးရယ္က ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး သူတို႔ပါတီက အျခားကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးဖို႔ လိုအပ္ေၾကာင္းေျပာပါတယ္။

“ သူတို႔နဲ႔ေတြ႔ဆံုဖို႔ ၊ သူတုိ႔လည္း ဘယ္လို ေဆြးေႏြး၊ ဘယ္လုိ အၾကံဥာဏ္ေတြရိွလည္းဆိုတာ ေဆြးေႏြးခ်င္ ေသးတယ္ေပါ့။ ”

ကယားျပည္နယ္ ဒီမုိကရက္တစ္ပါတီဟာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္စုစုေပါင္း ၈ေနရာ အႏိုင္ရထားတဲ့ပါတီျဖစ္ပါတယ္။

၂၀၂၀ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ CRPH မွာ ပါ၀င္ဖုိ႔ ဆႏၵမရိွရင္ ဒီလ ၆ရက္ေန႔ ေနာက္ဆံုးထားၿပီး လူကိုယ္တုိင္ သတင္းေပးပုိ႔ဖို႔ နဲ႔ သတင္းေပးပို႔ျခင္းမရိွရင္ တည္ဆဲဥပေဒအရ အေရးယူသြားမွာျဖစ္ေၾကာင္းကို ျမန္မာ့ရုပ္ျမင္သံၾကားကေနလည္း ေန႔စဥ္ ထုတ္လႊင့္ေနပါတယ္။

တပ္မေတာ္က ၂၀၂၀ ေရြးေကာက္ပဲြမွာမဲစာရင္းကြာဟမႈ ၁၀သန္းေက်ာ္ရိွေၾကာင္း နဲ႔ ဒါဟာ မဲမသမာမႈရိွႏိုင္ေၾကာင္း ထုတ္ျပန္ၿပီးေနာက္ ေဖေဖာ္၀ါရီလ ၁ရက္ေန႔မွာ အေရးေပၚအေျခအေနေၾကညာၿပီး ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့တာျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG