သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်


တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်
please wait

No media source currently available

0:00 0:05:22 0:00
တိုက်ရိုက် လင့်ခ်

ယူနန်၊ မြန်မာ၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မယ့် လေးနိုင်ငံ စီးပွားရေးစင်္ကြ ံ တည်ထောင်ဖို့ တရုတ်အစိုးရ ကြံစည်နေတာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ လေ့လာရေး အစီရင်ခံစာ တင်ပြပြီး၊ အစည်းအဝေးမှာ ဆွေးနွေးတဲ့အဆင့်က မတက်နိုင်သေးပါဘူး။ လေးနိုင်ငံစီးပွားရေးစင်္ကြ ံဟာ ရည်ရွယ်ချက်ကြီးမားသလောက် အကောင်အထည်ဖော်ဖို့ ခက်ခဲနေပုံရပါတယ်။ ယူနန်နဲ့ အများဆုံးကုန်သွယ်နေတာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ယူနန်-မြန်မာ ကုန်သွယ်မှုတန်းဖိုးဟာ ဒေါ်လာသန်း (၆၀၀၀) နီးပါးဖြစ်လို့ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးထက် ဆယ်ဆလောက် ပိုများပါတယ်။

ဒါကြောင့် မြန်မာနဲ့ စီးပွားရေးစင်္ကြ ံတည်ဆောက်တာဟာ တရုတ်အတွက်ပိုပြီး လက်တွေ့ကျပါတယ်။ အနောက်တိုင်းက ဒဏ်ခတ်အရေးယူလို့ ဗမာစစ်အစိုးရက တရုတ်ကို မှီခိုခဲ့ရတဲ့ အဖြစ်မျိုး ရောက်ခဲ့သလို၊ အခုလည်း ရခိုင်မြောက်ပိုင်းပြဿနာကြောင့် မြန်မာအစိုးရကို အရေးယူဖို့ အနောက်တိုင်းမှာ ဆွေးနွေးနေကြပါတယ်။ ဒီအချိန်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ တည်ဆောက်ဖို့ စေ့စပ်ဆွေးနွေးပြီး စက်တင်ဘာမှာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပါတယ်။ ယူနန်၊ မန္တလေး၊ ကျောက်ဖြူ၊ ရန်ကုန်ကို ကားလမ်း၊ ရထားလမ်းနဲ့ဆက်ထားပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီလို စီးပွားရေးစင်္ကြ ံမျိုး တည်ဆောက်ဖို့ စစ်အစိုးရလက်ထက်ကတည်းက ကြံစည်ခဲ့ပုံကို Clare Hammond က ဝန်ကြီးဟောင်းဦးအောင်မင်းနဲ့ တွေ့ဆုံမေးမြန်းပြီး Frontier စာစောင်မှာ စက်တင်ဘာလ (၂၆)ရက်နေ့က ရေးထားပါတယ်။ စစ်တွေကနေ ကျိုင်းတုံရထားလမ်းဖောက်ဖို့ မီးရထားဝန်ကြီး ဦးအောင်မင်းက တာဝန်ယူခဲ့ရပါတယ်။ ရထားလမ်းစီမံကိန်းကို ရက်ရက်ရောရော ကူညီမယ့်သူဟာ တရုတ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ဖြူ-ယူနန် ရထားလမ်းကိုသာ တရုတ်က စိတ်ဝင်စားပါတယ်။ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းလိုက်ပေမယ့် အနောက်တိုင်းဟာ တရုတ်ကို အစားမထိုးနိုင်ပါဘူး။ မေလက နုတ်ထွက်သွားခဲ့တဲ့ ဝန်ကြီးဦးကျော်ဝင်းနဲ့ ကုန်သည်စက်မှုအသင်းချုပ် ကိုယ်စားလှယ်တွေ ဖေဖေါ်ဝါရီလက ယူနန်မှာ တွေ့ဆုံဆွေးနွေးတာကို အခြေခံပြီးတော့ စက်တင်ဘာလမှာ စီးပွားရေးစင်္ကြ ံအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးတာ ဖြစ်ပါတယ်။ (၁၅) နှစ်လောက် ကြံစည်လာခဲ့တဲ့ မဟာစီမံကိန်း ဖြစ်ပါတယ်။

စီးပွားရေးစင်္ကြ ံစီမံကိန်း မပေါ်မီကတည်းကရှိခဲ့တဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေကို စင်္ကြံလမ်းစီမံကိန်းနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ လိုပါတယ်။ မူဆယ်သွားတဲ့ ကားလမ်းဟာ (၆) ဘီးကားတွေအတွက် ဆောက်လုပ်ထားပေမယ့် (၂၂) ဘီးကားတွေ သွားနေလို့ ပြုပြင်နေရပါတယ်။ ဒေါ်လာသန်း (၃၀၀၀)ကုန်ကျမယ့် ရန်ကုန်မိုးပျံရထား၊ ဒေါ်လာသန်း (၂၅၀၀) တန် ရန်ကုန်ဘူတာကြီး၊ ဒေါ်လာသန်း (၂၀၀၀)ကျော် ကုန်ကျမယ့် ရန်ကုန်မြို့ပတ် မီးရထားလမ်း စီမံကိန်းတွေ ပါဝင်နေပါတယ်။ ဒေါ်လာသန်း (၂၀,၀၀၀) လောက် ကုန်ကျမယ်လို့ ခန့်မှန်းပြီး တရုတ်က (၉၀)ရာခိုင်နှုန်း စိုက်ထုတ်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ စီးပွားရေးစင်္ကြ ံ စီမံကိန်းအကောင်အထည်ဖော်ရင် မြန်မာနိုင်ငံဟာပိုပြီး ကြွေးထူလာနိုင်ပါတယ်။

တရုတ်အစိုးရရဲ့ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှာ တရုတ် စံချိန်စံညွှန်းကို အသုံးပြုရေးဟာ အဓိက ဦးတည်ချက်တခု ဖြစ်တယ်လို့ ဇေဂျန်တက္ကသိုလ် ဘောဂဗေဒသုတေသီ မြတ်မြတ်မွန်က အောက်တိုဘာလ (၁၀)ရက်နေ့ထုတ် Oxford တက္ကသိုလ် Tea Circle စာတမ်းမှာ ရေးသားဖော်ပြ ထားပါတယ်။ တရုတ်စံချိန်စံညွှန်းကို အများကလက်ခံလာရင် တရုတ်က အမြဲတမ်း အပေါ်စီးရနေမှာ ဖြစ်ပါတယ်။ မြန်မာကလည်း ၂၀၁၄ မှာ "စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေ" ပြဌာန်းပြီး အမျိုးသားကောင်စီကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း၊ ဒေသဆိုင်ရာ စံချိန်စံညွှန်း၊ ပြည်ပစံချိန်စံညွှန်း စတာတွေထဲမှာ သင့်တော်တဲ့ စံချိန်စံညွှန်းကို အမျိုးသားကောင်စီက လက်ခံနိုင်ပါတယ်။ ဒါမှမဟုတ်လဲ မြန်မာ့အခြေအနေနဲ့အညီ ပြုပြင်ထားတဲ့ စံချိန်စံညွှန်းကို သတ်မှတ်နိုင်တယ်လို့ ပုဒ်မ (၅) မှာ ရှင်းပြထားပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ တရုတ်က အမြဲတမ်း အပေါ်စီးရနေတာတွေ အများကြီးရှိနေတာကို သတိပြုသင့်ကြောင်း ထောက်ပြကြပါတယ်။ ဥပမာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က အများဆုံးတင်ပို့နေတဲ့ ဆန်၊ သကြားနဲ့ ပြောင်းတို့ကို တရုတ်ဘက်မှာ တရားမဝင်တဲ့ စားသုံးကုန်အဖြစ် သတ်မှတ်ထားပေမယ့် ဝယ်ယူနေကြပါတယ်။ ဒါကြောင့် မြန်မာပို့ကုန်တွေကို တရုတ်က အချိန်မရွေး ပိတ်ပင်တားမြစ်တာ၊ ထိန်းချုပ်တာတွေ လုပ်နိုင်ပါတယ်။ နယ်စပ်က တရုတ်ဝန်ထမ်းတွေဟာ ဥပဒေတွေကို ဂရုမစိုက်ဘဲ အဂတိလိုက်စားသူတွေ ဖြစ်တယ်လို့ မြန်မာအရာထမ်း ဦးစိုးမြင့်အောင်က Frontier စာစောင်ကို ရှင်းပြခဲ့ပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံကိစ္စ ဆွေးနွေးရာမှာ အကြံပေးဖြစ်ခဲ့တဲ့ ကုန်သွယ်စက်မှုအသင်းချုပ်ဟာ အကောင်အထည်ဖော်ရာမှာလည်း အရေးပါ အရာရောက်နေပါတယ်။ အသင်းဝင်တဲ့ကုမ္ပဏီသာ စီးပွားရေးစင်္ကြ ံမှာ ပါဝင်လုပ်ကိုင်ခွင့် ရှိပါတယ်။ တရုတ်-မြန်မာ စီးပွားရေးကောင်စီကိုလည်း ကုန်သည်စက်မှုအသင်းချုပ်ကပဲ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံဟာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြုပ်နံှရမယ့် ရေရှည်စီမံကိန်းကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ရော၊ မြန်မာရော အဂတိလိုက်စားရာမှာ နာမည်ရထားသူတွေဖြစ်လို့ တဖြည်းဖြည်းနဲ့ တရုတ်ကိုလိုနီဘဝကို ရောက်မသွားအောင် အထူးဂရုပြုရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG