သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မိုခါ"ဆိုင်ကလုန်းကြောင့် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ထောင်ချီပျက်စီး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ကလေးငယ်တဦးကို အမိုးပေါ်တွင်တွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ကလေးငယ်တဦးကို အမိုးပေါ်တွင်တွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ယာယီအိမ်ခန်း ထောင်နဲ့ချီ ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Teknaf နဲ့ Ukhiya ဒုက္ခသည်စခန်းတွေမှာ အိမ်ပေါင်း ၂၈၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။ မုန်တိုင်းဒဏ်ခံရနိုင်တဲ့ အန္တရာယ်ရှိသူတွေကို အချိန်မီဘေးလွတ်ရာ ပြောင်းရွှေ့နိုင်တာကြောင့် အသက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က Twitter လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းကြောင့် အနည်းဆုံး ၃ ဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ သေဆုံးတဲ့ သတင်းမကြားရပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေရှိတဲ့ နေရာကို မုန်တိုင်း တိုက်ခတ်ခဲ့တဲအတွက် အင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြို့သူမြို့သားတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘေးကင်းရာ ကြိုတင်ရွှေ့ပြောင်းပေးခဲ့တာပါ။ ဒုက္ခသည် တစ်သန်း လောက်နေထိုင်တဲ့ Cox's Bazar ဒုက္ခသည်စခန်း ကို ထိခိုက်တာ နည်းပြီး လူ ၁၇၀၀ လောက်အပေါ်ပဲ သက်ရောက်မှုရှိခဲ့တဲ့အကြောင်းနဲ့ အိမ်ခြေ ၃၀၀ လောက် ထိခိုက်ခဲ့တဲ့အကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ IFRC တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG