သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အရေးပေါ်အခြေအနေ သက်တမ်း ၆ လထပ်တိုး


(မှတ်တမ်း ဓါတ်ပုံဟောင်း) စစ်တပ် အာဏာသိမ်းနေ့က အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပခဲ့စဉ် (၂၀၂၁ ဖေဖေါ်ဝါရီလ)
(မှတ်တမ်း ဓါတ်ပုံဟောင်း) စစ်တပ် အာဏာသိမ်းနေ့က အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပခဲ့စဉ် (၂၀၂၁ ဖေဖေါ်ဝါရီလ)

မြန်မာစစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံံခြုံရေးကောင်စီ အစည်းဝေးပွဲကို ဒီကနေ့မနက်က နေပြည်တော်မှာကျင်းပပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားတာကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေရဲ့လက်မှတ်နဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် သက်တမ်းတိုးခြင်းလည်း ဖြစ်ပါတယ်။

ဒီအစည်းဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှှုးကြီး စိုးဝင်းနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ အထူးဖိတ်ကြားတဲ့ တပ်မတော် အရာရှိတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေးကြောင့် စည်းဝေးပွဲကို မတက်ရောက်ခဲ့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ တနှစ်နဲ့ ၆ လပြည့်အဖြစ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနက်ဖြန် သြဂုတ်လ ၁ ရက်နေ့၊ မနက် ၈ နာရီမှာ မြန်မာ့အသံကနေ မိန့်ခွန်းပြောကြားမယ့်အကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

=== Unicode ====





XS
SM
MD
LG