သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲထားတဲ့ အဂတိမႈ ၃ မႈ ၾကားနာစစ္ေဆး


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု -Myanmar State Counsellor Office - ၾသဂုတ္ ၀၅၊ ၂၀၂၀)

ေလယာဥ္ငွားရမ္းမႈကိစၥ၊ သစ္လုပ္ငန္းပါမစ္ေလ ွ်ာက္ထားမႈကိစၥတို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီထပ္ၿပီးတရားစြဲထားတဲ့ အဂတိလိုက္စားမႈ ၅ မႈကို ေနျပည္ေတာ္အထူးတရား႐ုံးမွာ ၾကားနာဖို႔ ဒီေန႔ စတင္ေဆာင္႐ြက္ခဲ့ပါတယ္။ အရင္ထဲကတရားစြဲထားတဲ့ အဂတိလိုက္စားမႈေတြထဲက ၃ မႈကိုလည္း ဒီေန႔ၾကားနာစစ္ေဆးပါတယ္။ ေနာက္တေခါက္႐ုံးခ်ိန္းက်ရင္ေတာ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းတာဝန္ရွိသူ ေဒါက္တာသန႔္ေသာ္ေကာင္းကို စစ္ေကာင္စီက သက္ေသထြက္ဆိုဖို႔ ေခၚထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အမႈအေၾကာင္း ေနာက္ဆုံးသိရသမ ွ် ရန္ကုန္ကလာတဲ့ သတင္းကို မျမဇင္ေအာင္ ကေျပာျပပါမယ္။

စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈ ၅ မႈနဲ႔ ထပ္တိုးတရားစြဲထားတဲ့ အမႈေတြကို ေနျပည္ေတာ္ အထူးတရား႐ုံးမွာ ေသာၾကာေန႔တိုင္း ၾကားနာသြားဖို႔ ဒီေန႔ စတင္ေဆာင္႐ြက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ NLD အစိုးရလက္ထက္ သမၼတ ဦးဝင္းျမင့္၊ လူကယ္ျပန္ဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးတို႔အေပၚ အဂတိလိုက္စားမႈေတြ ထပ္တိုးထားတာျဖစ္ပါတယ္။ ဘယ္သူနဲ႔ ဘယ္လို ပုဒ္မတပ္ အမႈတြဲ တရားစြဲသလဲဆိုတာေတာ့ ခုထိမသိရေသးဘူးလို႔ ေရွ႕ေနတဦးကခုလိုရွင္းျပပါ တယ္။

" ရက္ခ်ိန္းကေတာ့ ၂၁ရက္ေန႔ေပါ့။ တေယာက္ထဲေတာ့မဟုတ္ဘူး။ ၃ေယာက္ပါတဲ့အမႈ ရွိသလို ၂ေယာက္ပါတဲ့ ဟာ ရွိတယ္။အတိအက်ေတာ့ မသိေသးဘူး။ တေယာက္ထဲေတာ့တခုမွမပါဘူး။ေလာေလာဆယ္ေတာ့ေသာၾကာေန႔ ဘဲေပးထားတယ္။ ေလာေလာဆယ္ေတာ့ ေသာၾကာေန႔ေပးထားတယ္။ေသာၾကာေန႔တိုင္းစစ္ဖို႔မ်ားပါတယ္။ ဘာေၾကာင့္ ဘာအတြက္လဲ ဘယ္လိုဆိုတဲ့ အတိအက်ေတြကေတာ့ အတိအက်ေျပာလို႔မရေသးဘူး။ "

အဂတိလိုက္စားမႈအသစ္ ၅ မႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ဘယ္ေရွ႕ေနေတြ ဘယ္အမႈကိုင္တြယ္မယ္ဆိုတာ လာမယ့္ ဇန္နဝါရီလ ၂၁ ရက္ ႐ုံးခ်ိန္းမွာ တရား႐ုံးကို တင္ျပဖို႔ ရက္ခ်ိန္းေပးထားပါတယ္။

ဒီေန႔မွာ အရင္ထဲက ၾကားနာစစ္ေဆးေနတဲ့ အဂတိလိုက္စားမႈေတြထဲက ၃ မႈကို ၾကားနာစစ္ေဆးပါတယ္။ ေနျပည္ေတာ္မွာ လေရာင္ေတာ စိုက္ပ်ိဳးသက္ေမြးပညာ သင္တန္းေက်ာင္း စီမံကိန္းအတြက္ ေျမေနရာ ၂ ခုရယူခဲ့ မႈမွာ ရာထူးအာဏာသုံးခဲ့တယ္ဆိုၿပီး NLD အစိုးရဝန္ႀကီးေတြနဲ႔အတူ ပူးတြဲစြဲ ထားတဲ့ အမႈ ၂ မႈနဲ႔ ရန္ကုန္တိုင္းေဒသႀကီးမွာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ေျမေနရာယူမႈ ၁ မႈအတြက္ စစ္ေဆး ခဲ့တာျဖစ္ပါတယ္။ အဲဒီအမႈ ၃ ခုလုံးအတြက္ စစ္ေကာင္စီဘက္က လိုျပသက္ေသအေနနဲ႔ ရန္ကုန္ တိုင္းေဒသႀကီး စာရင္း စစ္ခ်ဳပ္ ေဒၚခင္မာခ်ိဳကို ၂ ဖက္ေရွ႕ေနေတြ ျပန္လွန္ေမးခဲ့တယ္လို႔ သိရပါတယ္။

ဒီအမႈေတြအတြက္ ေနာက္ထပ္ ႐ုံးခ်ိန္းကိုလာမယ့္ ဇန္နဝါရီလ ၂၁ ရက္ေန႔ ခ်ိန္းဆိုထားၿပီးအဲဒီေန႔က်ရင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ေျမေနရာယူမႈ ၂ ခု၊ အဲဒီေျမေနရာေပၚမွာ အိမ္ေဆာက္တာနဲ႔ပါတ္သက္တဲ့ အမႈ၊ ရန္ကုန္တိုင္းမွာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ေျမေနရာယူမႈအမႈ စတဲ့ စုစုေပါင္းအမႈ ၄ မႈကို ၾကားနာ စစ္ေဆးမွာျဖစ္ပါတယ္။ အဲဒီအမႈေတြအတြက္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းတာဝန္ရွိသူတဦးျဖစ္တဲ့ ေဒါက္တာသန႔္ေသာ္ေကာင္း ကို စစ္ေကာင္စီက လိုျပသက္ေသအေနနဲ႔ ေခၚထားတယ္လို႔ သိရပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္တယ္ဆိုၿပီးလည္း တရားစြဲဖို႔ စစ္ေကာင္စီက ျပင္ဆင္ေနပါတယ္။ ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးခင္ေမာင္ဦးက ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD သမၼတဦးဝင္းျမင့္၊ တိုင္းနဲ႔ျပည္နယ္ကသက္ဆိုင္ရာ ဝန္ႀကီးခ်ဳပ္ေတြ ဝန္ႀကီးေတြအပါအဝင္ အေယာက္ ၄၀၀ ေက်ာ္ကို တရားစြဲမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

" မဲမသမာမႈမ်ားနဲ႔တရားမဲ့ ျပဳက်င့္မႈ ျဖစ္စဥ္ေတြမွာပါဝင္ေဆာင္႐ြက္ခဲ့ၾက သူ ေတြ ကိုဥပေဒနဲ႔အညီအေရးယူေဆာင္ ႐ြက္ေနတာမွာ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးဝင္းျမင့္၊ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၊ ဝန္ႀကီး ေဟာင္းဦးမင္းသူ အရင္ေကာ္မရွင္ဥကၠဌနဲ႔အဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီးနဲ႔ ျပည္ နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္းမ်ား၊လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ပါတီေအာင္ႏိုင္ေရးအဖြဲ႕ဝင္မ်ား၊ေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲငယ္ဝင္မ်ား၊စတဲ့ က်ဴးလြန္သူ ၄၂၂ဦးကိုလည္း အေရးယူေဆာင္႐ြက္ဆဲလဲရွိပါတယ္။ ဆက္လက္စိစစ္ေဆာင္႐ြက္ဆဲလည္းျဖစ္ပါတယ္။ "

ေဒၚေအာင္ဆန္းစုၾကည္တို႔ကိုဘယ္ပုဒ္မေတြနဲ႔ တရားစြဲမလဲဆိုတာကိုေတာ့ သတင္းစာရွင္းလင္းပြဲမွာ တိတိက်က် ေျပာဆိုခဲ့တာမရွိပါဘူး။ လက္ရွိခ်ိန္ထိလဲ စြပ္စြဲခံရသူ ေဒၚေအာင္ဆန္းစုၾကည္နဲ႔သမၼတတို႔ဆီကို စြဲဆိုမယ့္ အမႈေတြ အတြက္ အေၾကာင္းၾကားထားတာမရွိေသးဘူးလို႔ စုံစမ္းသိရပါတယ္။ တိုင္းနဲ႔ျပည္နယ္ကသက္ဆိုင္ရာ ဝန္ႀကီးခ်ဳပ္ေတြ၊ ဝန္ႀကီးေတြကိုေတာ့ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒေတြနဲ႔ တရားစြဲထားတဲ့အတြက္ တခ်ိဳ႕လည္း ၾကားနာမႈေတြ စတင္ေနပါၿပီ၊

NLD ပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲ ကာလအတြင္း သုံးစြဲေငြေတြကို ဥပေဒနဲ႔အညီ ေဆာင္႐ြက္ခဲ့ရဲ႕လားဆိုတာကိုေတာ ခုခ်ိန္ထိ မစစ္ေဆးရေသးဘူးလို႔ ေကာင္မရွင္ ၫႊန္ၾကားေရးမႉးခ်ဳပ္က ခုလိုေျပာပါတယ္။

"ပါတီေတြကိုစစ္ေဆးတဲ့ အခါမွာ ဒီဇင္ဘာလထိ ၅၁ ပါတီကိုစစ္ေဆးၿပီးပါၿပီဆိုတာ ရွင္းလင္းတင္ျပၿပီးျဖစ္ပါတယ္။ က်န္တာ ၄၂ ပါတီက်န္ပါတယ္။ အဲထဲမွာ NLD ပါတီလည္းက်န္ပါ တယ္။ စိစစ္တဲ့ အခါမွာ ေကာ္မရွင္အေနနဲ႔ပါတီ အႀကီးအေသးလိုက္ မွ်စစ္ေနတာျဖစ္ပါတယ္။ NLD ပါတီကိုမစစ္ရ ေသး ပါဘူး။သတ္မွတ္ ခ်က္နဲ႔အညီပါတီအားလုံး ကိုစစ္မယ့္အေၾကာင္းေျဖခ်င္ပါတယ္။"

NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈေပါင္း ၁ ဒါဇင္ေက်ာ္နဲ႔ စစ္ေကာင္စီက တရားစြဲထားတဲ့ထဲက လက္ရွိမွာ အမႈ ၅ မႈအတြက္ ေထာင္ဒဏ္ စုစုေပါင္း ၆ ႏွစ္ခ်မွတ္ခံထားရပါတယ္။ ႏိုင္ငံတကာဘက္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတိုက္အခံ ႏိုင္ငံေရးသမားေတြကိုျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနတာေတြရွိၿပီး ဒီအေပၚမွာေတာ့စစ္ေကာင္စီဘက္က ထည့္သြင္းစဥ္းစားဖို႔ မရွိေၾကာင္းနဲ႔ဥပေဒအထက္မွာဘယ္သူမွမရွိတာမို႔ ဥပေဒတိုင္းသာ ခ်မွတ္သြားမွာျဖစ္တယ္လို႔ ဒီကေန႔လုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာဆိုခဲ့ပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အဂတိမှု ၃ မှု ကြားနာစစ်ဆေး

လေယာဉ်ငှားရမ်းမှုကိစ္စ၊ သစ်လုပ်ငန်းပါမစ်လေ ျှာက်ထားမှုကိစ္စတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီထပ်ပြီးတရားစွဲထားတဲ့ အဂတိလိုက်စားမှု ၅ မှုကို နေပြည်တော်အထူးတရားရုံးမှာ ကြားနာဖို့ ဒီနေ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အရင်ထဲကတရားစွဲထားတဲ့ အဂတိလိုက်စားမှုတွေထဲက ၃ မှုကိုလည်း ဒီနေ့ကြားနာစစ်ဆေးပါတယ်။ နောက်တခေါက်ရုံးချိန်းကျရင်တော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတာဝန်ရှိသူ ဒေါက်တာသန့်သော်ကောင်းကို စစ်ကောင်စီက သက်သေထွက်ဆိုဖို့ ခေါ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုအကြောင်း နောက်ဆုံးသိရသမ ျှ ရန်ကုန်ကလာတဲ့ သတင်းကို မမြဇင်အောင် ကပြောပြပါမယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု ၅ မှုနဲ့ ထပ်တိုးတရားစွဲထားတဲ့ အမှုတွေကို နေပြည်တော် အထူးတရားရုံးမှာ သောကြာနေ့တိုင်း ကြားနာသွားဖို့ ဒီနေ့ စတင်ဆောင်ရွက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD အစိုးရလက်ထက် သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့အပေါ် အဂတိလိုက်စားမှုတွေ ထပ်တိုးထားတာဖြစ်ပါတယ်။ ဘယ်သူနဲ့ ဘယ်လို ပုဒ်မတပ် အမှုတွဲ တရားစွဲသလဲဆိုတာတော့ ခုထိမသိရသေးဘူးလို့ ရှေ့နေတဦးကခုလိုရှင်းပြပါ တယ်။

" ရက်ချိန်းကတော့ ၂၁ရက်နေ့ပေါ့။ တယောက်ထဲတော့မဟုတ်ဘူး။ ၃ယောက်ပါတဲ့အမှု ရှိသလို ၂ယောက်ပါတဲ့ ဟာ ရှိတယ်။အတိအကျတော့ မသိသေးဘူး။ တယောက်ထဲတော့တခုမှမပါဘူး။လောလောဆယ်တော့သောကြာနေ့ ဘဲပေးထားတယ်။ လောလောဆယ်တော့ သောကြာနေ့ပေးထားတယ်။သောကြာနေ့တိုင်းစစ်ဖို့များပါတယ်။ ဘာကြောင့် ဘာအတွက်လဲ ဘယ်လိုဆိုတဲ့ အတိအကျတွေကတော့ အတိအကျပြောလို့မရသေးဘူး။ "

အဂတိလိုက်စားမှုအသစ် ၅ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်ရှေ့နေတွေ ဘယ်အမှုကိုင်တွယ်မယ်ဆိုတာ လာမယ့် ဇန်နဝါရီလ ၂၁ ရက် ရုံးချိန်းမှာ တရားရုံးကို တင်ပြဖို့ ရက်ချိန်းပေးထားပါတယ်။

ဒီနေ့မှာ အရင်ထဲက ကြားနာစစ်ဆေးနေတဲ့ အဂတိလိုက်စားမှုတွေထဲက ၃ မှုကို ကြားနာစစ်ဆေးပါတယ်။ နေပြည်တော်မှာ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာ ၂ ခုရယူခဲ့ မှုမှာ ရာထူးအာဏာသုံးခဲ့တယ်ဆိုပြီး NLD အစိုးရဝန်ကြီးတွေနဲ့အတူ ပူးတွဲစွဲ ထားတဲ့ အမှု ၂ မှုနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်မြေနေရာယူမှု ၁ မှုအတွက် စစ်ဆေး ခဲ့တာဖြစ်ပါတယ်။ အဲဒီအမှု ၃ ခုလုံးအတွက် စစ်ကောင်စီဘက်က လိုပြသက်သေအနေနဲ့ ရန်ကုန် တိုင်းဒေသကြီး စာရင်း စစ်ချုပ် ဒေါ်ခင်မာချိုကို ၂ ဖက်ရှေ့နေတွေ ပြန်လှန်မေးခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုတွေအတွက် နောက်ထပ် ရုံးချိန်းကိုလာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ ချိန်းဆိုထားပြီးအဲဒီနေ့ကျရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာယူမှု ၂ ခု၊ အဲဒီမြေနေရာပေါ်မှာ အိမ်ဆောက်တာနဲ့ပါတ်သက်တဲ့ အမှု၊ ရန်ကုန်တိုင်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာယူမှုအမှု စတဲ့ စုစုပေါင်းအမှု ၄ မှုကို ကြားနာ စစ်ဆေးမှာဖြစ်ပါတယ်။ အဲဒီအမှုတွေအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာသန့်သော်ကောင်း ကို စစ်ကောင်စီက လိုပြသက်သေအနေနဲ့ ခေါ်ထားတယ်လို့ သိရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဥပဒေချိုးဖောက်တယ်ဆိုပြီးလည်း တရားစွဲဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD သမ္မတဦးဝင်းမြင့်၊ တိုင်းနဲ့ပြည်နယ်ကသက်ဆိုင်ရာ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေအပါအဝင် အယောက် ၄၀၀ ကျော်ကို တရားစွဲမယ်လို့ ပြောဆိုလိုက်ပါတယ်။

" မဲမသမာမှုများနဲ့တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်တွေမှာပါဝင်ဆောင်ရွက်ခဲ့ကြ သူ တွေ ကိုဥပဒေနဲ့အညီအရေးယူဆောင် ရွက်နေတာမှာ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဝန်ကြီး ဟောင်းဦးမင်းသူ အရင်ကော်မရှင်ဥက္ကဌနဲ့အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနဲ့ ပြည် နယ် ဝန်ကြီးချုပ်ဟောင်းများ၊လွှတ် တော်ကိုယ်စားလှယ်လောင်းများ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ၊ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲငယ်ဝင်များ၊စတဲ့ ကျူးလွန်သူ ၄၂၂ဦးကိုလည်း အရေးယူဆောင်ရွက်ဆဲလဲရှိပါတယ်။ ဆက်လက်စိစစ်ဆောင်ရွက်ဆဲလည်းဖြစ်ပါတယ်။ "

ဒေါ်အောင်ဆန်းစုကြည်တို့ကိုဘယ်ပုဒ်မတွေနဲ့ တရားစွဲမလဲဆိုတာကိုတော့ သတင်းစာရှင်းလင်းပွဲမှာ တိတိကျကျ ပြောဆိုခဲ့တာမရှိပါဘူး။ လက်ရှိချိန်ထိလဲ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတတို့ဆီကို စွဲဆိုမယ့် အမှုတွေ အတွက် အကြောင်းကြားထားတာမရှိသေးဘူးလို့ စုံစမ်းသိရပါတယ်။ တိုင်းနဲ့ပြည်နယ်ကသက်ဆိုင်ရာ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကိုတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ တရားစွဲထားတဲ့အတွက် တချို့လည်း ကြားနာမှုတွေ စတင်နေပါပြီ၊

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ကာလအတွင်း သုံးစွဲငွေတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ရဲ့လားဆိုတာကိုတော ခုချိန်ထိ မစစ်ဆေးရသေးဘူးလို့ ကောင်မရှင် ညွှန်ကြားရေးမှူးချုပ်က ခုလိုပြောပါတယ်။

"ပါတီတွေကိုစစ်ဆေးတဲ့ အခါမှာ ဒီဇင်ဘာလထိ ၅၁ ပါတီကိုစစ်ဆေးပြီးပါပြီဆိုတာ ရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်။ ကျန်တာ ၄၂ ပါတီကျန်ပါတယ်။ အဲထဲမှာ NLD ပါတီလည်းကျန်ပါ တယ်။ စိစစ်တဲ့ အခါမှာ ကော်မရှင်အနေနဲ့ပါတီ အကြီးအသေးလိုက် မျှစစ်နေတာဖြစ်ပါတယ်။ NLD ပါတီကိုမစစ်ရ သေး ပါဘူး။သတ်မှတ် ချက်နဲ့အညီပါတီအားလုံး ကိုစစ်မယ့်အကြောင်းဖြေချင်ပါတယ်။"

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁ ဒါဇင်ကျော်နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့ထဲက လက်ရှိမှာ အမှု ၅ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၆ နှစ်ချမှတ်ခံထားရပါတယ်။ နိုင်ငံတကာဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတိုက်အခံ နိုင်ငံရေးသမားတွေကိုပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာတွေရှိပြီး ဒီအပေါ်မှာတော့စစ်ကောင်စီဘက်က ထည့်သွင်းစဉ်းစားဖို့ မရှိကြောင်းနဲ့ဥပဒေအထက်မှာဘယ်သူမှမရှိတာမို့ ဥပဒေတိုင်းသာ ချမှတ်သွားမှာဖြစ်တယ်လို့ ဒီကနေ့လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG