သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံအမှု နေပြည်တော်မှာကြားနာ


ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ အာဆီယံအစည်းအဝေးတခုအတွင်းတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဇွန် ၂၂၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ အာဆီယံအစည်းအဝေးတခုအတွင်းတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဇွန် ၂၂၊ ၂၀၁၉)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရပြီး၊ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက အဂတိလိုက်စားမှု စွဲချက်နဲ့ ထောင်ချထားတဲ့အမှုအတွက် အထူးအယူခံကို ဒီကနေ့ နေပြည်တော်မှာ ကြားနာပါတယ်။

(NLD) အစိုးရလက်ထက်နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ တာဝန်ယူချိန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံကနေ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူတယ်လို့ စွပ်စွဲခံရပြီး ထောင်ငါးနှစ် ချမှတ် ခံထားရတဲ့ အတွက် နိုင်ငံတော် အထူးတရားရုံးမှာ အမိန့်ပြင်ဆင်ပေးဖို့ လျှောက်လဲချက်ကို ဒီကနေ့ ကြားနာခဲ့တာပါ။

အကျိုးဆောင် ရှေ့နေတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့အတွက် လွှတ်ပေးသင့်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုတင်ပြခဲ့ပြီး၊ လျှောက်လဲချက်နဲ့ ပတ်သက်လို့ ရှေ့နှစ်ဆန်းပိုင်းမှာ အမိန့်ချမယ်လို့လည်း ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့လကလည်းနေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာ ဝယ်ယူမှု၊ အဆောက်အဦး ဆောက်လုပ်မှုတွေမှာ အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အမိန့်ချမှတ် ထား တဲ့ အဂတိအမှု ၄ မှုနဲ့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီကနေ ဒေါ်လာနဲ့ ငွေကြေး လာဘ်ယူတာတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲ အမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၂ မှု စုစုပေါင်း ၆ မှုအတွက် ချမှတ်ထား တဲ့အမိန့် တွေကို ပြင်ဆင်ပေးဖို့ လျှောက်လဲချက်ကို နိုင်ငံတော်အထူးတရားရုံးဘက်ကပယ်ချခဲ့ပါ တယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ၁ မှု၊ သဘာဝဘေး စီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိလို့ ဆက်သွယ်ရေးနဲ့ ပို့ကုန် သွင်းကုန် အမှု ၂ ခု၊ စုစုပေါင်း ၅ မှုအတွက် ကျူးလွန်ခဲ့ခြင်း မရှိလို့ အပြစ်မရှိကြောင်း အထူးအယူခံကို နိုင်ငံတော် အထူးတရားရုံးဘက်က ပယ်ချခဲ့တာ ရှိခဲ့ပါသေးတယ်။

ဒီလို ပယ်ချခံရတဲ့အမှုတွေကို ၂၀၁၀ ခုနှစ်ပြည်ထောင်စုလွှတ်တော်တရားစီရင်ရေးပုဒ်မ ၂၀အရ ပြည်ထောင် စု တရားသူကြီးချုပ်ကို ဒီအမှုတွေကို ပြန်လည်သုံးသပ်ပေးဖို့ ရှေ့နေတွေဘက်ကထပ်ပြီး အဆင့်ဆင့် အယူခံဝင်နိုင်သေးတာမို့ ဆက်လက်အယူခံ ထပ်ဝင်သွားဖို့ရှိနေတယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ သူတွေကပြောပါတယ်။ လက်ရှိမှာတော့ အမှုတွေ အကုန်လုံးကို အယူခံလျှောက်လဲထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG