သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ စြဲဆိုခံရတဲ့ သဘာဝေဘးအႏၲရာယ္အမႈ သက္ေသစာရင္း တင္သြင္း


တရားခြင္တခုအတြင္း ေတြ႔ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္။ (ေမ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ႏုိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ စြဲခ်က္တင္ခံထားရတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈအတြက္ NLD နာယက ဦးဝင္းထိန္ အပါအဝင္ သက္ေသထြက္ဆိုမယ့္သူ စာရင္းကို ဒီကေန႔ တရား႐ံုးမွာ တင္ျပ ေလွ်ာက္ထားခဲ့တယ္လို႔ စုံစမ္းသိရွိရပါတယ္။

ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ တနလၤာေန႔တိုင္း စစ္ေဆးေနတဲ့ သမၼတ ဦးဝင္းျမင့္ရဲ႕ သဘာဝေဘးအမႈ ၁ မႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈ ၃ မႈတို႔ကို ဒီကေန႔ ၾကားနာစစ္ေဆးခဲ့တာမွာ သဘာဝေဘး အမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဘက္ကေန သက္ေသလိုက္မယ့္ နာမည္စာရင္း တင္သြင္းခဲ့တာပါ။ နာယက ဦးဝင္းထိန္ကို သက္ေသထြက္ဆိုဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနေတြက ေလွ်ာက္ထားခဲ့ေပမယ့္ တရားသူႀကီး လက္ခံမခံ ဆိုတာေတာ့ မသိရေသးပါဘူး။

ၿပီးခဲ့တဲ့ တနလၤာေန႔ ႏိုဝင္ဘာ ၁ ရက္ေန႔တုန္းက သဘာဝေဘးအမႈ ၾကားနာခဲ့စဥ္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သက္ေသထြက္ဆုိခဲ့ပါတယ္။

ဒီေန႔မွာ သဘာဝေဘးအမႈအျပင္ ေနာက္ထပ္ စြဲခ်က္ေတြတင္ထားတဲ့ ဆက္သြယ္ေရးဥပေဒ ခ်ဳိးေဖာက္တယ္ဆုိတဲ့ အမႈ၊ ပို႔ကုန္သြင္းကုန္ဥပေဒ ခ်ဳိးေဖာက္တယ္ဆိုတဲ့ အမႈေတြအတြက္လည္း ၾကားနာစစ္ေဆးခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက သတင္းမီဒီယာေတြကို သတင္းမေပးရလို႔ တားျမစ္ခံထားရတဲ့အတြက္ တရား႐ံုးၾကားနာပြဲ အေသးစိတ္ကိုေတာ့ မသိရပါဘူး။

အဲဒီအမႈေတြအတြက္ ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းတုန္းက ျပန္ေခၚသက္ေသ ၅ ဦးကို ေရွ႕ေနေတြက အျပန္အလွန္ ေမးခြန္းေတြ ထုတ္ခဲ့ၾကပါတယ္။ ဒီကေန႔မွာလည္း ဆက္လက္စစ္ေဆးတယ္သာ သိရၿပီး အေသးစိတ္ မသိရပါဘူး။

ဒီေန႔စစ္ေဆးတဲ့ အမႈ ၃ မႈကို ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ ဆက္လက္ၾကားနာဖို႔ ႐ုံးခ်ိန္းေပးထားပါတယ္။ လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ၊ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ဥပေဒ ခ်ိဳးေဖာက္မႈ စတဲ့အမႈေတြ အပါအဝင္ အမႈေပါင္း ၁၁ မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည် စွဲဆိုခံရတဲ့ သဘာဝဘေးအန္တရာယ်အမှု သက်သေစာရင်း တင်သွင်း

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် NLD နာယက ဦးဝင်းထိန် အပါအဝင် သက်သေထွက်ဆိုမယ့်သူ စာရင်းကို ဒီကနေ့ တရားရုံးမှာ တင်ပြ လျှောက်ထားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

နေပြည်တော် သီးသန့်တရားရုံးမှာ တနင်္လာနေ့တိုင်း စစ်ဆေးနေတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ သဘာဝဘေးအမှု ၁ မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၃ မှုတို့ကို ဒီကနေ့ ကြားနာစစ်ဆေးခဲ့တာမှာ သဘာဝဘေး အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ သက်သေလိုက်မယ့် နာမည်စာရင်း တင်သွင်းခဲ့တာပါ။ နာယက ဦးဝင်းထိန်ကို သက်သေထွက်ဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက လျှောက်ထားခဲ့ပေမယ့် တရားသူကြီး လက်ခံမခံ ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့ နိုဝင်ဘာ ၁ ရက်နေ့တုန်းက သဘာဝဘေးအမှု ကြားနာခဲ့စဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပါတယ်။

ဒီနေ့မှာ သဘာဝဘေးအမှုအပြင် နောက်ထပ် စွဲချက်တွေတင်ထားတဲ့ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက်လည်း ကြားနာစစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သတင်းမီဒီယာတွေကို သတင်းမပေးရလို့ တားမြစ်ခံထားရတဲ့အတွက် တရားရုံးကြားနာပွဲ အသေးစိတ်ကိုတော့ မသိရပါဘူး။

အဲဒီအမှုတွေအတွက် ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ပြန်ခေါ်သက်သေ ၅ ဦးကို ရှေ့နေတွေက အပြန်အလှန် မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။ ဒီကနေ့မှာလည်း ဆက်လက်စစ်ဆေးတယ်သာ သိရပြီး အသေးစိတ် မသိရပါဘူး။

ဒီနေ့စစ်ဆေးတဲ့ အမှု ၃ မှုကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဆက်လက်ကြားနာဖို့ ရုံးချိန်းပေးထားပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု စတဲ့အမှုတွေ အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG