သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ပြင်းထန် ရာသီဥတုဒဏ်ကြောင့် အနည်းဆုံး ၉ ဦး သေဆုံး


ကန်တပ်ကီပြည်နယ်၊ Louisville မြို့တွင် ရေကြီးသည့်ဒဏ်ကြောင့် လမ်းပေါ် ရပ်ထားခဲ့ရသည့် ကားများ။ (၁၆ ဖေဖော်ဝါရီ ၂၀၂၅) (AP)
ကန်တပ်ကီပြည်နယ်၊ Louisville မြို့တွင် ရေကြီးသည့်ဒဏ်ကြောင့် လမ်းပေါ် ရပ်ထားခဲ့ရသည့် ကားများ။ (၁၆ ဖေဖော်ဝါရီ ၂၀၂၅) (AP)

အမေရိကန်နိုင်ငံမှာ မကြာသေးမီက ရာသီဥတု ဆိုးဝါးခဲ့တာကြောင့် ကန်တပ်ကီပြည်နယ်က လူ ၈ ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ပါတယ်။

ရုတ်တရက် ရေကြီးလာတာကြောင့် လူ ရာချီ ကယ်တင်ခဲ့ရတယ်လို့ ကန်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူး Andy Beshear က တနင်္ဂနွေနေ့က ပြောပါတယ်။ ရေကြီးတဲ့အထဲမှာ ကားက နစ်သွားတာကြောင့် မိခင်ဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ် ကလေးတယောက်တို့ ပါဝင်သွားခဲ့ကြတယ်လို့လည်း သူကဆိုပါတယ်။လမ်းတွေပေါ် မထွက်ကြဖို့ သူက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ ပိတ်ရက်မှာ ကန်တပ်ကီနဲ့ တန်နက်ဆီပြည်နယ် တချို့နေရာတွေမှာ မိုးရေချိန် ၆ လက်မ ရွာသွန်းခဲ့တယ်လို့ အမျိုးသား မိုးလေဝသဌာနက အကြီးတန်း မိုးဇလ ပညာရှင် Bob Oravec က ပြောပါတယ်။ ရေကြီးရင် မိုးရွာချိန်ထက် ပိုပြီး အချိန်ကြာလိမ့်မယ်လို့ Oravec က ဆိုပါတယ်။

ဂျော်ဂျီယာနဲ့ ဖလော်ရီဒါ ပြည်နယ်တွေမှာ လေဆင်နှာမောင်း သတိပေးချက် ထုတ်ပြန်ထားပြီး ကနေဒါ နယ်စပ်အနား အမေရိကန် မြောက်ပိုင်းဘက်က ကုန်းမြင့်ဒေသတွေမှာတော့ အနုတ် ၃၀ စင်တီဂရိတ်အထိ အေးနေပါတယ်။

ဒါကိုတာနဲ့ မင်နီဆိုးတား ပြည်နယ်တွေမှာလည်း အနုတ် ၄၅ စင်တီဂရိတ်အထိ အေးလိမ့်မယ်လို့ မျှော်လင့်ထားသလို နယူးယောက်ပြည်နယ်မြောက်ပိုင်း အပါအဝင် အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း ပြည်နယ်တွေမှာလည်း ဆီးနှင်းကျပြီး တနာရီ မိုင် ၆၀ နှုန်းအထိ လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG