=== Zawgyi ===
အာဏာသိမ္းစစ္တပ္ကို တိုးႁမွင့္ အေရးယူဖို႔ ျပည္ပေရာက္ ျမန္မာေတြ ေတာင္းဆို
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း ၂ ျပည္႔အခ်ိန္မွာဘဲ၊ အေမရိကန္ျပည္ေထာင္စုဝါရွင္တန္ဒီစီအပါအ၀င္ကမ႓ာ့ၿမိဳ႔ႀကီး အသီးသီးမွာ အေ၀းေရာက္ျမန္မာ့အေရးလႈပ္ရွားသူေတြက မေန႔က စေနေန႔မွာဆႏၵျပခဲ့ၾကၿပီး အာဏာသိမ္းစစ္ေကာင္စီ ကိုပိုမိုဖိအားေပး ဒါဏ္ခတ္အေရးယူဖို႔နဲ႔ ျမန္မာ့ဒီမိုကေရစီလႈပ္ရွားမႈကို ပိုမိုေထာက္ခံကူညီၾကဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ ပါတယ္။
ဝါရွင္တန္ဒီစီတဝိုက္က ျမန္မာ့အင္အားစုေတြကေတာ့ သမတအိမ္ျဖဴေတာ္ေရွ႕မွာလာေရာက္စု႐ုံးခဲ့ၾကၿပီး၊ ေတာင္းဆိုဆႏၵ ျပခဲ့သလို သမတဂ်ိဳးဘိုင္ဒင္ကိုလည္းအိပ္ဖြင့္ေပးစာတေစာင္ေပးခဲ့ပါတယ္။ ဒီစာမွာ ျမန္မာစစ္တပ္ကိုအၾကမ္းဖက္အဖဲြ႕ အစည္းအျဖစ္သတ္မွတ္ဖို႔အပါအ၀င္ အဓိကအခ်က္ ၃ ခ်က္ပါ၀င္တယ္လို႔ ဦးေဆာင္သူတဦးျဖစ္တဲ့ ကိုရင္ေအးက ေျပာဆို ခဲ့ပါတယ္။
“ စစ္တပ္ကို အၾကမ္းဖက္အဖဲြ႕အစည္းတခုအျဖစ္ သတ္မွတ္ေပးဖို႔က်ေနာ္တို႔ေတာင္းဆိုထားပါတယ္ နံပတ္ ၂ အခ်က္က ေတာ့ အဓိကစစ္ေကာင္စီကို၀င္ေငြေပးေနတဲ့ MOGE ကိုဒါဏ္ခတ္အေရးယူတဲ့အထဲမွာထည့္ေပးဖို႔ေတာင္းဆိုတယ္၊ စစ္ေကာင္စီကျပည္သူလူထုကို ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေနတဲ့အတြက္ေၾကာင့္ ဒါေတြကိုရပ္တန္႔ေစဖို႔အတြက္ တိုက္ေလယဥ္ေတြမွာအသုံးျပဳတဲ့ေလယဥ္ဆီေတြတင္ပို႔မႈေတြကိုရပ္ဆိုင္းဖို႔ စစ္လက္ႏွက္ပစၥည္းေတြကိုကန္႔သတ္ ပိတ္ပင္ဖို႔ အဓိက ၃ ခ်က္ကိုက်ေနာ္တို႔ေတာင္းထားတာျဖစ္ပါတယ္။”
ေဖေဖၚဝါရီ ပထမပတ္အတြင္း တကမ႓ာလုံးလႈပ္ရွားမႈလုပ္တာျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ျမန္မာ့အဖဲြ႕ အစည္း ၃၀ ေက်ာ္အျပင္၊ ေဟာင္ေကာင္၊ ကေမ႓ာဒီးယားနဲ႔အေမရိကန္အဖဲြ႕အစည္း ၁၀ ဖဲြ႕လည္းပါ၀င္ပါတယ္။ တခ်ိန္ထဲမွာဘဲ ဆန္ဖရန္စၥကိုၿမိဳမွာလည္း ျမန္မာ့အင္အားစုေတြစုစည္းၿပီး ၿမိဳ႔ေတာ္ခမ္းမေရွ႕မွာဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ အြန္လိုင္းေဆြေႏြးပဲြမ်ား၊အြန္လိုင္းလႈပ္ရွားမႈမ်ားကိုဒီရက္သတၱပတ္အတြင္းျပဳလုပ္ခဲ့ၾကပါတယ္။
နယ္သာလန္ႏိုင္ငံမွာေတာ့ က႐ုဏာအဖဲြ႕ကဦးေဆာင္ၿပီး ဒါ႐ိုက္တာကုိုေပါက္ရဲ႔ ေရာင္နီလာရာလမ္း႐ုပ္ရွင္ကို အမ္စတာဒန္ၿမိဳ႔ေတာ္က႐ုပ္ရွင္႐ုံမွာျပသခဲ့ၿပီး၊ ဘယ္ဂ်ီယံ၊ ဂ်ာမဏီစတဲ့ႏိုင္ငံေတြကျမန္မာေတြလည္းလာေရာက္ခဲ့ပါတယ္။
=== Unicode ===
အာဏာသိမ်းစစ်တပ်ကို တိုးမြှင့် အရေးယူဖို့ ပြည်ပရောက် မြန်မာတွေ တောင်းဆို
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၂ ပြည့်အချိန်မှာဘဲ၊ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအပါအဝင်ကမ္ဘာ့မြို့ကြီး အသီးသီးမှာ အဝေးရောက်မြန်မာ့အရေးလှုပ်ရှားသူတွေက မနေ့က စနေနေ့မှာဆန္ဒပြခဲ့ကြပြီး အာဏာသိမ်းစစ်ကောင်စီ ကိုပိုမိုဖိအားပေး ဒါဏ်ခတ်အရေးယူဖို့နဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ပိုမိုထောက်ခံကူညီကြဖို့ တိုက်တွန်းတောင်းဆိုခဲ့ ပါတယ်။
ဝါရှင်တန်ဒီစီတဝိုက်က မြန်မာ့အင်အားစုတွေကတော့ သမတအိမ်ဖြူတော်ရှေ့မှာလာရောက်စုရုံးခဲ့ကြပြီး၊ တောင်းဆိုဆန္ဒ ပြခဲ့သလို သမတဂျိုးဘိုင်ဒင်ကိုလည်းအိပ်ဖွင့်ပေးစာတစောင်ပေးခဲ့ပါတယ်။ ဒီစာမှာ မြန်မာစစ်တပ်ကိုအကြမ်းဖက်အဖွဲ့ အစည်းအဖြစ်သတ်မှတ်ဖို့အပါအဝင် အဓိကအချက် ၃ ချက်ပါဝင်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရင်အေးက ပြောဆို ခဲ့ပါတယ်။
“ စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်ပေးဖို့ကျနော်တို့တောင်းဆိုထားပါတယ် နံပတ် ၂ အချက်က တော့ အဓိကစစ်ကောင်စီကိုဝင်ငွေပေးနေတဲ့ MOGE ကိုဒါဏ်ခတ်အရေးယူတဲ့အထဲမှာထည့်ပေးဖို့တောင်းဆိုတယ်၊ စစ်ကောင်စီကပြည်သူလူထုကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ကြောင့် ဒါတွေကိုရပ်တန့်စေဖို့အတွက် တိုက်လေယဉ်တွေမှာအသုံးပြုတဲ့လေယဉ်ဆီတွေတင်ပို့မှုတွေကိုရပ်ဆိုင်းဖို့ စစ်လက်နှက်ပစ္စည်းတွေကိုကန့်သတ် ပိတ်ပင်ဖို့ အဓိက ၃ ချက်ကိုကျနော်တို့တောင်းထားတာဖြစ်ပါတယ်။”
ဖေဖေါ်ဝါရီ ပထမပတ်အတွင်း တကမ္ဘာလုံးလှုပ်ရှားမှုလုပ်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာ့အဖွဲ့ အစည်း ၃၀ ကျော်အပြင်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနဲ့အမေရိကန်အဖွဲ့အစည်း ၁၀ ဖွဲ့လည်းပါဝင်ပါတယ်။ တချိန်ထဲမှာဘဲ ဆန်ဖရန်စ္စကိုမြိုမှာလည်း မြန်မာ့အင်အားစုတွေစုစည်းပြီး မြို့တော်ခမ်းမရှေ့မှာဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် အွန်လိုင်းဆွေနွေးပွဲများ၊အွန်လိုင်းလှုပ်ရှားမှုများကိုဒီရက်သတ္တပတ်အတွင်းပြုလုပ်ခဲ့ကြပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ ကရုဏာအဖွဲ့ကဦးဆောင်ပြီး ဒါရိုက်တာကိုပေါက်ရဲ့ ရောင်နီလာရာလမ်းရုပ်ရှင်ကို အမ်စတာဒန်မြို့တော်ကရုပ်ရှင်ရုံမှာပြသခဲ့ပြီး၊ ဘယ်ဂျီယံ၊ ဂျာမဏီစတဲ့နိုင်ငံတွေကမြန်မာတွေလည်းလာရောက်ခဲ့ပါတယ်။