သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈေတြထဲ တမႈ ပထမဆုံးတရား႐ုံးစြဲခ်က္တင္


နိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚအောင္ဆန္းစုၾကည္

(Zawgyi/Unicode)

ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစေအာင္လုပ္ေဆာင္မႈဆိုတဲ့ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခနဲ႔ တရား႐ုံးက စြဲခ်က္တင္ လိုက္ပါ တယ္။ ဒီလို စြဲခ်က္တင္လိုက္တာနဲ႔ပတ္သတ္ၿပီး အဆင့္ဆင့္ အယူခံဝင္ ပယ္ဖ်က္ႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ သူ႔ ေရွ႕ေနေတြကဆိုပါတယ္။ ဒီကေန႔ၾကားနာမႈ အေျခအေနနဲ႔ပတ္သတ္လို႔ ရန္ကုန္က ေပးပို႔တဲ့သတင္းကို နန္းေလာဝ္ေျပာျပမွာပါ။

အမႈေပါင္း ၁၁မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြထဲက အမ်ားျပည္သူ တည္ၿငိမ္ ေအးခ်မ္းမႈ ပ်က္ျပားေစေအာင္လုပ္ေဆာင္မႈဆိုတဲ့ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခနဲ႔ စြဲဆိုထားတဲ့ အမႈတမႈကို ေနျပည္ေတာ္အထူးတရား႐ုံးက စြဲခ်က္လက္ခံလိုက္တာပါ။ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အမႈတြဲသုံးဦးစလုံးကေတာ့ ဒီအမႈမွာ အျပစ္မရွိေၾကာင္း တရား႐ုံးကိုတုန႔္ျပန္ထားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေရွေနတဦးျဖစ္တဲ့ ေဒၚမင္းမင္းစိုးက VOA ကို ေျပာပါတယ္။

"၅၀၅-ခ အမႈကစြဲခ်က္တင္တဲ့ အမိန႔္ကိုခ်လိုက္တယ္ရွင့္။ ခ်လိုက္ၿပီးေတာ့မွတဦးဆီကို ဦးဝင္းျမင့္ပါ ၃ဦးေျပာထားလို႔ ၅၀၅-ခ နဲ႔ပတ္သတ္လို႔ ဦးဝင္းျမင့္ပါ ၃ဦးကို ၅၀၅-ခ အမိန႔္နဲ႔ စြဲခ်က္တင္တယ္ အဲဒီအတြက္ေၾကာင့္ ဒီအမႈနဲ႔ပတ္သတ္လို႔ အျပစ္ရွိလား မရွိလားေမးေတာ့ မရွိဘူးေျဖပါတယ္။ ၃ဦးစလုံးကိုေမးေတာ့ အျပစ္မရွိေၾကာင္းေျဖပါတယ္။ စြဲခ်က္ တင္ၿပီးေနာက္မွာေတာ့ ျပန္ေခၚသက္ေသ ၂ဦးကို ျပန္ေခၚဖို႔ ေလွ်ာက္လို႔ အဲ ၂ဦးကိုျပန္လည္စစ္ေဆး ဖို႔ ေနာက္႐ုံးခ်ိန္းမွာ ခ်ိန္းပါတယ္ရွင့္။ ဒီေန႔သဘာဝေဘးက ဦးထြန္းျမင့္ေအာင္ကစြဲ ထားတဲ့ ၃၇/၂၀၂၁ အမႈ အတြက္က တရားလိုျပသက္ေသ တဦးကို စစ္ပါတယ္။ ဒီအမႈနဲ႔ပတ္သတ္လို႔ ၂ဦးက်န္ေနေတာ့ ေနာက္ တပါတ္ ၂၈ရက္ေန႔မွာဆက္စစ္ဖို႔ ခ်ိန္းဆိုပါတယ္။"

ဒီကေန႔ ေနျပည္ေတာ္က သီးသန႔္တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲထားတဲ့ အမႈေတြထဲက ကနဦး ေနျပည္ေတာ္မွာစြဲတဲ့ အမႈ ၅ခုထဲက အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစတဲ့ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ နဲ႔ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ တို႔အတြက္ ၾကားနားစစ္ေဆးခဲ့ပါတယ္။ ဒီလိုစစ္ေဆးတာမွာ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ဦးေပါင္း တမႈ အေနနဲ႔ စြဲထားတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအး ခ်မ္းမႈ ပ်က္ျပားေစေအာင္လုပ္ေဆာင္မႈဆိုတဲ့ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခစြဲထားတာကို အခုလို စြဲခ်က္တင္လိုက္တာျဖစ္ပါတယ္။ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ေဖေဖာ္ဝါရီ ၇ ရက္ နဲ႔ ေဖေဖာ္ဝါရီ ၁၃ ရက္မွာထုတ္ျပန္တဲ့ စာႏွစ္ေစာင္နဲ႔ပတ္သက္လို႔ တာဝန္ရွိတယ္ဆိုၿပီး စြဲဆိုထားတာျဖစ္ ကာ ဒီပုဒ္မနဲ႔ ၿငိစြန္းတယ္ဆိုၿပီး အခုလို စြဲခ်က္တင္ဖို႔ လုပ္တာျဖစ္ပါတယ္။

ဒီလို စြဲခ်က္တင္လိုက္တာနဲ႔ပတ္သတ္လို႔ အဆင့္ဆင့္ အယူခံဝင္ ပယ္ဖ်က္ႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ သူမေရွ႕ေနေတြ ကေျပာပါတယ္။ ဘယ္လိုခုခံေခ်ပမလဲဆိုတဲ့ အေသးစိတ္ကိုေတာ့ ေျပာဆိုတာမရွိေပမယ့္ အထက္႐ုံးအဆင့္ဆင့္ ကို တင္သြားဖို႔ ကနဦးျပင္ဆင္မယ္လို႔ သူမေရွ႕ေနအဖြဲ႕ထဲက ေရွ႕ေနဦးၾကည္ဝင္းက ဗြီအိုေအကိုေျပာပါတယ္။

"စြဲခ်က္ကို ပယ္ဖ်က္ေပးဖို႔ ခ႐ိုင္ကိုတင္ဖို႔လုပ္ထားတယ္။ ျပင္ ဆင္မႈ တက္ဖို႔ေလ။ ခ႐ိုင္တင္တယ္ဆို အက်ဥ္းနည္းနဲ႔ ပလပ္လိုက္တာမ်ားတာဘဲ။ အဲေတာ့တိုင္းဆက္တက္ ရမွာေပါ့။ မႏၲေလးလႊတ္ေတာ္ကိုဆက္တက္ရမယ္။ မႏၲေလးလႊတ္ေတာ္ၿပီးမွ တရားလႊတ္ေတာ္ခ်ဳပ္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အဲလိုဆက္တက္ရမွာေပါ့"

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ကလည္း အမႈေတြနဲ႔ပတ္သတ္လို႔ ဘယ္လိုဘဲ အမိန႔္ခ်မွတ္ပါေစ ဥပေဒနဲ႔ မညီတဲ့လုပ္ထုံးလုပ္နည္းေတြနဲ႔ အေရးယူတာကိုေပၚလြင္ထင္ရွားေအာင္ခုခံေခ်ပေပးဖို႔ ေရွ႕ေနအဖြဲ႕ကို တိုက္တြန္း ထားတယ္လို႔ ဦးၾကည္ဝင္းကေျပာပါတယ္။ လက္ရွိအမႈေပါင္း ၁၁မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္အ ေနနဲ႔ ဥပေဒပိုင္းဆိုင္ရာ ရင္ဆိုင္ရာမွာ အေကာင္းဆုံး ခုခံႏိုင္တဲ့ အေျခအေနရွိမရွိနဲ႔ပတ္သတ္လို႔ ေရွ႕ေနဦးၾကည္ဝင္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဘက္က အျပစ္က်ဴးလြန္ျခင္းမရွိတာကို ဥပေဒအရ ေပၚလြင္ေအာင္ စစ္ေဆးႏိုင္ဖို႔ တာဝန္ေပးထားတဲ့ အတိုင္း စစ္ေဆးမႈေတြဆက္လက္လုပ္သြားမယ္လို႔ေျပာပါတယ္။

"ခုခံပိုင္ခြင့္ရွိတယ္ ခုခံလို႔ရတယ္ ကိုယ္တို႔ေရွ႕ေနေတြဌားတယ္ ေရွ႕ေန ေတြက ျပန္လွန္ေမးခြန္းေတြေမးႏိုင္တယ္ ေျပာႏိုင္တယ္။ အမိန႔္ခ်ေတာ့အဲဒီလိုျဖစ္တယ္။ သူတို႔ဘာသာ ဘာေတြဘဲလုပ္လုပ္ ေဒၚေအာင္ဆန္းစုၾကည္က အန္ကယ္တို႔ကို တာဝန္ေပးတာက က်မအမႈေတြကို လုပ္ထုံးလုပ္နည္းအရ မွန္မွန္ကန္ကန္နဲ႔ က်မတို႔ကို မွန္မွန္ကန္ကန္ေပၚလြင္ေအာင္စစ္ေပးပါဆိုတဲ့ အတိုင္းက်ေနာ္တို႔ေပၚလြင္ေအာင္စစ္ေပးတာ။ သူတို႔ဘာသာအမိန႔္ခ်တာမခ်တာ ဒါေတြကိုဘာမွမေျပာ လိုဘူး။ စိတ္လဲမဆိုးဘူး။ အေရးႀကီးတာေဒၚေအာင္ဆန္းစုၾကည္က အမႈမွန္။ က်မဟာဘာမွက်ဴးလြန္ တယ္မရွိတာကို ေပၚေအာင္စစ္ေပးဖို႔ဘဲ ဒါဘဲစစ္ေပးတာဘဲ အဓိကကေတာ့"

ဒီကေန႔စစ္ေဆးတဲ့ အမႈေတြကို လာမယ့္ စက္တင္ဘာ ၂၈ရက္ေန႔မွာဆက္လက္စစ္ေဆးသြားမွာပါ။ ေဒၚေအာင္ ဆန္း စုၾကည္ကို အဂတိလိုက္စားမႈနဲ႔ မႏၲေလးၿမိဳ႕မွာ တရားစြဲထားတဲ့ အမႈ ၄ ခုကိုေတာ့ လာ မယ့္ေအာက္ တိုဘာလ ၁ ရက္ေန႔ကစၿပီး ေနျပည္ေတာ္အထူး တရား ႐ုံးမွာ ေသာၾကာေန႔တိုင္း တပတ္ ျခား တခါ စစ္ဖို႔ ရွိေနပါတယ္။ ရန္ကုန္မွာလည္း အဂတိလိုက္စားမႈ ဥပေဒနဲ႔ စြဲဆိုထားတာရွိပါတယ္။ သူမရဲ႕စီးပြားေရးအတိုင္ပင္ခံ ၾသစေၾတးလ်ႏိုင္ငံသား မစၥတာေရွာင္တာနယ္ နဲ႔ အတူ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒပုဒ္မ ၃(၁)/ဂနဲ႔ ရန္ကုန္မွာ စြဲဆိုထားတဲ့ အမႈကိုလည္း ေနျပည္ေတာ္ေ႐ႊ႕ေျပာင္းလိုက္တာမို႔ ဒီအမႈကို လာမယ့္ စက္တင္ဘာ (၂၃)ရက္မွာ ေနျပည္ေတာ္မွာပဲ စစ္ေဆးဖို႔ ႐ုံးခ်ိန္းေပးထားပါတယ္။

အသက္ ၇၆ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက စြဲဆိုထား တဲ့အမႈ ေတြရဲ႕ အျမင့္ဆုံး ျပစ္ဒဏ္ေတြ ေပါင္းလိုက္ရင္ ေထာင္ ၈၇ ႏွစ္အထိ ခ်မွတ္ခံရႏိုင္တဲ့ အမႈေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစေအာင္လုပ္ေဆာင္မႈဆိုတဲ့ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခနဲ႔ အျပစ္ရွိတယ္ဆုံးျဖတ္ရင္ အျမင့္ဆုံးေထာင္ဒဏ္ ႏွစ္ႏွစ္ထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဴး ျဖစ္ေစ၊ ေငြဒဏ္ ျဖစ္ေစ ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ဥပေဒ မွာေဖာ္ျပထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇၊ ရာဇသတ္ ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ၊ သဘာဝေဘး အႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ နဲ႔ (၂)မႈ၊ ရန္ကုန္ အေရွ႕ ပိုင္းခ႐ိုင္တရား႐ုံးကေန ေနျပည္ေတာ္တရားလႊတ္ေတာ္ ကိုလႊဲေျပာင္းထား တဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ ဝွက္ခ်က္ အက္ဥပေဒ ပုဒ္မ ၃-၁ (ဂ) ၊ တခါ မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ ထပ္မံစြဲဆိုခံထားရတဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ နဲ႔ အမႈ ၄ မႈ အျပင္ ခုေနာက္ဆုံး ဗဟန္းၿမိဳ႕နယ္မွာ အမႈဖြင့္ထားတဲ့ အဂတိလိုက္စားမႈ စတဲ့ အမႈေပါင္း ၁၁ မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်အမှုတွေထဲ တမှု ပထမဆုံးတရားရုံးစွဲချက်တင်

(Unicode)

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်မှုဆိုတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ တရားရုံးက စွဲချက်တင် လိုက်ပါ တယ်။ ဒီလို စွဲချက်တင်လိုက်တာနဲ့ပတ်သတ်ပြီး အဆင့်ဆင့် အယူခံဝင် ပယ်ဖျက်နိုင်ဖို့ ကြိုးစားမယ်လို့ သူ့ ရှေ့နေတွေကဆိုပါတယ်။ ဒီကနေ့ကြားနာမှု အခြေအနေနဲ့ပတ်သတ်လို့ ရန်ကုန်က ပေးပို့တဲ့သတင်းကို နန်းလောဝ်ပြောပြမှာပါ။

အမှုပေါင်း ၁၁မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အများပြည်သူ တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်မှုဆိုတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ စွဲဆိုထားတဲ့ အမှုတမှုကို နေပြည်တော်အထူးတရားရုံးက စွဲချက်လက်ခံလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမှုတွဲသုံးဦးစလုံးကတော့ ဒီအမှုမှာ အပြစ်မရှိကြောင်း တရားရုံးကိုတုန့်ပြန်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေနေတဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက VOA ကို ပြောပါတယ်။

"၅၀၅-ခ အမှုကစွဲချက်တင်တဲ့ အမိန့်ကိုချလိုက်တယ်ရှင့်။ ချလိုက်ပြီးတော့မှတဦးဆီကို ဦးဝင်းမြင့်ပါ ၃ဦးပြောထားလို့ ၅၀၅-ခ နဲ့ပတ်သတ်လို့ ဦးဝင်းမြင့်ပါ ၃ဦးကို ၅၀၅-ခ အမိန့်နဲ့ စွဲချက်တင်တယ် အဲဒီအတွက်ကြောင့် ဒီအမှုနဲ့ပတ်သတ်လို့ အပြစ်ရှိလား မရှိလားမေးတော့ မရှိဘူးဖြေပါတယ်။ ၃ဦးစလုံးကိုမေးတော့ အပြစ်မရှိကြောင်းဖြေပါတယ်။ စွဲချက် တင်ပြီးနောက်မှာတော့ ပြန်ခေါ်သက်သေ ၂ဦးကို ပြန်ခေါ်ဖို့ လျှောက်လို့ အဲ ၂ဦးကိုပြန်လည်စစ်ဆေး ဖို့ နောက်ရုံးချိန်းမှာ ချိန်းပါတယ်ရှင့်။ ဒီနေ့သဘာဝဘေးက ဦးထွန်းမြင့်အောင်ကစွဲ ထားတဲ့ ၃၇/၂၀၂၁ အမှု အတွက်က တရားလိုပြသက်သေ တဦးကို စစ်ပါတယ်။ ဒီအမှုနဲ့ပတ်သတ်လို့ ၂ဦးကျန်နေတော့ နောက် တပါတ် ၂၈ရက်နေ့မှာဆက်စစ်ဖို့ ချိန်းဆိုပါတယ်။"

ဒီကနေ့ နေပြည်တော်က သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အမှုတွေထဲက ကနဦး နေပြည်တော်မှာစွဲတဲ့ အမှု ၅ခုထဲက အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ တို့အတွက် ကြားနားစစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးတာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ ၃ဦးပေါင်း တမှု အနေနဲ့ စွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေး ချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်မှုဆိုတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခစွဲထားတာကို အခုလို စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာထုတ်ပြန်တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ တာဝန်ရှိတယ်ဆိုပြီး စွဲဆိုထားတာဖြစ် ကာ ဒီပုဒ်မနဲ့ ငြိစွန်းတယ်ဆိုပြီး အခုလို စွဲချက်တင်ဖို့ လုပ်တာဖြစ်ပါတယ်။

ဒီလို စွဲချက်တင်လိုက်တာနဲ့ပတ်သတ်လို့ အဆင့်ဆင့် အယူခံဝင် ပယ်ဖျက်နိုင်ဖို့ ကြိုးစားမယ်လို့ သူမရှေ့နေတွေ ကပြောပါတယ်။ ဘယ်လိုခုခံချေပမလဲဆိုတဲ့ အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပေမယ့် အထက်ရုံးအဆင့်ဆင့် ကို တင်သွားဖို့ ကနဦးပြင်ဆင်မယ်လို့ သူမရှေ့နေအဖွဲ့ထဲက ရှေ့နေဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"စွဲချက်ကို ပယ်ဖျက်ပေးဖို့ ခရိုင်ကိုတင်ဖို့လုပ်ထားတယ်။ ပြင် ဆင်မှု တက်ဖို့လေ။ ခရိုင်တင်တယ်ဆို အကျဉ်းနည်းနဲ့ ပလပ်လိုက်တာများတာဘဲ။ အဲတော့တိုင်းဆက်တက် ရမှာပေါ့။ မန္တလေးလွှတ်တော်ကိုဆက်တက်ရမယ်။ မန္တလေးလွှတ်တော်ပြီးမှ တရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဲလိုဆက်တက်ရမှာပေါ့"

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အမှုတွေနဲ့ပတ်သတ်လို့ ဘယ်လိုဘဲ အမိန့်ချမှတ်ပါစေ ဥပဒေနဲ့ မညီတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူတာကိုပေါ်လွင်ထင်ရှားအောင်ခုခံချေပပေးဖို့ ရှေ့နေအဖွဲ့ကို တိုက်တွန်း ထားတယ်လို့ ဦးကြည်ဝင်းကပြောပါတယ်။ လက်ရှိအမှုပေါင်း ၁၁မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အ နေနဲ့ ဥပဒေပိုင်းဆိုင်ရာ ရင်ဆိုင်ရာမှာ အကောင်းဆုံး ခုခံနိုင်တဲ့ အခြေအနေရှိမရှိနဲ့ပတ်သတ်လို့ ရှေ့နေဦးကြည်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အပြစ်ကျူးလွန်ခြင်းမရှိတာကို ဥပဒေအရ ပေါ်လွင်အောင် စစ်ဆေးနိုင်ဖို့ တာဝန်ပေးထားတဲ့ အတိုင်း စစ်ဆေးမှုတွေဆက်လက်လုပ်သွားမယ်လို့ပြောပါတယ်။

"ခုခံပိုင်ခွင့်ရှိတယ် ခုခံလို့ရတယ် ကိုယ်တို့ရှေ့နေတွေဌားတယ် ရှေ့နေ တွေက ပြန်လှန်မေးခွန်းတွေမေးနိုင်တယ် ပြောနိုင်တယ်။ အမိန့်ချတော့အဲဒီလိုဖြစ်တယ်။ သူတို့ဘာသာ ဘာတွေဘဲလုပ်လုပ် ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်တို့ကို တာဝန်ပေးတာက ကျမအမှုတွေကို လုပ်ထုံးလုပ်နည်းအရ မှန်မှန်ကန်ကန်နဲ့ ကျမတို့ကို မှန်မှန်ကန်ကန်ပေါ်လွင်အောင်စစ်ပေးပါဆိုတဲ့ အတိုင်းကျနော်တို့ပေါ်လွင်အောင်စစ်ပေးတာ။ သူတို့ဘာသာအမိန့်ချတာမချတာ ဒါတွေကိုဘာမှမပြော လိုဘူး။ စိတ်လဲမဆိုးဘူး။ အရေးကြီးတာဒေါ်အောင်ဆန်းစုကြည်က အမှုမှန်။ ကျမဟာဘာမှကျူးလွန် တယ်မရှိတာကို ပေါ်အောင်စစ်ပေးဖို့ဘဲ ဒါဘဲစစ်ပေးတာဘဲ အဓိကကတော့"

ဒီကနေ့စစ်ဆေးတဲ့ အမှုတွေကို လာမယ့် စက်တင်ဘာ ၂၈ရက်နေ့မှာဆက်လက်စစ်ဆေးသွားမှာပါ။ ဒေါ်အောင် ဆန်း စုကြည်ကို အဂတိလိုက်စားမှုနဲ့ မန္တလေးမြို့မှာ တရားစွဲထားတဲ့ အမှု ၄ ခုကိုတော့ လာ မယ့်အောက် တိုဘာလ ၁ ရက်နေ့ကစပြီး နေပြည်တော်အထူး တရား ရုံးမှာ သောကြာနေ့တိုင်း တပတ် ခြား တခါ စစ်ဖို့ ရှိနေပါတယ်။ ရန်ကုန်မှာလည်း အဂတိလိုက်စားမှု ဥပဒေနဲ့ စွဲဆိုထားတာရှိပါတယ်။ သူမရဲ့စီးပွားရေးအတိုင်ပင်ခံ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ် နဲ့ အတူ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)/ဂနဲ့ ရန်ကုန်မှာ စွဲဆိုထားတဲ့ အမှုကိုလည်း နေပြည်တော်ရွှေ့ပြောင်းလိုက်တာမို့ ဒီအမှုကို လာမယ့် စက်တင်ဘာ (၂၃)ရက်မှာ နေပြည်တော်မှာပဲ စစ်ဆေးဖို့ ရုံးချိန်းပေးထားပါတယ်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်ချုပ်ရေး ကောင်စီက စွဲဆိုထား တဲ့အမှု တွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် ထောင် ၈၇ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်မှုဆိုတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ အပြစ်ရှိတယ်ဆုံးဖြတ်ရင် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိူး ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေ မှာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂)မှု၊ ရန်ကုန် အရှေ့ ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်တရားလွှတ်တော် ကိုလွှဲပြောင်းထား တဲ့ နိုင်ငံတော်လျှို့ ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ၊ တခါ မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၄ မှု အပြင် ခုနောက်ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG