သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေဝးသင္တကၠသိုလ္ေနာက္ဆုံးႏွစ္အားလုံးျပန္ဖြင့္


ရန္ကုန္တကၠသိုလ္။ (ဓာတ္ပံု - University of Yangon Myanmar's Facebook)

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္ကတည္းက ပိတ္ထားတဲ့ အေဝးသင္တကၠသိုလ္ေတြမွာ ေနာက္ဆုံးႏွစ္ သိပၸံအထူးျပဳ ဘာသာရပ္ေတြနဲ႔ ဝိဇၨာအထူးျပဳဘာသာရပ္ေတြကို ျပန္ဖြင့္ေနပါၿပီ။ ၂ ႏွစ္ေလာက္ ပညာသင္ၾကားမႈ ၾကန႔္ၾကာရပ္ဆိုင္းေနခဲ့တာေၾကာင့္ ဘြဲ႕ရဖို႔ေမွ်ာ္လင့္ေနသူေတြကေတာ့ တကၠသိုလ္ျပန္တက္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အလုပ္အကိုင္ရွားေနခ်ိန္မွာ ဘြဲ႕လက္မွတ္မရွိတဲ့အတြက္ အလုပ္အကိုင္ရဖို႔ ပိုခက္ခဲေနတယ္လို႔ အေဝးသင္တကၠသိုလ္ ေက်ာင္းသူ ေက်ာင္းသားေတြက ေျပာၾကပါတယ္။ ဒီအေျခအေနအေၾကာင္း ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို မျမသဇင္ေအာင္ ေျပာျပပါမယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ခုႏွစ္ထဲက အေဝးသင္တကၠသိုလ္ေတြကို စတင္ပိတ္ထားခဲ့တာ ျဖစ္ၿပီး စစ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ခုႏွစ္ထဲမွာလည္း ျပန္မဖြင့္ႏိုင္ခဲ့ပါဘူး။ အခုေတာ့ အေဝးသင္တကၠသိုလ္ေတြမွာ ေနာက္ဆုံးႏွစ္ သိပၸံအထူးျပဳ ဘာသာရပ္ သင္တန္းေတြအတြက္ လက္ေတြ႕နဲ႔ သင္ၾကားပို႔ခ် သင္တန္းေတြကို ဇန္နဝါရီ ၂၂ ရက္ စေနေန႔မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ေနာက္ဆုံးႏွစ္ ဝိဇၨာအထူးျပဳဘာသာရပ္ေတြအတြက္ စာစဥ္ပို႔ခ်မႈေတြကိုလည္း ဇန္နဝါရီ ၂၄ ရက္ တနလၤာေန႔က စတင္ဖြင့္လွစ္ခဲ့ပါတယ္။ အေဝးသင္တကၠသိုလ္ ေနာက္ဆုံးႏွစ္ ဝိဇၨာအထူးျပဳဘာသာရပ္ ေတြထဲက ဒုတိယအသုတ္ျဖစ္တဲ့ အဂၤလိပ္စာ၊ ဥပေဒ (စတုတၳႏွစ္နဲ႔ ပၪၥမႏွစ္)၊ ပထဝီဝင္၊ စိတ္ပညာ၊ အေရွ႕တိုင္းပညာ၊ ဒႆနိကေဗဒ ဘာသာရပ္ေတြအတြက္ အနီးကပ္သင္တန္း ပို႔ခ်ကာလကို ဧၿပီလ ၅ ရက္ေန႔ကေန ၁၄ ရက္ေန႔အထိ ၁၀ ရက္ သတ္မွတ္ထားပါတယ္။

ဝိဇၨာအေဝးသင္သင္တန္း တတိယအသုတ္ျဖစ္တဲ့ ျမန္မာစာ၊ သမိုင္း၊ စီးပြားေရးပညာ၊ စီးပြားစီမံပညာ ဘာသာရပ္ေတြအတြက္ အနီးကပ္သင္တန္း ပို႔ခ်ကာလကိုေတာ့ ဧၿပီလ ၂၅ ရက္ေန႔ကေန ေမလ ၃ ရက္ေန႔အထိ ၁၀ ရက္သတ္မွတ္ၿပီး သင္ၾကားမႈ ျပဳလုပ္မွာျဖစ္တယ္လို႔ အဆင့္ျမင့္ ပညာဦးစီးဌာနက ေၾကာညာထားပါတယ္။ ၂ ႏွစ္ေလာက္ ပညာသင္ၾကားေရးျပတ္ေနတဲ့ အေဝးသင္တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားတခ်ိဳ႕က ေက်ာင္းျမန္ျမန္ၿပီး ဘြဲ႕ရႏိုင္ဖို႔အတြက္ ေက်ာင္းျပန္တက္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ ရခိုင္ျပည္နယ္က စစ္ေတြတကၠသိုလ္က ဝိဇၨာဘာသာရပ္အထူးျပဳ အေဝးသင္ ေနာက္ဆုံးႏွစ္ ေက်ာင္းသူတစ္ဦးျဖစ္တဲ့ မမ်ိဳးသီရိေက်ာ္ကေတာ့ သူဘာေၾကာင့္ ေက်ာင္းျပန္တက္ခ်င္သလဲဆိုတာ ခုလို ရွင္းျပပါတယ္။

“ညီမတို႔က ေက်ာင္းကို ဘယ္လို အေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ တက္မွာဆိုေတာ့ေလ၊ ညီမတို႔က ကိုယ္တိုင္မတက္ခ်င္ရင္ေတာင္ မိဘေတြက အတင္း တက္ခိုင္းၾကေတာ့ ကြၽန္မတို႔က တက္မွာပါ။ ကြၽန္မတို႔ အရင္ကဆို အသက္ ၂၁ မွာ ဘြဲ႕ရရမယ္ေပါ့၊ အဲ့လို Plan ရွိခဲ့တယ္ေပါ့။ ခုက် ၂ ႏွစ္ေလာက္ ေက်ာင္းေတြ ပိတ္ထားခဲ့ရေတာ့ အသက္ေတြႀကီးၿပီးေတာ့ ဘာမွန္းမသိ မေရရာ မေသခ်ာတဲ့ ပုံမ်ိဳး အဲ့လိုေတာ့ ျဖစ္သြားပါတယ္။”

အေဝးသင္ေက်ာင္းသားအမ်ားစုက အလုပ္လုပ္ၿပီး ေက်ာင္းတက္ၾကသူေတြျဖစ္ပါတယ္။ အေဝးသင္တကၠသိုလ္မွာ ဝိဇၨာဘာသာရပ္တက္ေနတဲ့ ေက်ာင္းသူတစ္ဦးက လက္ရွိကာလမွာ ဘြဲ႕မရေသးသူေတြအတြက္ အလုပ္အကိုင္ရႏိုင္ဖို႔ ခက္ခဲေနတဲ့ အေျခအေနကို ခုလိုေျပာပါတယ္။

“ ျမန္မာႏိုင္ငံမွာရွိတဲ့ လုပ္ငန္းခြင္ ေတာ္ေတာ္မ်ားမ်ား ဆိုလို႔ရွိရင္ အလုပ္ေခၚရင္ ဘြဲ႕ရမွ ဆိုတဲ့ဟာက ရွိေနတယ္။ အဲ့ခါက်ေတာ့ အလုပ္ေလွ်ာက္တဲ့ခါ အဲ့လို ကုမၸဏီေတြက်ေတာ့ ဖယ္ၿပီးေတာ့ ေလွ်ာက္ရတယ္ေပါ့ေႏွာ္။ အဲ့တာ့ အခြင့္အလမ္းက ေတာ္ေတာ္ေလး နည္းသြားတယ္လို႔ ေျပာလို႔ရတယ္၊ ဒီ CDM ေက်ာင္းသားေတြ အတြက္ေပါ့ေႏွာ္။ ၿပီးေတာ့ ခုအခ်ိန္က အားလုံးက ခက္ခဲေနတဲ့ အခ်ိန္ဆိုေတော့ေလ အလုပ္က အကုန္လုံးက ဝိုင္းၿပီးေတာ့ ေလွ်ာက္ၾကတဲ့ခါက်ေတာ့ ေ႐ြးခံရမယ့္ အခြင့္အလမ္းက နည္းသြားတာေပါ့။ သူတို႔က ဘြဲ႕ရမွ ဆိုတာကို အဓိက ယူတဲ့ခါက်ေတာ့။”

အေဝးသင္တကၠသိုလ္ေတြ ၂ ႏွစ္ေလာက္ ပိတ္ထားခဲ့လို႔ ဘြဲ႕ရခ်ိန္ေနာက္က်ေနတာမို႔ ကိုယ္လိုခ်င္တဲ့ အလုပ္အကိုင္ အတည္တက်ရဖို႔ ခက္ခဲတယ္လို႔ အေဝးသင္ ေနာက္ဆုံးႏွစ္ေက်ာင္းသားတစ္ဦးကလည္း ေျပာပါတယ္။

“ေက်ာင္းသားေတြအတြက္က ေက်ာင္းေတြ ပိတ္ထားရတယ္ဆိုေတာ့ အမ်ားႀကီးနစ္နာတာေပါ့ေႏွာ္။ ဥပမာ နယ္က ေက်ာင္းသူေက်ာင္းသားေတြ ပိုၿပီးေတာ့ အခက္အခဲျဖစ္တာေပါ့။ အေဝးသင္ေက်ာင္းသားေတြ အမ်ားစုက အလုပ္လုပ္ၿပီးေတာ့ ဒီက အေဝးသင္ေက်ာင္းသားေတြဆိုရင္ ကြၽန္ေတာ္သိသေလာက္ဆိုရင္ ရန္ကုန္တို႔ဘာတို႔ေပ့ါ ။အဲ့ကို နယ္က ေက်ာင္းသားေတြက သြားၿပီးအလုပ္လုပ္ၾကတယ္။ အေဝးသင္ ေျဖမယ့္ အခ်ိန္ေလာက္မွ ေက်ာင္းလာတက္ၾကတဲ့ အေျခအေနရွိၾကတယ္ေပါ့။ ပိုက္ဆံ သိပ္မတတ္ႏိုင္တဲ့သူေတြက အေဝးသင္တက္တာ ပိုမ်ားၾကတယ္ဆိုေတာ့ အဲ့ဒီအခ်ိန္မွာ ကိုဗစ္ျဖစ္တယ္၊ အလုပ္အကိုင္ေတြလည္း ရွားပါးတယ္ဆိုေတာ့၊ ၿပီးေတာ့ ေက်ာင္းေတြကလည္း တစ္ပိုင္းတစ္စနဲ႔ ရပ္တန႔္ထားရတယ္ဆိုေတာ့ အမ်ားစု ေနာက္ဆုံးႏွစ္ေတြဆိုရင္ ပိုၿပီးေတာ့ အခက္ျဖစ္တာေပါ့။ ျမန္မာႏိုင္ငံအတိုင္းအတာနဲ႔ဆိုရင္ ဘြဲ႕ရမွ အလုပ္အမ်ားစုက ေခၚၾကတယ္ဆိုေတာ့ ေက်ာင္းေတြ ႏွစ္နဲ႔ ခ်ီပိတ္ထားတဲ့ခါက်ေတာ့ ေတာ္ေတာ္ေလးကို အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့ အခက္အခဲေတြ ျဖစ္ၾကတာေပါ့။”

အခုလို ဘြဲ႕လက္မွတ္မရွိလို႔ ကိုယ္လုပ္ခ်င္တဲ့ အလုပ္အကိုင္မရျဖစ္ေနေပမဲ့ လက္ရွိျမန္မာႏိုင္ငံအေျခအေနေၾကာင့္ သူ႔အေနနဲ႔ေတာ့ ေက်ာင္းျပန္တက္မွာ မဟုတ္ေသးဘူးလို႔ ေျပာပါတယ္။

“အခုက ဒီအေဝးသင္ တကၠသိုလ္ေက်ာင္းေတြလဲ ျပန္ဖြင့္မယ္ဆိုၿပီးေတာ့ ေျပာလာၿပီေပါ့ေႏွာ္။ ေၾကညာတာေတြရတယ္ေပါ့။ ဘာပဲေျပာေျပာ ေက်ာင္းေတြျပန္ဖြင့္တာေတာ့ ဝမ္းသာစရာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီကိုဗစ္ေၾကာင့္နဲ႔ ေက်ာင္းသားေတြလည္း ေက်ာင္းမတက္ခဲ့ရတဲ့ အေျခအေနေတြ အမ်ိဳးမ်ိဳး ရွိခဲ့ၾကတယ္ေပါ့ေႏွာ္။ ဒါေပမယ့္ ကြၽန္ေတာ့္ အေနနဲ႔ကက်ေတာ့ ေလာေလာဆယ္က ဒါက စစ္ေကာင္စီက ဖြင့္မယ့္ေက်ာင္းလို႔ ေျပာလို႔ရတာေပါ့ေႏွာ္။ ဒီစစ္ေကာင္စီက ဖြင့္တဲ့ေက်ာင္းဆိုေတာ့ ကြၽန္ေတာ္ေတာ့ မတက္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားတယ္ေပါ့။”

ဝိဇၨာသိပၸံေန႔သင္တန္း တကၠသိုလ္ေတြနဲ႔ အျခား အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ တကၠသိုလ္ေတြက ေနာက္ဆုံးႏွစ္ အတန္းေတြကိုလည္း ဇန္နဝါရီလ ၆ ရက္ေန႔ထဲက ျပန္ဖြင့္ေနပါတယ္။ ေက်ာင္းေတြမွာ တက္ေရာက္သူေတြ အမ်ားအျပားရွိေနတယ္လို႔ သတင္းေတြမွာ စစ္ေကာင္စီက သတင္းထုတ္ျပန္ ေဖာ္ျပတာေတြ ရွိေနေပမယ့္ တကယ္တန္း ေက်ာင္းက စာသင္ခန္းေတြထဲမွာ ေက်ာင္းသားေတြက မရွိသေလာက္ အေျခအေနမ်ိဳးသာ ျဖစ္တယ္လို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢ ဥကၠဌ ကိုေအာင္ေကာင္းဆက္က VOA ကို ခုလိုေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ရန္ကုန္တကၠသိုလ္မွာ ျပန္ဖြင့္တဲ့ အတန္းေတြ အေနနဲ႔ကေတာ့ ဥပေဒအတန္းေတြဖြင့္တယ္။ ေနာက္ မဟာအရည္အခ်င္းစစ္ အတန္းေတြ ဖြင့္တယ္။ ေနာက္ မဟာတန္း ပထမႏွစ္၊ ဒုတိယႏွစ္ ျပန္ဖြင့္တယ္။ အဲ့လို ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခ်ိန္မွာ ဒီဥပေဒပညာဌာနမွာ ၂၂ ေယာက္ ေက်ာင္းျပန္တက္တယ္လို႔ သိထားရတယ္ေပါ့ေႏွာ္။ အဲ့ဒီဟာကို ကြၽန္ေတာ္တို႔ ရာခိုင္ႏႈန္း အားျဖင့္ တြက္မယ္ဆိုလို႔ရွိရင္၊ စတုတၳႏွစ္ လူဦးေရနဲ႔ တြက္မယ္ဆိုရင္ေတာင္ ၃ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ တစ္ေက်ာင္းလုံး အေနအထားနဲ႔ ျပန္ၿပီးေတာ့ တြက္မယ္ဆိုလို႔ရွိရင္ ၁ ရာခိုင္ႏႈန္းေတာင္ မျပည့္တဲ့ အေနအထားျဖစ္ေနပါတယ္ဗ်။ အဲ့လိုမျပည့္တဲ့ အေနအထားဆိုေတာ့ ကြၽန္ေတာ္တို႔ ေက်ာင္းသားေတြရဲ႕ ပညာေရး သပိတ္ကေတာ့ ေအာင္ျမင္ေနတယ္လို႔ ကြၽန္ေတာ္တို႔ ေျပာလို႔ရပါတယ္။”

စစ္အာဏာသိမ္းထားခ်ိန္ ပညာမသင္ဘဲ သပိတ္ေမွာက္ေနၾကတဲ့ ေက်ာင္းသားေတြရွိသလို ဘြဲ႕လက္မွတ္ရဖို႔ ေက်ာင္းတက္ေနၾကသူေတြလည္း ရွိေနပါတယ္။ အလုပ္ေခၚစာေတြမွာ ဘြဲ႕ရျဖစ္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြေၾကာင့္ ဘြဲ႕ရဖို႔ ခက္ခဲေနခ်ိန္မွာ လူငယ္ေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြကလည္း ပိုမို ခက္ခဲေနရတယ္လို႔ ေက်ာင္းသူ ေက်ာင္းသားေတြက ေျပာၾကပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


အဝေးသင်တက္ကသိုလ်နောက်ဆုံးနှစ်အားလုံးပြန်ဖွင့်

(Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားတဲ့ အဝေးသင်တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် သိပ္ပံအထူးပြု ဘာသာရပ်တွေနဲ့ ဝိဇ္ဇာအထူးပြုဘာသာရပ်တွေကို ပြန်ဖွင့်နေပါပြီ။ ၂ နှစ်လောက် ပညာသင်ကြားမှု ကြန့်ကြာရပ်ဆိုင်းနေခဲ့တာကြောင့် ဘွဲ့ရဖို့မျှော်လင့်နေသူတွေကတော့ တက္ကသိုလ်ပြန်တက်ဖို့ ပြင်ဆင်နေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားနေချိန်မှာ ဘွဲ့လက်မှတ်မရှိတဲ့အတွက် အလုပ်အကိုင်ရဖို့ ပိုခက်ခဲနေတယ်လို့ အဝေးသင်တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက ပြောကြပါတယ်။ ဒီအခြေအနေအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မမြသဇင်အောင် ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ထဲက အဝေးသင်တက္ကသိုလ်တွေကို စတင်ပိတ်ထားခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာလည်း ပြန်မဖွင့်နိုင်ခဲ့ပါဘူး။ အခုတော့ အဝေးသင်တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် သိပ္ပံအထူးပြု ဘာသာရပ် သင်တန်းတွေအတွက် လက်တွေ့နဲ့ သင်ကြားပို့ချ သင်တန်းတွေကို ဇန်နဝါရီ ၂၂ ရက် စနေနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြုဘာသာရပ်တွေအတွက် စာစဉ်ပို့ချမှုတွေကိုလည်း ဇန်နဝါရီ ၂၄ ရက် တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြုဘာသာရပ် တွေထဲက ဒုတိယအသုတ်ဖြစ်တဲ့ အင်္ဂလိပ်စာ၊ ဥပဒေ (စတုတ္ထနှစ်နဲ့ ပဉ္စမနှစ်)၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ ဘာသာရပ်တွေအတွက် အနီးကပ်သင်တန်း ပို့ချကာလကို ဧပြီလ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၁၀ ရက် သတ်မှတ်ထားပါတယ်။

ဝိဇ္ဇာအဝေးသင်သင်တန်း တတိယအသုတ်ဖြစ်တဲ့ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ ဘာသာရပ်တွေအတွက် အနီးကပ်သင်တန်း ပို့ချကာလကိုတော့ ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၃ ရက်နေ့အထိ ၁၀ ရက်သတ်မှတ်ပြီး သင်ကြားမှု ပြုလုပ်မှာဖြစ်တယ်လို့ အဆင့်မြင့် ပညာဦးစီးဌာနက ကြောညာထားပါတယ်။ ၂ နှစ်လောက် ပညာသင်ကြားရေးပြတ်နေတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသူ ကျောင်းသားတချို့က ကျောင်းမြန်မြန်ပြီး ဘွဲ့ရနိုင်ဖို့အတွက် ကျောင်းပြန်တက်ဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်ပြည်နယ်က စစ်တွေတက္ကသိုလ်က ဝိဇ္ဇာဘာသာရပ်အထူးပြု အဝေးသင် နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဖြစ်တဲ့ မမျိုးသီရိကျော်ကတော့ သူဘာကြောင့် ကျောင်းပြန်တက်ချင်သလဲဆိုတာ ခုလို ရှင်းပြပါတယ်။

“ညီမတို့က ကျောင်းကို ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တက်မှာဆိုတော့လေ၊ ညီမတို့က ကိုယ်တိုင်မတက်ချင်ရင်တောင် မိဘတွေက အတင်း တက်ခိုင်းကြတော့ ကျွန်မတို့က တက်မှာပါ။ ကျွန်မတို့ အရင်ကဆို အသက် ၂၁ မှာ ဘွဲ့ရရမယ်ပေါ့၊ အဲ့လို Plan ရှိခဲ့တယ်ပေါ့။ ခုကျ ၂ နှစ်လောက် ကျောင်းတွေ ပိတ်ထားခဲ့ရတော့ အသက်တွေကြီးပြီးတော့ ဘာမှန်းမသိ မရေရာ မသေချာတဲ့ ပုံမျိုး အဲ့လိုတော့ ဖြစ်သွားပါတယ်။”

အဝေးသင်ကျောင်းသားအများစုက အလုပ်လုပ်ပြီး ကျောင်းတက်ကြသူတွေဖြစ်ပါတယ်။ အဝေးသင်တက္ကသိုလ်မှာ ဝိဇ္ဇာဘာသာရပ်တက်နေတဲ့ ကျောင်းသူတစ်ဦးက လက်ရှိကာလမှာ ဘွဲ့မရသေးသူတွေအတွက် အလုပ်အကိုင်ရနိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေကို ခုလိုပြောပါတယ်။

“ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင် တော်တော်များများ ဆိုလို့ရှိရင် အလုပ်ခေါ်ရင် ဘွဲ့ရမှ ဆိုတဲ့ဟာက ရှိနေတယ်။ အဲ့ခါကျတော့ အလုပ်လျှောက်တဲ့ခါ အဲ့လို ကုမ္ပဏီတွေကျတော့ ဖယ်ပြီးတော့ လျှောက်ရတယ်ပေါ့နှော်။ အဲ့တာ့ အခွင့်အလမ်းက တော်တော်လေး နည်းသွားတယ်လို့ ပြောလို့ရတယ်၊ ဒီ CDM ကျောင်းသားတွေ အတွက်ပေါ့နှော်။ ပြီးတော့ ခုအချိန်က အားလုံးက ခက်ခဲနေတဲ့ အချိန်ဆိုတေော့လေ အလုပ်က အကုန်လုံးက ဝိုင်းပြီးတော့ လျှောက်ကြတဲ့ခါကျတော့ ရွေးခံရမယ့် အခွင့်အလမ်းက နည်းသွားတာပေါ့။ သူတို့က ဘွဲ့ရမှ ဆိုတာကို အဓိက ယူတဲ့ခါကျတော့။”

အဝေးသင်တက္ကသိုလ်တွေ ၂ နှစ်လောက် ပိတ်ထားခဲ့လို့ ဘွဲ့ရချိန်နောက်ကျနေတာမို့ ကိုယ်လိုချင်တဲ့ အလုပ်အကိုင် အတည်တကျရဖို့ ခက်ခဲတယ်လို့ အဝေးသင် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးကလည်း ပြောပါတယ်။

“ကျောင်းသားတွေအတွက်က ကျောင်းတွေ ပိတ်ထားရတယ်ဆိုတော့ အများကြီးနစ်နာတာပေါ့နှော်။ ဥပမာ နယ်က ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့။ အဝေးသင်ကျောင်းသားတွေ အများစုက အလုပ်လုပ်ပြီးတော့ ဒီက အဝေးသင်ကျောင်းသားတွေဆိုရင် ကျွန်တော်သိသလောက်ဆိုရင် ရန်ကုန်တို့ဘာတို့ပေ့ါ ။အဲ့ကို နယ်က ကျောင်းသားတွေက သွားပြီးအလုပ်လုပ်ကြတယ်။ အဝေးသင် ဖြေမယ့် အချိန်လောက်မှ ကျောင်းလာတက်ကြတဲ့ အခြေအနေရှိကြတယ်ပေါ့။ ပိုက်ဆံ သိပ်မတတ်နိုင်တဲ့သူတွေက အဝေးသင်တက်တာ ပိုများကြတယ်ဆိုတော့ အဲ့ဒီအချိန်မှာ ကိုဗစ်ဖြစ်တယ်၊ အလုပ်အကိုင်တွေလည်း ရှားပါးတယ်ဆိုတော့၊ ပြီးတော့ ကျောင်းတွေကလည်း တစ်ပိုင်းတစ်စနဲ့ ရပ်တန့်ထားရတယ်ဆိုတော့ အများစု နောက်ဆုံးနှစ်တွေဆိုရင် ပိုပြီးတော့ အခက်ဖြစ်တာပေါ့။ မြန်မာနိုင်ငံအတိုင်းအတာနဲ့ဆိုရင် ဘွဲ့ရမှ အလုပ်အများစုက ခေါ်ကြတယ်ဆိုတော့ ကျောင်းတွေ နှစ်နဲ့ ချီပိတ်ထားတဲ့ခါကျတော့ တော်တော်လေးကို အလုပ်နဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ ဖြစ်ကြတာပေါ့။”

အခုလို ဘွဲ့လက်မှတ်မရှိလို့ ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်မရဖြစ်နေပေမဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေကြောင့် သူ့အနေနဲ့တော့ ကျောင်းပြန်တက်မှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။

“အခုက ဒီအဝေးသင် တက္ကသိုလ်ကျောင်းတွေလဲ ပြန်ဖွင့်မယ်ဆိုပြီးတော့ ပြောလာပြီပေါ့နှော်။ ကြေညာတာတွေရတယ်ပေါ့။ ဘာပဲပြောပြော ကျောင်းတွေပြန်ဖွင့်တာတော့ ဝမ်းသာစရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်ကြောင့်နဲ့ ကျောင်းသားတွေလည်း ကျောင်းမတက်ခဲ့ရတဲ့ အခြေအနေတွေ အမျိုးမျိုး ရှိခဲ့ကြတယ်ပေါ့နှော်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ကကျတော့ လောလောဆယ်က ဒါက စစ်ကောင်စီက ဖွင့်မယ့်ကျောင်းလို့ ပြောလို့ရတာပေါ့နှော်။ ဒီစစ်ကောင်စီက ဖွင့်တဲ့ကျောင်းဆိုတော့ ကျွန်တော်တော့ မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်ပေါ့။”

ဝိဇ္ဇာသိပ္ပံနေ့သင်တန်း တက္ကသိုလ်တွေနဲ့ အခြား အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်တွေက နောက်ဆုံးနှစ် အတန်းတွေကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့ထဲက ပြန်ဖွင့်နေပါတယ်။ ကျောင်းတွေမှာ တက်ရောက်သူတွေ အများအပြားရှိနေတယ်လို့ သတင်းတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန် ဖော်ပြတာတွေ ရှိနေပေမယ့် တကယ်တန်း ကျောင်းက စာသင်ခန်းတွေထဲမှာ ကျောင်းသားတွေက မရှိသလောက် အခြေအနေမျိုးသာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ကောင်းဆက်က VOA ကို ခုလိုပြောပါတယ်။

“ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်မှာ ပြန်ဖွင့်တဲ့ အတန်းတွေ အနေနဲ့ကတော့ ဥပဒေအတန်းတွေဖွင့်တယ်။ နောက် မဟာအရည်အချင်းစစ် အတန်းတွေ ဖွင့်တယ်။ နောက် မဟာတန်း ပထမနှစ်၊ ဒုတိယနှစ် ပြန်ဖွင့်တယ်။ အဲ့လို ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ဒီဥပဒေပညာဌာနမှာ ၂၂ ယောက် ကျောင်းပြန်တက်တယ်လို့ သိထားရတယ်ပေါ့နှော်။ အဲ့ဒီဟာကို ကျွန်တော်တို့ ရာခိုင်နှုန်း အားဖြင့် တွက်မယ်ဆိုလို့ရှိရင်၊ စတုတ္ထနှစ် လူဦးရေနဲ့ တွက်မယ်ဆိုရင်တောင် ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တစ်ကျောင်းလုံး အနေအထားနဲ့ ပြန်ပြီးတော့ တွက်မယ်ဆိုလို့ရှိရင် ၁ ရာခိုင်နှုန်းတောင် မပြည့်တဲ့ အနေအထားဖြစ်နေပါတယ်ဗျ။ အဲ့လိုမပြည့်တဲ့ အနေအထားဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ ပညာရေး သပိတ်ကတော့ အောင်မြင်နေတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။”

စစ်အာဏာသိမ်းထားချိန် ပညာမသင်ဘဲ သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေရှိသလို ဘွဲ့လက်မှတ်ရဖို့ ကျောင်းတက်နေကြသူတွေလည်း ရှိနေပါတယ်။ အလုပ်ခေါ်စာတွေမှာ ဘွဲ့ရဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် ဘွဲ့ရဖို့ ခက်ခဲနေချိန်မှာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုမို ခက်ခဲနေရတယ်လို့ ကျောင်းသူ ကျောင်းသားတွေက ပြောကြပါတယ်။

XS
SM
MD
LG