သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တင္းနစ္အေက်ာ္အေမာ္ Djokovic ဩစေၾတးလ်မွ ထြက္ခြာ


ျပင္ဝင္ခြင့္ဗီဇာ ျငင္းပယ္ခံရၿပီး ၾသစေၾတးလ်မွ ထြက္ခြာခဲ့ရတဲ့ တင္းနစ္အေက်ာ္အေမာ္ Novak Djokovic (ဝဲဒု)။ (ဇန္နဝါရီ ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

ျပည္ဝင္ခြင့္ဗီဇာ ျငင္းပယ္ခံရတဲ့ ကမၻာ့နံပါတ္တစ္ တင္းနစ္ကစားသမား Novak Djokovic ၾသစေၾတးလ်ႏုိင္ငံ မဲလ္ဘုန္းေလဆိပ္ကေန ဒီကေန႔ ထြက္ခြာသြားပါၿပီ။

Djokovic ရဲ႕ ဗီဇာအယူခံလႊာကို ျငင္းပယ္လိုက္တဲ့ ၾသစေေၾတးလ် လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး Alex Hawke ရဲ႕ ေသာၾကာေန႔က ဆုံးျဖတ္ခ်က္ကို ဖက္ဒရယ္တရားသူႀကီး ၃ ဦးက တနဂၤေႏြေန႔မွာ အတည္ျပဳလိုက္ၿပီးတ့ဲေနာက္ ခုလို ေနရပ္ျပန္ပို႔ခံရတာပါ။

ဗီဇာအယူခံ ျငင္းပယ္ခံရတဲ့အေပၚ အလြန္စိတ္ပ်က္မိေပမယ့္ ဆုံးျဖတ္ခ်က္အတုိင္း လုိက္နာမွာျဖစ္ေၾကာင္း Djokovic က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ၾသစေၾတးလ် တာဝန္ရွိသူေတြကေတာ့ အမ်ားျပည္သူ အက်ိဳးစီးပြားအတြက္ ရည္ရြယ္ၿပီး COVID-19 ကာကြယ္ေဆး ထိုးမထားတဲ့ Djokovic ကို ျပည္ဝင္ခြင္႔မေပးဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ျပည္ဝင္ခြင့္မရဘဲ ေနရပ္ျပန္ပုိ႔ခံရတဲ့သူေတြ အေနနဲ႔ ၾသစေၾတးလ်ကို ၃ ႏွစ္ ျပန္လာခြင့္မရွိပါဘူး။

ၾသစေၾတးလ်မွာ တင္းနစ္ကစားသမား Djokovic ရွိေနျခင္းအားျဖင့္ ျပည္သူလူထုရဲ႕ က်န္းမာေရးအေပၚ ထိခုိက္မႈ ရွိေစႏုိင္သလို ၾသစေၾတးလ်ျပည္သူေတြ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေရး အစိုးရရဲ႕ ေကာင္းမြန္တဲ့ ႀကိဳးပမ္းမႈေတြအေပၚ ဆန႔္က်င္ဘက္ရလဒ္ေတြ ေပၚထြက္လာႏုိင္တယ္ဆိုၿပီး သူ႔ဗီဇာကို တာဝန္ရွိသူေတြ ျငင္းပယ္လိုက္တာ ျဖစ္ပါတယ္။

Grand Slam 2022 တင္းနစ္ပြဲကစားဖို႔ မဲလ္ဘုန္းၿမိဳ႕ကို ေရာက္ေရာက္ခ်င္း ဇန္နဝါရီလ ၆ ရက္ေန႔ကပဲ ကိုဗစ္ကာကြယ္ေဆး ထိုးမထားတဲ့ Djokovic ရဲ႕ ျပည္ဝင္ခြင့္ဗီဇာ ကနဦး ျငင္းပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

တင္းနစ္အေက်ာ္အေမာ္ Djokovic ဩစေၾတးလ်မွ ထြက္ခြာ
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

တင်းနစ်အကျော်အမော် Djokovic ဩစတြေးလျမှ ထွက်ခွာ

ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတဲ့ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား Novak Djokovic သြစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်ကနေ ဒီကနေ့ ထွက်ခွာသွားပါပြီ။

Djokovic ရဲ့ ဗီဇာအယူခံလွှာကို ငြင်းပယ်လိုက်တဲ့ သြစေတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Alex Hawke ရဲ့ သောကြာနေ့က ဆုံးဖြတ်ချက်ကို ဖက်ဒရယ်တရားသူကြီး ၃ ဦးက တနင်္ဂနွေနေ့မှာ အတည်ပြုလိုက်ပြီးတဲ့နောက် ခုလို နေရပ်ပြန်ပို့ခံရတာပါ။

ဗီဇာအယူခံ ငြင်းပယ်ခံရတဲ့အပေါ် အလွန်စိတ်ပျက်မိပေမယ့် ဆုံးဖြတ်ချက်အတိုင်း လိုက်နာမှာဖြစ်ကြောင်း Djokovic က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သြစတြေးလျ တာဝန်ရှိသူတွေကတော့ အများပြည်သူ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး COVID-19 ကာကွယ်ဆေး ထိုးမထားတဲ့ Djokovic ကို ပြည်ဝင်ခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြည်ဝင်ခွင့်မရဘဲ နေရပ်ပြန်ပို့ခံရတဲ့သူတွေ အနေနဲ့ သြစတြေးလျကို ၃ နှစ် ပြန်လာခွင့်မရှိပါဘူး။

သြစတြေးလျမှာ တင်းနစ်ကစားသမား Djokovic ရှိနေခြင်းအားဖြင့် ပြည်သူလူထုရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှု ရှိစေနိုင်သလို သြစတြေးလျပြည်သူတွေ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အစိုးရရဲ့ ကောင်းမွန်တဲ့ ကြိုးပမ်းမှုတွေအပေါ် ဆန့်ကျင်ဘက်ရလဒ်တွေ ပေါ်ထွက်လာနိုင်တယ်ဆိုပြီး သူ့ဗီဇာကို တာဝန်ရှိသူတွေ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

Grand Slam 2022 တင်းနစ်ပွဲကစားဖို့ မဲလ်ဘုန်းမြို့ကို ရောက်ရောက်ချင်း ဇန်နဝါရီလ ၆ ရက်နေ့ကပဲ ကိုဗစ်ကာကွယ်ဆေး ထိုးမထားတဲ့ Djokovic ရဲ့ ပြည်ဝင်ခွင့်ဗီဇာ ကနဦး ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG