ဆာဘီးယားနိုင်ငံက ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား နိုဘက် ဂျိုးကိုဗစ်ခ်ျကတော့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို ဗိုလ်စွဲသွားပါတယ်။
သြစတြေးလျအိုးပင်း အမျိုးသားတဦးချင်းဖိုင်နယ်ပွဲကို မဲလ်ဘုန်းမြို့က Rod Laver ကွင်းမှာ ဒီကနေ့ ကစားကြတာမှာ ကမ္ဘာ့အဆင့် ၁ နိုဘက်ဂျိုးကိုဗစ်ခ်ျက စပိန်နိုင်ငံက ကမ္ဘာ့အဆင့် ၂ ရာဖဲလ်နဒါးလ်ကို ၆-၃၊ ၆-၂၊ ၆-၃ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။
ဂျိုးကိုဗစ်ခ်ျဟာ ဒီပွဲမှာ အမှားနည်းခဲ့သလို၊ နဒါးလ်ရဲ့ ဆားဗစ်္စတွေကိုလည်း ၅ ကြိမ်အနိုင်ယူနိုင်ခဲ့ပြီး နဒါးလ်ကတော့ ဒီပွဲမှာ ၂၈ ကြိမ်လောက် အမှားတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဂျိုးကိုဗစ်ခ်ျအတွက်တော့ သြစတြေးလျအိုးပင်းကို ၇ ကြိမ် မြောက်အဖြစ် နဲ့ စံချိန်တင်အနိုင်ရတာဖြစ်ပြီး၊ ဂရန်းစလမ်းပြိုင်ပွဲကိုလည်း ၁၅ ကြိမ်မြောက် အနိုင်ရလိုက်တာဖြစ်ပါတယ်။