သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DNC တတိယနေ့ ဒုသမ္မတလောင်းအဆိုပြုခံရသူ Tim Walz မိန့်ခွန်းပြောမည်

အမေရိကန်ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Tim Walz ရဲ့ ဝစ္စ်ကန်ဆင်ပြည်နယ်၊ မီလ်ဝေါ်ကီမြို့ စည်းရုံးရေးခရီးစဥ်။
အမေရိကန်ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Tim Walz ရဲ့ ဝစ္စ်ကန်ဆင်ပြည်နယ်၊ မီလ်ဝေါ်ကီမြို့ စည်းရုံးရေးခရီးစဥ်။

အမေရိကန်ပြည်ထောင်စု ဒီမိုကရက်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို ဗုဒ္ဓဟူးနေ့က တတိယနေ့အဖြစ် ရှီကာဂိုမြို့မှာဆက်လက်ကျင်းပပါတယ်။

ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံရသူ Minnesota မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz နဲ့ သမ္မတဟောင်း Bill Clinton တို့ စကားပြောကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီနဲ့ ပို့ဆောင်ရေးဝန်ကြီး Pete Buttigiege တို့လည်း စကားပြောကြားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့က ကာမလာဟဲရစ်နဲ့တွဲဖက်ပြီး ဒုသမ္မတအဖြစ်အရွေးချယ်ခံမယ့် Tim Walz ဟာ ကျောင်းဆရာဟောင်းတဦးဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ သူရဲ့နိုင်ငံရေးအမြင်တွေနဲ့ သူ့ရဲ့အကြောင်း အမေရိကန်ပြည်သူတွေနဲ့ မိတ်ဆက်စကားပြောမှာဖြစ်ပါတယ်။

လက်ရှိဒုတိယသမ္မတဖြစ်တဲ့ သမ္မတလောင်း ကာမလာဟဲရစ်ကတော့ သူ့ကို ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ်ရွေးချယ်တာကို လက်ခံတဲ့မိန့်ခွန်းကိုတော့ ဒီကနေ့ကြာသပတေးနေ့မှာပြောဆိုမှာဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲကတော့ လာမယ့် နိုဝင်ဘာလ ၅ ရက် အင်္ဂါနေ့မှာကျင်းပမှာဖြစ်ပါတယ်။

DNC တတိယနေ့ ဒုသမ္မတလောင်းအဆိုပြုခံရသူ Tim Walz မိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG