သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်မှတ်ငွေလဲနှုန်းမှာ ကျပ် ၃၀ ထပ်တိုးပေးမယ့်အကြောင်း ဘဏ်တချို့ ကြေညာ 


TO GO WITH Myanmar-politics-economy-forex,FOCUS by Daniel ROOK This picture taken on September 3, 2011 shows an illegal money changer exchanging Myanmar kyat bank notes into US dollars in a back alley of the country's main city and former capital Yangon.
TO GO WITH Myanmar-politics-economy-forex,FOCUS by Daniel ROOK This picture taken on September 3, 2011 shows an illegal money changer exchanging Myanmar kyat bank notes into US dollars in a back alley of the country's main city and former capital Yangon.

ပြည်ပရောက် မြန်မာအလုပ်သမားတွေနဲ့ သင်္ဘောသားတွေက လွှဲပို့လိုက်တဲ့ လုပ်ခလစာကို သတ်မှတ်ငွေလဲနှုန်း အပေါ်မှာ ကျပ်၃၀ အပိုဆောင်းပြီး ပေးမယ်လို့ ပြည်တွင်းဘဏ်တချို့က တနင်္လာနေ့မှာ ကြေညာပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းပေးပို့ချက်ကိုတော့ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။ 

သတ်မှတ်ငွေလဲနှုန်းမှာ ကျပ် ၃၀ ထပ်တိုးပေးမယ့်အကြောင်း ဘဏ်တချို့ ကြေညာ

{{Zawgyi/Unicode}}
ပြည်ပရောက် မြန်မာအလုပ်သမားတွေနဲ့ သင်္ဘောသားတွေက လွှဲပို့လိုက်တဲ့ လုပ်ခလစာကို သတ်မှတ်ငွေလဲနှုန်း အပေါ်မှာ ကျပ်၃၀ အပိုဆောင်းပြီး ပေးမယ်လို့ ပြည်တွင်းဘဏ်တချို့က တနင်္လာနေ့မှာ ကြေညာပါတယ်။ ဒီလို အပိုဆောင်းပြီးပေးဖို့အတွက် မြန်မာဗဟိုဘဏ်ဘက်က အောက်တိုဘာလ ၂၈ရက်မှာ ပုဂ္ဂလိက ဘဏ်တွေကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်က အပိုဆောင်းပေးမယ့် ပမာဏဟာ ရည်ညွှန်းငွေလဲနှုန်းပေါ်မှာ ထပ်ဆောင်းပေးမှာလား၊ ဘဏ်တွေကပေးတဲ့ ငွေလဲနှုန်းအပေါ်မှာ အပိုဆောင်းပေးမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းပေးပို့ချက်ကိုတော့ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံသားတွေ ပြည်တွင်းကိုလွှဲပြောင်းတဲ့ အမေရိကန် တဒေါ်လာတန်ဖိုးအပေါ်မှာ ကျပ်၃၀ အပိုဆောင်ပြီးပေးတာကို နိုဝင်ဘာ ၁ ရက်မှာ စတင်လုပ်ဆောင်သွားမယ်လို့ ပုဂ္ဂလိကဘဏ်တချို့က တနလာၤနေ့မှာ ကြေညာပါတယ်။ ဒီလိုပေးတာမှာ ဒေါ်လာ ရည်ညွှန်တန်းဖိုး ကျပ်၂၁၀၀ အပေါ်မှာ အပိုဆောင်းပြီးပေးမှာလား၊ ဒါမှမဟုတ် သင်္ဘောသားတွေလို အထူးငွေလဲနှုန်း တခုအပေါ်မှာ အပိုဆောင်းပေးမှာလားဆိုတာ ဘဏ်တွေဘက်က သီးခြားမထုတ်ပြန်သေးပါဘူး။

ပြည်တွင်း ပုဂ္ဂလိကဘဏ်တခုကို ဗွီအိုအေက မေးမြန်းကြည့်တဲ့အခါမှာတော့ အပိုဆောင်းငွေဟာ ငွေလွှဲသူတိုင်းအတွက် အကြုံးဝင်တယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။

" ဒီမှာတော့ အကုန်လုံးပါတယ် ခင်ဗျ၊ seaman ကအစပေါ့နော်၊ seaman လုပ်ခလစာတွေကအစပေါ့။ အမေရိကန် တဒေါ်လာလျှင် ယင်းနဲ့ညီမျှတဲ့ နိုင်ငံခြားငွေအပေါ်ကို သူ ထပ်ဆောင်းပံ့ပိုးငွေ အနေနဲ့ နိုင်ငံတော်ကနေ ၃၀ကျပ်ကို အပိုထပ်ဆောင်း ပေးတာထားတာမျိုး ရှိတယ်ဗျ။"

ပုဂ္ဂလိက ဘဏ်တွေက အမေရိကန် တဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ရည်ညွှန်းတန်ဖိုး ကျပ်၂,၁၀၀ အထက်အောက်မှာ ၆ကျပ်အတိုးအလျှော့နဲ့ ငွေလဲပေးနေတာပါ။ အခု ပုဂ္ဂလိကဘဏ်တွေမှာ ဒီနှုန်းအတိုင်းပဲ ကျပ် ၃၀ အပိုဆောင်းပြီး ပေးမှာလား၊ ဒါမှမဟုတ် သင်္ဘောသားတွေကိုပေးတဲ့ ပြင်ပငွေလဲနှုန်းအပေါ်မှာ ကျပ်၃၀ အပိုဆောင်းပေးမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့လတွေတုန်းကတော့ သင်္ဘောသားတွေကို ပြင်ပငွေလဲနှုန်းအတိုင်း ဘဏ်တချို့ လဲပေးကြောင်း သင်္ဘောကုမ္ပဏီတခုရဲ့ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

" သူက အမိန့်တော့ထုတ်လိုက်တယ် ထုတ်လိုက်တဲ့အခါမှာ ရှင်းရှင်းလင်းလင်းတော့ မပါဘူး၊ နောက်မှ ရှင်းလင်းချက်တွေ လိုက်ထုတ်တာပေါ့နော်။ အခုလောလောဆယ်လည်း အဲလိုပေါ့ စက်တင်ဘာတုန်းက သူက ၃,၀၀၀ နဲ့ပေးတယ်၊ ဒီလ အောက်တိုဘာမှာ ၂,၈၅၀- ၂,၈၆၀ နဲ့ သူတို့ (ဘဏ်တွေက) ပေါက်ဈေးအတိုင်း ပေးတာပေါ့။ နောက်လ ကျနော်တို့ဆီမှာ ပိုက်ဆံဝင်လာတဲ့အခါ ကျရင်တော့ ၃၀ ပေးလား၊ မပေးလား ဒါတော့ အဲဒီတော့မှသိမယ်ခင်ဗျ။"

တခြား ပြည်ပရောက်မြန်မာတွေ လွှဲလိုက်တဲ့ ငွေတွေအပေါ်မှာရော ဘယ်နှုန်းထားနဲ့ ဘဏ်တွေကလဲပေးပြီး အပိုဆောင်းပေးမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။

" အခု အဲလိုမျိုး ကြေညာပြီးပြီဆိုတော့ ကျနော်တို့ဒီမှာက လစာတွေ မဝင်ကြသေးဘူးလေ။ ကျနော့စိတ်ထင် ဘယ်လိုဘာမလဲတော့မသိဘူး၊ ဘာကြောင့်လဲဆိုတော့ အခုဟာတွေက သူတို့ကြေညာတဲ့အချိန်က လတဝက်ကြီးဆိုတော့ နောက်ပိုင်းလစာတွေ မဝင်လာသေးတော့ သူတို့ကုမ္ပဏီတွေရဲ့သဘော ဟိုဟာရောဆိုတော့ ဘယ်လိုလာမလဲ မသိဘူး။"

ပြည်ပရောက်မြန်မာတွေ အိမ်ပြန်လွှဲရမယ့် အနည်းဆုံးငွေပမာဏကိုလည်း မြန်မာအလုပ်သမားရေးဌာနနဲ့ သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေကြား စဉ်းစားနေတာလည်း ရှိပါတယ်။ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ စာချုပ်ချုပ်အတည်းက ငွေဘယ်လောက်ကိုလွှဲမယ်၊ ဘယ်စနစ်နဲ့ လွှဲမယ်ဆိုတာကို စာချုပ်မှာ ထည့်သွင်းချုပ်ဆိုဖို့ မြန်မာတာဝန်ရှိသူတွေဘက်က စဉ်းစားနေတာ ဖြစ်ပါတယ်။

10312022 Money exchange TG.wav
please wait

No media source currently available

0:00 0:03:18 0:00
တိုက်ရိုက် လင့်ခ်

..........................................................


{{Zawgyi/Unicode}}









XS
SM
MD
LG