သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှားပါးပင်လယ်ဖျံ အသေ ၂၅၀၀ ခန့် ရုရှားကမ်းခြေမှာ တွေ့ရှိ


ရုရှားနိုင်ငံ Caspian ပင်လယ်ကမ်းခြေ တလျှောက်မှာ ရှားပါးပင်လယ်ဖျံ အသေ အကောင်ရေ အနည်းဆုံး ၂၅၀၀ လောက် သောင်တင် လာကြောင်း ဒေသဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ဌာနက ပြောပါတယ်။

ရှားပါးပင်လယ်ဖျံ အသေ ၂၅၀၀ ခန့် ရုရှားကမ်းခြေမှာ တွေ့ရှိ

{{Zawgyi/Unicode}}
ရုရှားနိုင်ငံ Caspian ပင်လယ်ကမ်းခြေ တလျှောက်မှာ ရှားပါးပင်လယ်ဖျံ အသေ အကောင်ရေ အနည်းဆုံး ၂၅၀၀ လောက် သောင်တင် လာကြောင်း ဒေသဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ဌာနက ပြောပါတယ်။ ရုရှားနိုင်ငံ တောင်ပိုင်း Dagestan က ကမ်းခြေတွေမှာ ပင်လယ်ဖျံတွေ သေဆုံးပြီး သောင်တင်လာရတဲ့ အကြောင်းရင်းကိုသိရဖို့ စုံစမ်းစစ်ဆေးနေကြပါတယ်။

ထိခိုက်ဒဏ်ရာ ရတာမျိုး မတွေ့ရတာကြောင့် ရောဂါဖြစ် သေဆုံးတာ ဖြစ်ပုံရကြောင်း၊ ဒါပေမယ့် စမ်းသပ် စစ်ဆေးရဦးမှာ ဖြစ်ကြောင်း ဒေသဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင် အရေး ရှေ့နေရုံးက အကြီးအကဲ Maxim Makashov က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ကြမ်းပြင် ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ကြောင့် အသက်ရှုကြပ်မှုကို သေဆုံးရတဲ့ အဓိက အကြောင်းရင်း အဖြစ် အာဏာပိုင်တို့ စစ်ဆေးနေကြောင်း ရုရှားရဲ့ သဘာ၀ ရင်းမြစ်ဆိုင်ရာ ဌာန အကြီးအကဲ Svetlana Radionova က ပြောပါတယ်။ ရေ မသန့်တာကြောင့်လားဆိုတာကို စမ်းသပ် စုံစမ်းနေတဲ့ ပထမဆုံး အဖြေကတော့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်းလည်း သူမက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် အတွင်း အဇာဘိုင်ဂျန် နဲ့ Dagestan ကမ်းရိုးတန်မှာလည်း ပင်လယ်ဖျံ အသေ အကောင်ရေ ၂၀၀၀ အလားတူ သောင်တင်ခဲ့ဖူးကြောင်းလည်း ရုရှား ရုပ်သံ Rossiya-24 နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူမက ပြောပါတယ်။

Caspian ပင်လယ် အတွင်းမှာ ၂၀ ရာစုနှစ်များ အတွင်းက ပင်လယ်ဖျံ အကောင်ရေ တသန်းကျော် ရှိခဲ့ရာကနေ အခုအချိန်မှာတော့ အကောင်ရေ ၆၈,၀၀၀ လောက်သာ ရှိတော့ကြောင်း ကျွမ်းကျင်သူများက ပြောပါတယ်။

ရှားပါးပင်လယ်ဖျံ အသေ ၂၅၀၀ ခန့် ရုရှားကမ်းခြေမှာ တွေ့ရှိ
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}




XS
SM
MD
LG