သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒဏ္ရာရ ဧရာ၀တီလင္းပိုင္ငယ္ ထိုင္းႏိုင္ငံမွာ ကယ္တင္ေစာင့္ေရွာက္


(Zawgyi / Unicode)

ထိုင္းႏုိင္ငံ အေရွ႕ဘက္ ကမ္းရိုးတန္းမွာ ဒဏ္ရာရၿပီး ေရနစ္ေသေတာ့မယ့္ လင္းပိုင္ငယ္ေလး တေကာင္ဟာ အခုေတာ့ ေစတနာ႔ ၀န္ထမ္း ကူညီေပးသူ အဖြဲ႔တခုရဲ႕ ႀကိဳးပမ္းမႈေၾကာင့္ အေတာ္ေလး သက္သာလာပါၿပီ။ Paradon လို႔ နာမည္ေပးထားတဲ႔ အဲဒီ လင္းပိုင္းေလးက ဧရာ၀တီ လင္းပိုင္းျဖစ္ၿပီး တရားမ၀င္ ငါးဖမ္းမႈနဲ႔ ပတ္၀န္းက်င္ ညစ္ညမ္းမႈေတြေၾကာင့္ မ်ိဳးတုန္း ေပ်ာက္ကြယ္သြားႏုိင္တဲ႔ မ်ိဳးစိတ္ အျဖစ္ သတ္မွတ္ခံထားရတာ ျဖစ္ပါတယ္။ အခုေတာ့ ဧရာ၀တီ လင္းပိုင္းေလး Paradon ရဲ႕ အေျခအေန တိုးတက္ေကာင္းမြန္လာတာေၾကာင့္ ပင္လယ္ျပင္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး သမားေတြက ႀကိဳဆိုၾကပါတယ္။ AP သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးပါမယ္။

Paradon လို႔ နာမည္ေပးထားတဲ႔ ဒဏ္ရာရ လင္းပိုင္ေလးကိုေတာ့ ထိုင္းႏုိင္ငံ ရေနာင္းက စင္တာ တခုမွာ ကုသေပးေနၾကပါတယ္။ ထိုင္းႏုိင္ငံ အေရွ႕ဘက္ ကမ္းရိုးတန္းက ေရအိုင္ေလးထဲမွာ ေရနစ္ေနတဲ႔ လင္းပိုင္ေလးကို ၿပီးခဲ႔တဲ႔ တလေလာက္က ေတြ႔ခဲ႔ၾကတာပါ။ ပင္လယ္ျပင္နဲ႔ ကမ္းရိုတန္း ရင္းျမစ္မ်ား သုေတသနနဲ႔ ဖြံ႔ၿဖိဳးေရး စင္တာက တိရိစာၦန္ ဆရာ၀န္ေတြနဲ႔ အကူအညီေပးသူ တဒါဇင္ေလာက္နဲ႔ Paradon ကို အခ်ိန္ျပည့္ ျပဳစု ကုသေပးေနၾကရတာပါ။ စင္တာက တိရိစာၦန္ ေဆးကု ဆရာ၀န္ Thanaphan Chomchuen က အခုလို ေျပာပါတယ္။

" ကမ္းေျခမွာ ေသာင္တင္ေနတဲ႔ လင္းပိုင္ေတြဟာ မ်ားေသာ အားျဖင့္ေတာ့ အေျခအေနက ဆိုးပါတယ္။ ဒီလို လင္းပိုင္ေတြ အသက္ရွင္ဖို႔ အခြင့္အလမ္းကလည္း သိပ္ၿပီး နည္းပါတယ္။ သူ႔ကိုေတာ့ က်ေနာ္တို႔ အေကာင္းဆံုး ျပဳစုေစာင္႔ေရွာက္ခဲ႔ပါတယ္။ "

ကမ္းစပ္ေပၚမွာ ေသာင္တင္ၿပီး ေရကန္ငယ္ထဲမွာ ဒဏ္ရာေၾကာင့္ ေရမကူးႏိုင္ပဲ ေရနစ္လု ျဖစ္ေနတဲ႔ လင္းပိုင္ေလး Paradon ကို ဇူလိုင္လ ၂၃ ရက္ေန႔မွာ ငါးဖမ္းသမားေတြက ေတြ႔ခဲ႔တာပါ။ သူတို႔က ထိုင္း တာ၀န္ရွိသူေတြထံကို အလွ်င္အျမန္ ဆက္သြယ္ခဲ႔ၾကၿပီး တာ၀န္ရွိသူေတြ အႀကံေပးတဲ႔ အတိုင္း လင္းပိုင္ေလးကို အေရးေပၚ ျပဳစုေစာင့္ေရွာက္ေပးခဲ႔ၾကၿပီးေနာက္ ကယ္ဆယ္ေရး စင္တာကို ပို႔ေပးခဲ႔ၾကပါတယ္။

လင္းပိုင္ေလး Paradon ဟာ ဒဏ္ရာကေန ေရာဂါပိုး၀င္ အင္အားခ်ိနဲ႔ၿပီး ေရမကူးႏုိင္ ျဖစ္ခဲ႔တာပါ။ ဒီ လင္းပိုင္ေလးကို ပင္လယ္ေရ ျဖည့္ထားတဲ႔ ကန္ထဲကို ထည့္ၿပီး ေဆးကုေပးခဲ႔ၾကပါတယ္။ ေရမကူးႏုိင္တဲ႔ လင္းပိုင္ေလး ေရမနစ္ေစဖို႔ အတြက္ ေစတနာ႔ ၀န္ထမ္းေတြက အခ်ိန္ျပည့္ ေရကန္ထဲမွာ သူ႔ကို အလွည့္က် ကိုင္ေပးထားၾကတာပါ။ အသက္ ၃၂ ႏွစ္ အရြယ္ ဘ႑ာေရးဆိုင္ရာ အႀကံေပး Thippunyar Thipjuntar ဟာ စင္တာမွာ ေစတနာ႔ ၀န္ထမ္း လုပ္ေနသူပါ။

" သူက အစားေကာင္းေကာင္း မစားေပမဲ့ ေဆာ့ခ်င္ေနပါတယ္။ သူ အဟာရ မျပည့္မွာကို စိုးရိမ္ပါတယ္။ ဒီမွာ အခ်ိန္၊ လုပ္အား၊ ေငြေၾကး ကုန္က်ခံၿပီး စိတ္ေရာ လူပါ ႏွစ္ျမွဳပ္လုပ္ကိုင္ေနတဲ႔ ေစတနာ႔ ၀န္ထမ္း တဦးအေနနဲ႔ လင္းပိုင္ေလး က်န္းမာၿပီး အသက္ရွင္ေစခ်င္ပါတယ္။"

ဧရာ၀တီ လင္းပိုင္ေလး Paradon ဟာ အေျခအေန ေကာင္းလာၿပီး အခုေတာ့ ေရကူးႏုိင္ပါၿပီ။ ဒါေပမယ့္ အားနည္းေနေသးၿပီး အေျခအေနက စိုးရိမ္စရာ ျဖစ္ေနဆဲပါ။ သူ႔ကို ျပဳစုေစာင့္ေရွာက္ေပးေနသူေတြက မိနစ္ ၂၀ တိုင္းမွာ တခါ ႏို႔တိုက္ေနေပမယ့္လည္း သူက ေကာင္းေကာင္း မေသာက္ပါဘူး။ လင္းပိုင္ေလး Paradon ကို ေရရွည္ ေစာင့္ေရွာက္မႈ ေပးဖို႔ လိုအပ္ၿပီး အနည္းဆံုး တႏွစ္ေလာက္ ၾကာမယ္လို႔ စင္တာက ညႊန္ၾကားေရးမွဴး Sumana Kajonwattanakul က ေျပာပါတယ္။ လင္းပိုင္ေလးကို ႏို႔ျဖတ္ၿပီး အစာရွာစားတတ္ဖို႔ အတြက္ အခ်ိန္ယူရမွာ ျဖစ္ပါတယ္။

" သူ ေနေကာင္းလာလို႔ ျပန္လႊတ္လုိက္မယ္ဆိုရင္လည္း ျပသနာက သူ ႏို႔ေသာက္ရေတာ့မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ သူ႔မွာ သြားေပါက္လာၿပီး ငါး စားတတ္ေအာင္နဲ႔ အသားက်ေအာင္ သင္ေပးရမွာ ျဖစ္ပါတယ္။ အခ်ိန္ယူရမွာပါ။"

ဒါေပမယ့္လည္း Paradon ကို ျပဳစု ေစာင့္ေရွာက္မႈကေန ဒီ လင္းပိုင္မ်ိဳးစိတ္ေတြ ျပဳစုေစာင့္ေရွာက္မႈကို ပိုၿပီး နားလည္ေစမယ္လို႔ ျပဳစုေစာင့္ေရွာက္ေပးေနသူေတြက ယံုၾကည္ၾကပါတယ္။ တိရိစၦာန္ ေဆးကု ဆရာ၀န္ Thanaphan Chomchuen က အခုလို ေျပာပါတယ္။

" ဒီလို တိရိစာ ၦန္ မ်ိဳးစိတ္ေတြကို ျပဳစု ကုသမႈမွာ ေအာင္ျမင္မႈက သိပ္မ်ားမ်ားစားစား မရွိတာေၾကာင့္ လင္းပိုင္ တေကာင္ကို အသက္ကယ္လုိက္ႏုိင္ၿပီဆိုရင္ က်ေနာ္တို႔ အတြက္ ဗဟုသုတ ရပါတယ္။ သူ႔ကို အသက္ရွင္ေအာင္ ကယ္တင္ႏုိင္ၿပီ ဆိုရင္ ဒီကေန က်ေနာ္တို႔ အမ်ားႀကီး သင္ယူႏုိင္ပါတယ္။ ဒုတိယ အခ်က္ အေနနဲ႔ကေတာ့ သူ႔ကို အသက္ ကယ္လိုက္ျခင္းအားျဖင့္ သူ႔ကို အသက္ရွင္ဖို႔ အခြင့္အလမ္း ေပးလိုက္ျခင္း အားျဖင့္ အေကာင္ေရ သိပ္မက်န္ေတာ့တဲ႔ ရွားပါး ဒီ သတၱ၀ါေတြ ထိန္းသိမ္းေရး အတြက္လည္း အသိပညာေပးရာ ေရာက္ပါတယ္။ "

Paradon လို ဧရာ၀တီ လင္းပိုင္ေတြဟာ မ်ဳိးတုန္းမယ့္ အႏၲရာယ္ရွိတဲ့ မ်ဳိးစိတ္အျဖစ္ ႏုိင္ငံတကာ သဘာ၀ ထိန္းသိမ္းေရး သမဂၢ IUCN က သတ္မွတ္ထားပါတယ္။ ဧရာ၀တီ လင္းပိုင္ေတြကိုေတာ့ ေတာင္အာရွနဲ႔ အေရွ႕ေတာင္ အာရွက ေရတိမ္ ပင္လယ္ကမ္းရိုးတန္း ေဒသ တခ်ိဳ႕၊ ေနာက္ ျမန္မာ၊ ကေမ ၻာဒီးယားနဲ႔ အင္ဒိုနီးရွားတို႔က ျမစ္ ၃ စင္းတို႔ထဲမွာ ေတြ႔ရေလ႔ ရွိပါတယ္။ ဧရာ၀တီ လင္းပိုင္ေတြရဲ႕ အသိုက္အၿမံဳေတြ ဆံုးရံႈးမႈ၊ ညစ္ညမ္းမႈနဲ႔ တရားမ၀င္ ငါးဖမ္းဆီးမႈေတြေၾကာင့္ ၿခိမ္းေျခာက္ခံေနရတဲ႔ မ်ိဳးစိတ္ျဖစ္ပါတယ္။ ထိုင္းႏုိင္ငံရဲ႕ အေရွ႕ဘက္ ကမ္းရိုးတန္းမွာ ဧရာ၀တီ လင္းပိုင္ အေကာင္ ၄၀၀ ေလာက္ဘဲ က်န္ရွိေတာ့တယ္လို႔ ခန္႔မွန္းထားၾကာင္းလည္း ထိုင္းႏုိင္ငံရဲ႕ ပင္လယ္ျပင္နဲ႔ ကမ္းရိုးတန္း အရင္းအျမစ္မ်ား သုေတသနနဲ႔ ဖြံ႔ၿဖိဳးေရး စင္တာက တာ၀န္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဒဏ်ရာရ ဧရာဝတီလင်းပိုင်ငယ် ထိုင်းနိုင်ငံမှာ ကယ်တင်စောင့်ရှောက်

ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ ဒဏ်ရာရပြီး ရေနစ်သေတော့မယ့် လင်းပိုင်ငယ်လေး တကောင်ဟာ အခုတော့ စေတနာ့ ဝန်ထမ်း ကူညီပေးသူ အဖွဲ့တခုရဲ့ ကြိုးပမ်းမှုကြောင့် အတော်လေး သက်သာလာပါပြီ။ Paradon လို့ နာမည်ပေးထားတဲ့ အဲဒီ လင်းပိုင်းလေးက ဧရာဝတီ လင်းပိုင်းဖြစ်ပြီး တရားမဝင် ငါးဖမ်းမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် မျိုးတုန်း ပျောက်ကွယ်သွားနိုင်တဲ့ မျိုးစိတ် အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ အခုတော့ ဧရာဝတီ လင်းပိုင်းလေး Paradon ရဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာတာကြောင့် ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ကြိုဆိုကြပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

Paradon လို့ နာမည်ပေးထားတဲ့ ဒဏ်ရာရ လင်းပိုင်လေးကိုတော့ ထိုင်းနိုင်ငံ ရနောင်းက စင်တာ တခုမှာ ကုသပေးနေကြပါတယ်။ ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းက ရေအိုင်လေးထဲမှာ ရေနစ်နေတဲ့ လင်းပိုင်လေးကို ပြီးခဲ့တဲ့ တလလောက်က တွေ့ခဲ့ကြတာပါ။ ပင်လယ်ပြင်နဲ့ ကမ်းရိုတန်း ရင်းမြစ်များ သုတေသနနဲ့ ဖွံ့ဖြိုးရေး စင်တာက တိရိစ္ဆာန် ဆရာဝန်တွေနဲ့ အကူအညီပေးသူ တဒါဇင်လောက်နဲ့ Paradon ကို အချိန်ပြည့် ပြုစု ကုသပေးနေကြရတာပါ။ စင်တာက တိရိစ္ဆာန် ဆေးကု ဆရာဝန် Thanaphan Chomchuen က အခုလို ပြောပါတယ်။

ကမ်းခြေမှာ သောင်တင်နေတဲ့ လင်းပိုင်တွေဟာ များသော အားဖြင့်တော့ အခြေအနေက ဆိုးပါတယ်။ ဒီလို လင်းပိုင်တွေ အသက်ရှင်ဖို့ အခွင့်အလမ်းကလည်း သိပ်ပြီး နည်းပါတယ်။ သူ့ကိုတော့ ကျနော်တို့ အကောင်းဆုံး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

ကမ်းစပ်ပေါ်မှာ သောင်တင်ပြီး ရေကန်ငယ်ထဲမှာ ဒဏ်ရာကြောင့် ရေမကူးနိုင်ပဲ ရေနစ်လု ဖြစ်နေတဲ့ လင်းပိုင်လေး Paradon ကို ဇူလိုင်လ ၂၃ ရက်နေ့မှာ ငါးဖမ်းသမားတွေက တွေ့ခဲ့တာပါ။ သူတို့က ထိုင်း တာဝန်ရှိသူတွေထံကို အလျှင်အမြန် ဆက်သွယ်ခဲ့ကြပြီး တာဝန်ရှိသူတွေ အကြံပေးတဲ့ အတိုင်း လင်းပိုင်လေးကို အရေးပေါ် ပြုစုစောင့်ရှောက်ပေးခဲ့ကြပြီးနောက် ကယ်ဆယ်ရေး စင်တာကို ပို့ပေးခဲ့ကြပါတယ်။

လင်းပိုင်လေး Paradon ဟာ ဒဏ်ရာကနေ ရောဂါပိုးဝင် အင်အားချိနဲ့ပြီး ရေမကူးနိုင် ဖြစ်ခဲ့တာပါ။ ဒီ လင်းပိုင်လေးကို ပင်လယ်ရေ ဖြည့်ထားတဲ့ ကန်ထဲကို ထည့်ပြီး ဆေးကုပေးခဲ့ကြပါတယ်။ ရေမကူးနိုင်တဲ့ လင်းပိုင်လေး ရေမနစ်စေဖို့ အတွက် စေတနာ့ ဝန်ထမ်းတွေက အချိန်ပြည့် ရေကန်ထဲမှာ သူ့ကို အလှည့်ကျ ကိုင်ပေးထားကြတာပါ။ အသက် ၃၂ နှစ် အရွယ် ဘဏ္ဍာရေးဆိုင်ရာ အကြံပေး Thippunyar Thipjuntar ဟာ စင်တာမှာ စေတနာ့ ဝန်ထမ်း လုပ်နေသူပါ။

သူက အစားကောင်းကောင်း မစားပေမဲ့ ဆော့ချင်နေပါတယ်။ သူ အဟာရ မပြည့်မှာကို စိုးရိမ်ပါတယ်။ ဒီမှာ အချိန်၊ လုပ်အား၊ ငွေကြေး ကုန်ကျခံပြီး စိတ်ရော လူပါ နှစ်မြှုပ်လုပ်ကိုင်နေတဲ့ စေတနာ့ ဝန်ထမ်း တဦးအနေနဲ့ လင်းပိုင်လေး ကျန်းမာပြီး အသက်ရှင်စေချင်ပါတယ်။

ဧရာဝတီ လင်းပိုင်လေး Paradon ဟာ အခြေအနေ ကောင်းလာပြီး အခုတော့ ရေကူးနိုင်ပါပြီ။ ဒါပေမယ့် အားနည်းနေသေးပြီး အခြေအနေက စိုးရိမ်စရာ ဖြစ်နေဆဲပါ။ သူ့ကို ပြုစုစောင့်ရှောက်ပေးနေသူတွေက မိနစ် ၂၀ တိုင်းမှာ တခါ နို့တိုက်နေပေမယ့်လည်း သူက ကောင်းကောင်း မသောက်ပါဘူး။ လင်းပိုင်လေး Paradon ကို ရေရှည် စောင့်ရှောက်မှု ပေးဖို့ လိုအပ်ပြီး အနည်းဆုံး တနှစ်လောက် ကြာမယ်လို့ စင်တာက ညွှန်ကြားရေးမှူး Sumana Kajonwattanakul က ပြောပါတယ်။ လင်းပိုင်လေးကို နို့ဖြတ်ပြီး အစာရှာစားတတ်ဖို့ အတွက် အချိန်ယူရမှာ ဖြစ်ပါတယ်။

သူ နေကောင်းလာလို့ ပြန်လွှတ်လိုက်မယ်ဆိုရင်လည်း ပြသနာက သူ နို့သောက်ရတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သူ့မှာ သွားပေါက်လာပြီး ငါး စားတတ်အောင်နဲ့ အသားကျအောင် သင်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ယူရမှာပါ။

ဒါပေမယ့်လည်း Paradon ကို ပြုစု စောင့်ရှောက်မှုကနေ ဒီ လင်းပိုင်မျိုးစိတ်တွေ ပြုစုစောင့်ရှောက်မှုကို ပိုပြီး နားလည်စေမယ်လို့ ပြုစုစောင့်ရှောက်ပေးနေသူတွေက ယုံကြည်ကြပါတယ်။ တိရိစ္ဆာန် ဆေးကု ဆရာဝန် Thanaphan Chomchuen က အခုလို ပြောပါတယ်။

ဒီလို တိရိစာ ္ဆန် မျိုးစိတ်တွေကို ပြုစု ကုသမှုမှာ အောင်မြင်မှုက သိပ်များများစားစား မရှိတာကြောင့် လင်းပိုင် တကောင်ကို အသက်ကယ်လိုက်နိုင်ပြီဆိုရင် ကျနော်တို့ အတွက် ဗဟုသုတ ရပါတယ်။ သူ့ကို အသက်ရှင်အောင် ကယ်တင်နိုင်ပြီ ဆိုရင် ဒီကနေ ကျနော်တို့ အများကြီး သင်ယူနိုင်ပါတယ်။ ဒုတိယ အချက် အနေနဲ့ကတော့ သူ့ကို အသက် ကယ်လိုက်ခြင်းအားဖြင့် သူ့ကို အသက်ရှင်ဖို့ အခွင့်အလမ်း ပေးလိုက်ခြင်း အားဖြင့် အကောင်ရေ သိပ်မကျန်တော့တဲ့ ရှားပါး ဒီ သတ္တဝါတွေ ထိန်းသိမ်းရေး အတွက်လည်း အသိပညာပေးရာ ရောက်ပါတယ်။

Paradon လို ဧရာဝတီ လင်းပိုင်တွေဟာ မျိုးတုန်းမယ့် အန္တရာယ်ရှိတဲ့ မျိုးစိတ်အဖြစ် နိုင်ငံတကာ သဘာ၀ ထိန်းသိမ်းရေး သမဂ္ဂ IUCN က သတ်မှတ်ထားပါတယ်။ ဧရာဝတီ လင်းပိုင်တွေကိုတော့ တောင်အာရှနဲ့ အရှေ့တောင် အာရှက ရေတိမ် ပင်လယ်ကမ်းရိုးတန်း ဒေသ တချို့၊ နောက် မြန်မာ၊ ကမေ ္ဘာဒီးယားနဲ့ အင်ဒိုနီးရှားတို့က မြစ် ၃ စင်းတို့ထဲမှာ တွေ့ရလေ့ ရှိပါတယ်။ ဧရာဝတီ လင်းပိုင်တွေရဲ့ အသိုက်အမြုံတွေ ဆုံးရှုံးမှု၊ ညစ်ညမ်းမှုနဲ့ တရားမဝင် ငါးဖမ်းဆီးမှုတွေကြောင့် ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာ ဧရာဝတီ လင်းပိုင် အကောင် ၄၀၀ လောက်ဘဲ ကျန်ရှိတော့တယ်လို့ ခန့်မှန်းထားကြာင်းလည်း ထိုင်းနိုင်ငံရဲ့ ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်း အရင်းအမြစ်များ သုတေသနနဲ့ ဖွံ့ဖြိုးရေး စင်တာက တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG