သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဟမ့်ရှိုင်းယား ရီပတ်ဘလစ်ကန် သမ္မတလောင်း စကားစစ်ထိုးပွဲတွေ ပယ်ဖျက်


ရီပတ်ဘလီကင်ပါတီတွင်း သမ္မတလောင်းရွေးပွဲစည်းရုံးမဲဆွယ်ပွဲကို နှင်းမုန်တိုင်းကြားက လာရောက်အားေပးကြတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၄)
ရီပတ်ဘလီကင်ပါတီတွင်း သမ္မတလောင်းရွေးပွဲစည်းရုံးမဲဆွယ်ပွဲကို နှင်းမုန်တိုင်းကြားက လာရောက်အားေပးကြတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲပြီးဆုံးသွားပြီးတဲ့နောက် ရှေ့သီတင်းပတ် ဂျူလိုင်လ ၂၃ ရက်နေ့ကျင်းပမယ့် နယူးဟမ့်ရှိုင်းယားပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ ရီပတ်ဘလစ်ကန် ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်တွေ အားခဲနေကြပါတယ်။

အိုင်အိုဝါပြည်နယ်မှာအနိုင်ရခဲ့တဲ့ သမ္မတဟောင်း Donald Trump ကို ထောက်ခံသူတွေ နယူးဟမ့်ရှိုင်းယားပြည်နယ် Atkinson မြို့မှာကျင်းပတဲ့ Trump ရဲ့ မဲဆွယ်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီမဲဆွယ်စည်းရုံးပွဲကိုတက်ဖို့ နှင်းတွေကြားထဲမှာ ၁၁ နာရီလောက် ကားမောင်းပြီးလာခဲ့တာလို့ Donald Trump ကို ထောက်ခံသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။ နယူးဟမ့်ရှိုင်းယား ပြည်နယ် ပါတီတွင်းသမ္မလောင်းရွေးပွဲတွေကို အာရုံစိုက်ဖို့ဆိုပြီး ဒီသီတင်းပတ်အတွင်း ရီပတ်ဘလစ်ကန်ပါတီတွင်း ကိုယ်စားလှယ်လောင်းတွေ စကားစစ်ထိုးပွဲတွေမှာ မပါဝင်တောတာကြာင့် အစီအစဉ်တွေလည်း ပယ်ဖျက်ထားရပါတယ်။

ဇန္နဝါရီလ ၁၈ ရက်နေ့ Goffstown မှာ ကျင်းပမယ့် စကားစစ်ထိုးပွဲမှာ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး DeSantis တယောက်ပဲပါဝင်ဖို့ ကတိပေးထားတာကြောင့် စကားစစ်ထိုးပွဲတွေ ပယ်ဖျက်လိုက်ရတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley က Goffstown မှာကျင်းပမယ့် စကားစစ်ထိုးပွဲရော Henniker မြို့မှာကျင်းပတဲ့ စကားစစ်ထိုးပွဲမှာပါ သူပါဝင်နိုင်မယ် မထင်ဘူးဆိုပြီး ပြောနေပါတယ်။

ရှေ့သီတင်းပတ်ကျင်းပမယ့် နယူးဟမ့်ရှိုင်းယားပြည်နယ်ပါတီတွင်း သမ္မလောင်းပဏာမရွေးပွဲမှာ နိုင်ငံလုံးဆိုင်ရာညီလာခံတက်မယ့် ကိုယ်စားလှယ် ၂၂ ယောက်အတွက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG