သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရႊႀတိဂံက စိတ္ႂကြေဆးေတြ ထိုင္းနယ္ထဲမွာ ေန႔စဥ္လိုလို ဖမ္းမိ


Drug Seizure in Thai Burma Border (မွတ္တမ္းဓါတ္ပုံ)

ထိုင္းႏိုင္ငံ မွာ ေရႊႀတိဂံေဒသ ကလာတဲ့ စိတ္ႀကြေဆးျပားေတြ ေန႔စဥ္ဖမ္းဆီးေနရာမွာ ဇြန္လ ၅ရက္ေန့ ကေန ၇ ရက္ေန့အထိ ၃ရက္အတြင္းမွာပဲ ဘတ္ေငြသန္းေပါင္း ၃ေထာင္ေက်ာ္တန္ဖိုးရွိတဲ့ စိတ္ႀကြ ေဆးျပာ ၁၆သန္းေက်ာ္ ေလာက္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

{{Zawgyi/Unicode}}

ေရႊႀတိဂံက စိတ္ႂကြေဆးေတြ ထိုင္းနယ္ထဲမွာ ေန႔စဥ္လိုလို ဖမ္းမိ

ထိုင္းႏိုင္ငံ ခ်င္းရိုင္ျပည္နယ္ အပါအ၀င္ ထုိင္းႏိုင္ငံအတြင္းပုိင္း ေဒသေတြဆီကို ေရႊႀတိဂံေဒသ ကလာတဲ့ စိတ္ႀကြေဆးျပားေတြ အလံုးအရင္းနဲ့ ဝင္ေရာက္လာတာေႀကာင့္ ထုိင္းအာဏာပုိင္ေတြက ေန႔စဥ္ဖမ္းဆီးေနရာမွာ ဇြန္လ ၅ရက္ေန့ ကေန ၇ ရက္ေန့အထိ ၃ရက္အတြင္းမွာပဲ ဘတ္ေငြသန္းေပါင္း ၃ေထာင္ေက်ာ္တန္ဖိုးရွိတဲ့ စိတ္ႀကြ ေဆးျပာ ၁၆သန္းေက်ာ္ ေလာက္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ထုိင္းႏုိ္င္ငံအတြင္းကို ေရႊႀတိဂံေဒသကလာတဲ့ စိတ္ႀကြေဆးေတြ ဆက္တိုက္၀င္ေရာက္လာေနရာမွာ ဇြန္လ ၅ ရက္နဲ့ ၆ရက္ေန့ေတြမွာ ခ်င္းရိုင္ျပည္နယ္ကိုျဖတ္ျပီး ဖဲ့ျပည္နယ္ထဲကုိ ၀င္လာတဲ့ စိတ္ႀကြေဆးျပား တသန္းခဲြ ဆလာဘူရီျပည္နယ္မွာေတာ့ ခ်င္းရိုင္ျပည္နယ္ကလာတဲ့ ၉၉၉ တံဆိပ္စိတ္ႀကြေဆးျပား ၈သန္းခဲြ၊ ခ်င္းရိုင္ျပည္နယ္ထဲမွာပဲ ၉၉၉ တံဆိပ္ပါ စိတ္ႀကြေဆး တသန္း၊ ဇြန္လ ၇ ရက္ေန့ကေတာ့ ေရႊႀတိဂံေဒသ ခ်င္းေကာင္းျပည္နယ္ထဲမွာ စိတ္ႀကေဆးျပား ၅သန္း ဖမ္းမိခဲ့ပါတယ္။

စိတ္ႀကြေဆး သယ္ေဆာင္လာတဲ့သူေတြဟာ ကန္တင္ကားနဲ့ သယ္ေဆာင္လာတာ လူနာတင္ကားနဲ့ သယ္ေဆာင္တာ နာနတ္သီးေတြရဲ့ေအာက္မွာ ေဖာ့ဖာေတြနဲ့ သယ္ေဆာင္လာတာအျပင္ တျခားနည္းေတြနဲ့ သယ္ေဆာင္ေနႀကတာျဖစ္ပါတယ္။ စိတ္ႀကြေဆးေတြ အဆက္မျပတ္ ဖမ္းမိေနတာနဲ့ ပတ္သက္လုိ့ အမွတ္ ၁ ေဒသ ရဲခ်ဳပ္ ၾကည္ရဖတ္ ဖြန္မိက်စ္က သတင္းစာရွင္းလင္းပဲြမွာ အခုလိုေျပာသြားပါတယ္။

" စိတ္ႀကြေဆးေတြကို လူနာတင္ကားအပါအ၀င္ ကုန္တင္ကားေတြနဲ့ မူးယစ္ေမွာင္ခုိသမားေတြက ထုိင္းႏိုင္ငံအတြင္းပုိင္းထိေရာက္ေအာင္ နည္းေပါင္းစံုနဲ့ သယ္ေဆာင္ေနပါတယ္။ က်ေနာ္တုိ့အေနနဲ့ မူးယစ္ေဆး၀ါး ကိုအဓိကျဖန့္ခ်ီတဲ့ေနရာေတြ ကို ရွာေဖြျပီး ဖမ္းဆီးအေရးယူမူေတြလည္းဆက္တိုက္လုပ္ေနပါတယ္" ဆိုျပီး ထုိင္းဘာသာနဲ့ေျပာသြားခဲ့တာပါ။

ဒီရက္ပုိင္းမွာပဲ ရွမ္းျပည္နယ္ ကေနလာတဲ့ ျမန္မာႏိုင္ငံသားတဦးကို ထိုင္းနိုင္ငံ ခ်င္းရိုင္ျပည္နယ္ထဲမွာ ေခတမင္းမူးယစ္ေဆး ၂၅ ကီလိုနဲ့ အတူဖမ္းမိခဲ့ပါတယ္။

သူ့ကိုေတာ့ ထုိင္းနယ္ျခားေစာင့္တပ္ဖြဲ႕၃ကစစ္ေဆးဖမ္းဆီးလိုက္တာပါ။ သူနဲအတူ သယ္လာတဲ့ အ၀ါေရာင္အိပ္ထဲမွာေတာ့ ၈၈၈ တံဆိပ္ပါ ေခတမင္း ketamine စိတ္ႂကြေဆး၂၅ထုတ္ကုိက ဖမ္းဆီးႏိုင္ခဲ့ျပီး ကာလတန္ဖိုးကေတာ့ ထိုင္းဘတ္ေငြ ၃ သန္းေက်ာ္ တန္ဖိုးရွိတယ္လို့ဆုိပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံနဲ႔ ဆက္စပ္ေနတဲ့ အေရွ႕ေတာင္အာရွေဒသမွာ စိတ္ႂကြေဆး ထုတ္လုပ္မႈနဲ႔ ကုန္သြယ္မႈဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း အျမင့္ဆုံးအထိ ေရာက္ခဲ့တယ္လို႔ ၂၀၂၂ ခုႏွစ္ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈ တိုက္ဖ်က္ေရးဌာန အစီရင္ခံစာမွာေဖာ္ျပပါတယ္။

ျမန္မာနယ္စပ္ ထိုင္းျမန္မာ လာအို၀္ သံုးႏိုင္ငံဆံုရာ ေ႐ႊႀတိဂံေဒသမွာ ကိုဗစ္ကပ္ရာဂါနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈကို အခြင့္ေကာင္းယူၿပီး မူးယစ္ဂိုဏ္းေတြနဲ႔ လက္နက္ကိုင္တပ္ေတြက ျပီးခဲ့တဲ့ ၂၀၂၁ အတြင္း အခုလို တိုးခ်ဲ႕ထုတ္လုပ္ ျဖန႔္ျဖဴးခဲ့တာလို႔လည္း ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈတိုက္ဖ်က္ေရးအဖြဲ႔ UNODC က အစီရင္ခံစာမွာေဖာ္ျပခဲ့ပါတယ္။

အေရွ့ေတာင္အာရွ ေဒသတြင္းမွာလည္း စိတ္ႀကြေဆး အေရအတြက္ သံုးစဲြသူေတြကလည္း အလြန္အက်ြံျမင့္တက္သြားခဲ့ျပီး ဖမ္းမိတဲ့စိတ္ႀကြေဆးက သန္းတစ္ေထာင္ေက်ာ္ရွိတယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................

{{Unicode}}

ရွှေတြိဂံက စိတ်ကြွဆေးတွေ ထိုင်းနယ်ထဲမှာ နေ့စဉ်လိုလို ဖမ်းမိ

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသတွေဆီကို ရွှေတြိဂံဒေသ ကလာတဲ့ စိတ်ကြွဆေးပြားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက နေ့စဉ်ဖမ်းဆီးနေရာမှာ ဇွန်လ ၅ရက်နေ့ ကနေ ၇ ရက်နေ့အထိ ၃ရက်အတွင်းမှာပဲ ဘတ်ငွေသန်းပေါင်း ၃ထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြာ ၁၆သန်းကျော် လောက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ရွှေတြိဂံဒေသကလာတဲ့ စိတ်ကြွဆေးတွေ ဆက်တိုက်ဝင်ရောက်လာနေရာမှာ ဇွန်လ ၅ ရက်နဲ့ ၆ရက်နေ့တွေမှာ ချင်းရိုင်ပြည်နယ်ကိုဖြတ်ပြီး ဖဲ့ပြည်နယ်ထဲကို ဝင်လာတဲ့ စိတ်ကြွဆေးပြား တသန်းခွဲ ဆလာဘူရီပြည်နယ်မှာတော့ ချင်းရိုင်ပြည်နယ်ကလာတဲ့ ၉၉၉ တံဆိပ်စိတ်ကြွဆေးပြား ၈သန်းခွဲ၊ ချင်းရိုင်ပြည်နယ်ထဲမှာပဲ ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေး တသန်း၊ ဇွန်လ ၇ ရက်နေ့ကတော့ ရွှေတြိဂံဒေသ ချင်းကောင်းပြည်နယ်ထဲမှာ စိတ်ကြဆေးပြား ၅သန်း ဖမ်းမိခဲ့ပါတယ်။

စိတ်ကြွဆေး သယ်ဆောင်လာတဲ့သူတွေဟာ ကန်တင်ကားနဲ့ သယ်ဆောင်လာတာ လူနာတင်ကားနဲ့ သယ်ဆောင်တာ နာနတ်သီးတွေရဲ့အောက်မှာ ဖော့ဖာတွေနဲ့ သယ်ဆောင်လာတာအပြင် တခြားနည်းတွေနဲ့ သယ်ဆောင်နေကြတာဖြစ်ပါတယ်။ စိတ်ကြွဆေးတွေ အဆက်မပြတ် ဖမ်းမိနေတာနဲ့ ပတ်သက်လို့ အမှတ် ၁ ဒေသ ရဲချုပ် ကြည်ရဖတ် ဖွန်မိကျစ်က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

" စိတ်ကြွဆေးတွေကို လူနာတင်ကားအပါအဝင် ကုန်တင်ကားတွေနဲ့ မူးယစ်မှောင်ခိုသမားတွေက ထိုင်းနိုင်ငံအတွင်းပိုင်းထိရောက်အောင် နည်းပေါင်းစုံနဲ့ သယ်ဆောင်နေပါတယ်။ ကျနော်တို့အနေနဲ့ မူးယစ်ဆေးဝါး ကိုအဓိကဖြန့်ချီတဲ့နေရာတွေ ကို ရှာဖွေပြီး ဖမ်းဆီးအရေးယူမူတွေလည်းဆက်တိုက်လုပ်နေပါတယ်" ဆိုပြီး ထိုင်းဘာသာနဲ့ပြောသွားခဲ့တာပါ။

ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ် ကနေလာတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ထဲမှာ ခေတမင်းမူးယစ်ဆေး ၂၅ ကီလိုနဲ့ အတူဖမ်းမိခဲ့ပါတယ်။

သူ့ကိုတော့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၃ကစစ်ဆေးဖမ်းဆီးလိုက်တာပါ။ သူနဲအတူ သယ်လာတဲ့ အဝါရောင်အိပ်ထဲမှာတော့ ၈၈၈ တံဆိပ်ပါ ခေတမင်း ketamine စိတ်ကြွဆေး၂၅ထုတ်ကိုက ဖမ်းဆီးနိုင်ခဲ့ပြီး ကာလတန်ဖိုးကတော့ ထိုင်းဘတ်ငွေ ၃ သန်းကျော် တန်ဖိုးရှိတယ်လို့ဆိုပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနယ်စပ် ထိုင်းမြန်မာ လာအိုဝ် သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာ ကိုဗစ်ကပ်ရာဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဂိုဏ်းတွေနဲ့ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း အခုလို တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးခဲ့တာလို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ UNODC က အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာလည်း စိတ်ကြွဆေး အရေအတွက် သုံးစွဲသူတွေကလည်း အလွန်အကျွံမြင့်တက်သွားခဲ့ပြီး ဖမ်းမိတဲ့စိတ်ကြွဆေးက သန်းတစ်ထောင်ကျော်ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG