သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မသကၤာသူ မူးယစ္ေမွာင္ခိုသမား ၉ ဦး ထိုင္းနယ္ျခားေစာင့္ အေသဖမ္းဆီးမိ 


မသကၤာသူ မူးယစ္ေမွာင္ခိုသမား ၉ ဦး ထိုင္းနယ္ျခားေစာင့္ အေသဖမ္းဆီးမိ

ခ်င္း႐ိုင္ျပည္နယ္ မယ္ဖာလြမ္ေဒသ မူဆယ္ေက်း႐ြာအုပ္စုအနီး ထိုင္းနယ္ျခားေစာင့္တပ္ အမွတ္(၃) တပ္ဖြဲ႕ဝင္ေတြက  ကင္းလွည့္ေနခ်ိန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္တဲ့အုပ္စုနဲ႔ ထိပ္တိုက္ပတ္ခတ္မူျဖစ္ခဲ့ၿပီး မူးယစ္ေမွာင္ခိုသမား ၉ဦးေသဆုံးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္ ။

ခ်င္း႐ိုင္ျပည္နယ္ မယ္ဖာလြမ္ေဒသ မူဆယ္ေက်း႐ြာအုပ္စုအနီး ထိုင္းနယ္ျခားေစာင့္တပ္ အမွတ္(၃) တပ္ဖြဲ႕ဝင္ေတြက ကင္းလွည့္ေနခ်ိန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္တဲ့အုပ္စုနဲ႔ ထိပ္တိုက္ပတ္ခတ္မူျဖစ္ခဲ့ၿပီး မူးယစ္ေမွာင္ခိုသမား ၉ဦးေသဆုံးခဲ့ပါတယ္။ ဒီရက္ပိုင္းမွာပဲ ခ်င္း႐ိုင္ျပည္နယ္ထဲမွာ ကာလတန္ဖိုး ဘတ္ေငြသန္း၂ေထာင္ေက်ာ္ တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပား ၁၁သန္းေက်ာ္ ဖမ္းမိခဲ့တယ္လို႔ ထိုင္းအာဏာပိုင္ေတြက ဆိုပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္ ။

ထိုင္းျမန္မာ နယ္စပ္ခ်င္း႐ိုင္ျပည္နယ္ မယ္ဖာလြမ္ေဒသ မူဆယ္ေက်း႐ြာအနီး ျမန္မာနယ္စပ္နဲ႔ မီတာ၂၀၀ေလာက္သာ အကြာမွာ ထိုင္းနယ္ျခားေစာင့္တပ္နဲ႔ မူးယစ္ေမွာင္ခိုသမားေတြ ဟာေမလ၂ရရက္ေန႔က ႏွစ္ဖက္တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္ ။

ေမလ ၂၇ရက္ေန႔ ညသန္းေခါင္ အခ်ိန္မွာ ထိုင္းနယ္ျခားေစာင့္တပ္ အမွတ္(၃)တပ္ဖြဲဝင္ေတြ ကင္းလွည့္ခ်ိန္မွာ စိတ္ႂကြေဆးျပားေတြ သယ္ေဆာင္ၿပီး ထိုင္းႏိုင္ငံထဲကို ဝင္လာတဲ့ မူးယစ္ေမွာင္ခိုသမားေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ တိုက္ပြဲျဖစ္ခဲ့တာပါ။ ၁၀မိနစ္ခန႔္ တိုက္ပြဲျဖစ္ခဲ့ၿပီး ေနာက္တေန႔မနက္ျဖစ္တဲ့ ေမလ၂၈ရက္ေန႔မွာေတာ့ ထိုင္းစစ္တပ္က နယ္ေျမရွင္းလင္းခဲ့ရာမွာ မူးယစ္ေမွာင္ခိုသမား ၉ဦးေသဆုံးခဲ့ၿပီး စိတ္ႂကြေဆး ၁သန္း၅သိန္းေက်ာ္ ဖမ္းမိခဲ့ပါတယ္။

ခ်င္း႐ိုင္ျပည္နယ္ အမွတ္(၅) ေဒသက ရဲခ်ဳပ္ ပီရထဝီခ်ိဳင္းကေတာ့ မူယစ္ေမွာင္ခိုသမားေတြဟာ ထိုင္းႏိုင္ငံထဲကို ပုံစံမ်ိဳးစုံသုံးၿပီး မူးယစ္ေဆးဝါးေတြ တင္သြင္းလာတဲ့အေၾကာင္း အခုလိုေျပာသြားပါတယ္ ။

မူးယစ္ေမွာင္ခိုသမားေတြဟာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ထိုင္းႏိုင္ငံထဲကို မူးယစ္ေဆးဝါးေတြကိုသယ္ေဆာင္လာၾကတယ္ ။ ကားေတြနဲ႔သယ္ေဆာင္တာ ေရလမ္းေတြကသယ္ေဆာင္တာ သဘာဝေတာလမ္းေတြကေနလည္း မူးယစ္ေဆးဝါးေတြကို သယ္ေဆာင္လာေနတာပါ။ အခုရက္ပိုင္းမွာပဲ ခ်င္း႐ိုင္ျပည္နယ္ထဲမွာ စိတ္ႂကြေဆးျပား ၁၁သန္းေက်ာ္ဖမ္းမိပါတယ္ ။ တႏိုင္ငံလုံးအႏွံမွာေတာ့ ၆လအတြင္းမွာ စိတ္ႂကြေဆးျပားေပါင္း ၁၂၆သန္း ဖမ္းမိခဲ့ေၾကာင္း ထိုင္းဘာသာနဲ ႔ေျပာသြားပါတယ္။

ထိုင္းအာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့ ဧၿပီလအတြင္း ထိုင္းေျမာက္ပိုင္း ေ႐ႊႀတိဂံဒသကေန ဝင္ေရာက္လာတဲ့ စိတ္ႂကြေဆးျပား ၁၅သန္းေက်ာ္ကို ဖမ္းဆီးမိခဲ့ပါတယ္။ ဧၿပီလထဲမွာ ထိုင္းျမန္မာနယ္စပ္မယ္ ဖာလြမ္ေဒသမွာ မူးယစ္ေမွာင္ခိုဂိုဏ္းေတြနဲ႔ ထိုင္းနယ္ျခားေစာင့္တပ္တို႔ဟာ ၃ႀကိမ္ ပစ္ခတ္မူျဖစ္ခဲ့ပါတယ္ ။

ဧၿပီလ ၃၀ရက္ေန႔ကေတာ့ မူးယစ္ေမွာင္ခိုသမားေတြနဲ႔ နယ္ျခားေစာင့္တပ္တို႔ ပစ္ခတ္မူျဖစ္ၿပီး မူးယစ္ေမွာင္ခိုသမား ၈ဦးကို အေသဖမ္းဆီးမိခဲ့ပါတယ္။ အခုတႀကိမ္ ေမလအကုန္မွာလည္း မူးယစ္ေမွာင္ခိုသမား အမ်ားအျပားကို အေသပစ္ခတ္ဖမ္းမိခဲ့တာျဖစ္ပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

..........................................................

ချင်းရိုင်ပြည်နယ် မယ်ဖာလွမ်ဒေသ မူဆယ်ကျေးရွာအုပ်စုအနီး ထိုင်းနယ်ခြားစောင့်တပ် အမှတ်(၃) တပ်ဖွဲ့ဝင်တွေက ကင်းလှည့်နေချိန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့အုပ်စုနဲ့ ထိပ်တိုက်ပတ်ခတ်မူဖြစ်ခဲ့ပြီး မူးယစ်မှောင်ခိုသမား ၉ဦးသေဆုံးခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ ချင်းရိုင်ပြည်နယ်ထဲမှာ ကာလတန်ဖိုး ဘတ်ငွေသန်း၂ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၁သန်းကျော် ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာ နယ်စပ်ချင်းရိုင်ပြည်နယ် မယ်ဖာလွမ်ဒေသ မူဆယ်ကျေးရွာအနီး မြန်မာနယ်စပ်နဲ့ မီတာ၂၀၀လောက်သာ အကွာမှာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ မူးယစ်မှောင်ခိုသမားတွေ ဟာမေလ၂ရရက်နေ့က နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ် ။

မေလ ၂၇ရက်နေ့ ညသန်းခေါင် အချိန်မှာ ထိုင်းနယ်ခြားစောင့်တပ် အမှတ်(၃)တပ်ဖွဲဝင်တွေ ကင်းလှည့်ချိန်မှာ စိတ်ကြွဆေးပြားတွေ သယ်ဆောင်ပြီး ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့တာပါ။ ၁၀မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး နောက်တနေ့မနက်ဖြစ်တဲ့ မေလ၂၈ရက်နေ့မှာတော့ ထိုင်းစစ်တပ်က နယ်မြေရှင်းလင်းခဲ့ရာမှာ မူးယစ်မှောင်ခိုသမား ၉ဦးသေဆုံးခဲ့ပြီး စိတ်ကြွဆေး ၁သန်း၅သိန်းကျော် ဖမ်းမိခဲ့ပါတယ်။

ချင်းရိုင်ပြည်နယ် အမှတ်(၅) ဒေသက ရဲချုပ် ပီရထဝီချိုင်းကတော့ မူယစ်မှောင်ခိုသမားတွေဟာ ထိုင်းနိုင်ငံထဲကို ပုံစံမျိုးစုံသုံးပြီး မူးယစ်ဆေးဝါးတွေ တင်သွင်းလာတဲ့အကြောင်း အခုလိုပြောသွားပါတယ် ။

မူးယစ်မှောင်ခိုသမားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝါးတွေကိုသယ်ဆောင်လာကြတယ် ။ ကားတွေနဲ့သယ်ဆောင်တာ ရေလမ်းတွေကသယ်ဆောင်တာ သဘာဝတောလမ်းတွေကနေလည်း မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာနေတာပါ။ အခုရက်ပိုင်းမှာပဲ ချင်းရိုင်ပြည်နယ်ထဲမှာ စိတ်ကြွဆေးပြား ၁၁သန်းကျော်ဖမ်းမိပါတယ် ။ တနိုင်ငံလုံးအနှံမှာတော့ ၆လအတွင်းမှာ စိတ်ကြွဆေးပြားပေါင်း ၁၂၆သန်း ဖမ်းမိခဲ့ကြောင်း ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ထိုင်းမြောက်ပိုင်း ရွှေတြိဂံဒသကနေ ဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြား ၁၅သန်းကျော်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဧပြီလထဲမှာ ထိုင်းမြန်မာနယ်စပ်မယ် ဖာလွမ်ဒေသမှာ မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ဟာ ၃ကြိမ် ပစ်ခတ်မူဖြစ်ခဲ့ပါတယ် ။

ဧပြီလ ၃၀ရက်နေ့ကတော့ မူးယစ်မှောင်ခိုသမားတွေနဲ့ နယ်ခြားစောင့်တပ်တို့ ပစ်ခတ်မူဖြစ်ပြီး မူးယစ်မှောင်ခိုသမား ၈ဦးကို အသေဖမ်းဆီးမိခဲ့ပါတယ်။ အခုတကြိမ် မေလအကုန်မှာလည်း မူးယစ်မှောင်ခိုသမား အများအပြားကို အသေပစ်ခတ်ဖမ်းမိခဲ့တာဖြစ်ပါတယ် ။

XS
SM
MD
LG