သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ Duterte ရဲ့လူမြင်ကွင်းရှေ့ ရိုးသားတယ်ဆိုတဲ့ အနမ်း


တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် မှာရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ သူ့ကိုထောက်ခံအားပေး နေကြတဲ့ ထောင်နဲ့ချီတဲ့ ဖိလစ်ပိုင်အလုပ်သမားတွေရဲ့ရှေ့မှာ အိမ်ထောင်သည်အမျိုးသမီးတဦးရဲ့နှုတ်ခမ်းကို တနင်္ဂနွေ နေ့တုန်းက နမ်းခဲ့လို့ ဒေါသထွက်တဲ့သူကထွက် စစရာနောက်စရာအဖြစ်ပြောတဲ့သူကပြောနဲ့ ပွဲဆူသွားခဲ့ရပါတယ်။

ဖိလစ်ပိုင် ပြည်သူတော်တော်များများကတော့ သမ္မတရဲ့လုပ်ရပ်ဟာ ထိခိုက်နစ်နာအောင် ရည်ရွယ်တာမဟုတ်ပဲ အပျော်သဘော နမ်းတာလို့ ယုံကြည်ကြပါတယ်။ နိုင်ငံရေးသမားတွေနဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေကတော့ သမ္မတရဲ့လုပ်ရပ်ဟာ ဖေါက်ပြန်တဲ့လုပ်ရပ်ပဲဆိုပြီး အပြစ်တင်ရှုတ်ချကြပါတယ်။

တောင်ကိုရီးယားရောက် ဖိလစ်ပိုင် အလုပ်သမားတွေနဲ့ သမ္မတဒူတာတေးတို့ တနင်္ဂနွေနေ့ ကတွေ့ဆုံကြတုန်း အခုလိုနမ်းတဲ့ကိစ္စဖြစ်ခဲ့တာပါ။ သမ္မတက အမျိုးသမီးနှစ်ဦးကို စာအုပ်လက်ဆောင်လာယူဖို့ စင်ပေါ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ ပထမအမျိုးသမီးကိုတော့ သမ္မတက ပါးကို ပဲနမ်းပါတယ်။ ဒုတိယအမျိုးသမီး Bea Kim ကိုတော့ သမ္မတဒူတာတေးက အိမ်ထောင်ရှိမရှိ မေးမြန်းပြီး နှုတ်ခမ်းကိုနမ်း ခဲ့တာပါ။ ဒါကို ဗွေမယူပါနဲ့ အပျော်သဘောနဲ့နမ်းတာပါလို့လည်း အသက်၇၃နှစ်ရှိပြီဖြစ်တဲ့ သမ္မတဒူတာတေးကပြောခဲ့ပါ တယ်။ တောင်ကိုရီးယားအမျိုးသားနဲ့လက်ထပ်ထားတဲ့ Bea Kimကလည်း သမ္မတကသူ့ကိုနမ်းတာဟာ အပျော်သဘော ပါလို့ဖိလစ်ပိုင်သတင်းဌာနကိုပြောခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ Duterte ရဲ့လူမြင်ကွင်းရှေ့ ရိုးသားတယ်ဆိုတဲ့ အနမ်း
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG