သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို The Heague မြို့ ICC သို့ ပို့လိုက်ပြီ


သမ္မတဟောင်း ဒူတာတေးကို ထောက်ခံသူများ။ (မတ် ၁၁၊ ၂၀၂၅)​ (AP)
သမ္မတဟောင်း ဒူတာတေးကို ထောက်ခံသူများ။ (မတ် ၁၁၊ ၂၀၂၅)​ (AP)

ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ဟာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ ကနေ လေယာဉ်နဲ့ ထွက်ခွာသွားပြီးဖြစ်ပြီး သူ့ကို သည်ဟိဂ်က နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်းပေးမှာဖြစ်ကြောင်း ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။ သမ္မတဟောင်း Duterte လိုက်ပါသွားတဲ့ လေယာဉ်ဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကနေ ထွက်ခွာသွားပါတယ်။

Duterte ဟာ မိသားစုနဲ့ အတူ ဟောင်ကောင်ကနေ မနီလာ နိုင်ငံတကာလေဆိပ်ကို ပြန်လည် ဆိုက်ရောက်လာချိန် အင်္ဂါနေ့မနက်ပိုင်းမှာ ICC ရဲ့ ဖမ်းဝရမ်းနဲ့ သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူ သမ္မတတာဝန် ယူထားစဉ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သွေးထွက်သံယို ဖြိုခွင်းမှုတွေကို ကြီးကြပ်ခဲ့မှုနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျုးလွန်မှု စွပ်စွဲချက်နဲ့ သူ့ကို ဖမ်းဆီးဖို့ ICC က ကမ္ဘာတဝန်း ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

လေယာဉ်ပေါ် ကို အစောင့်တယောက်နဲ့ တွဲပြီး မတက်ခင်မှာတော့ အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်းဟာ တောင်ဝှေးတချောင်းနဲ့ ဖြေးဖြေးချင်း လျှောက်လာပြီး ငိုယိုနေကြတဲ့ သူ့ကို ထောက်ခံသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းက Davao မြို့တော်ဝန်အဖြစ်နဲ့ရော နောက်ပိုင်း သမ္မတအဖြစ်နဲ့ပါ တာဝန်ယူထားစဉ်မှာ ဖြစ်ခဲ့တဲ့ မူးယစ်ဆေးဝါး ဖြိုခွင်းမှုတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ICC က စုံစမ်းစစ်ဆေးတာ ဖြစ်ပါတယ်။

သမ္မတ Duterte လက်ထက် ဖြိုခွင်းမှုတွေအတွင်း သေဆုံးသူ အရေအတွက်ကတော့ ကွဲပြားနေပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူပေါင်း ၆,၀၀၀ ကျော် သေဆုံးကြောင်း ထုတ်ပြန်ထားပြီး လူ့အခွင့် အရေးအဖွဲ့တွေကတော့ လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးကြောင်း ပြောဆိုထားကြပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို The Heague မြို့ ICC သို့ ပို့လိုက်ပြီ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG