အေမရိကန္ လြတ္လပ္ေရးေန႔ ပစ္ခတ္မႈက်ဳးလြန္သူ ပထမဆုံးအႀကိမ္႐ုံးထုတ္
{{Zawgyi/Unicode}}
Illinois ျပည္နယ္ Highland Park ၿမိဳ႕မွာ ဇူလိုင္ ၄ ရက္ အေမရိကန္လြတ္လပ္ေရးေန႔ အခမ္းအနားပဲြမွာ လူ ၇ ဦး ေသဆုံးခဲ့တဲ့ ပစ္ခတ္မႈနဲ႔ စြဲခ်က္တင္ထားတဲ့ ေသနတ္သမားကုိ ဗုဒၶဟူးေန႔မွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့ၿပီး၊ ပစ္ခတ္မႈက်ဳးလြန္ေၾကာင္း ၀န္ခံထားတယ္လုိ႔လည္း တာ၀န္ရွိသူေတြကေျပာပါတယ္။ ပစ္ခတ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူ ၃၀ ေက်ာ္ရွိပါတယ္။
ပစ္ခတ္မႈ က်ဳးလြန္သူအျဖစ္ သံသယနဲ႔ ဖမ္းဆီးထားတဲ့ အသက္ ၂၁ ႏွစ္အရြယ္ Robert Crimo III ကိုေတာ့ ေထာင္ထဲကေန ဗြီဒီယိုကတဆင့္ ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ၿပီး အာမခံလည္း မေပးပါဘူး။ ရုံးထုတ္ခ်ိန္မွာ Crimo စကားအနည္းငယ္သာေျပာၿပီး စိတ္ခံစားမႈရွိတဲ့ပုံ မေတြ႔ရဘူးလို႔ ဆိုပါတယ္။
ပစ္ခတ္မႈအတြက္ ေသနတ္သမားက သီတင္းပတ္နဲ႔ခ်ီ ႀကိဳတင္စီစဥ္ခဲ့တယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။ ခ်ီတက္ပြဲတေလွ်ာက္ လူေတြကို အေပၚစီးက ပစ္ႏုိင္ေအာင္ ေလွကားသုံးၿပီး အေဆာက္အအုံေခါင္မိုးေပၚ တက္ခဲ့တာပါ။ ဒီေနာက္လူအုပ္ထဲကို ေသနတ္နဲ႔ အခ်က္ ၇၀ ေလာက္ေတြ႔ကရာ ပစ္ခတ္အၿပီး အမ်ိဳးသမီးလို ၀တ္စားၿပီးမွ ထြက္ေျပးခဲ့တာပါ။ ဒါေပမယ့္လည္း အခင္းျဖစ္ၿပီးနာရီပိုင္းအၾကာမွာပဲ သူ႔ကိုတာ၀န္ရွိသူေတြ ဖမ္းမိခဲ့တာျဖစ္ပါတယ္။ မိခင္ျဖစ္သူကားကုိေမာင္းၿပီး လြတ္ေျမာက္ေနစဥ္ ေနာက္ထပ္ ပစ္ခတ္မႈထပ္က်ဳးလြန္ဖုိ႔ ရည္ရြယ္ခဲ့ေသးတယ္လုိ႔လည္း အာဏာပုိင္ေတြက ေျပာပါတယ္။
သူရင္ဆုိင္ေနရတဲ့ လူသတ္မႈ ၇ ခုစလုံးအတြက္ အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ခဲ့မယ္ ဆုိရင္ေတာ့ သက္ညႇာခြင့္မရဘဲ ေထာင္ဒဏ္တသက္ က်ခံရႏုိင္တယ္လို႔ ေဒသခံ Lake ေကာင္တီေရွ ႔ေနခ်ဳပ္ Eric Reinhart ကအဂၤါေန႔မွာ ေျပာပါတယ္။ ဒီစြဲခ်က္ေတြဟာ Mr Crimo ရင္ဆုိင္ရမယ့္စြဲခ်က္အေတာ္မ်ားမ်ားထဲက ပထမဆုံးစြဲခ်က္ေတြျဖစ္ၿပီး ထိခိုက္ခဲ့ရသူတဦးခ်င္းစီက စြဲခ်က္ေပါင္း ဒါဇင္နဲ႔ခ်ီတိုးလာႏုိ္င္စရာရွိတယ္လို႔လည္း ေျပာပါတယ္။
.......................................................
အမေရိကန် လွတ်လပ်ရေးနေ့ ပစ်ခတ်မှုကျုးလွန်သူ ပထမဆုံးအကြိမ်ရုံးထုတ်
{{Zawgyi/Unicode}}
Illinois ပြည်နယ် Highland Park မြို့မှာ ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားပွဲမှာ လူ ၇ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ စွဲချက်တင်ထားတဲ့ သေနတ်သမားကို ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး၊ ပစ်ခတ်မှုကျုးလွန်ကြောင်း ဝန်ခံထားတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိပါတယ်။
ပစ်ခတ်မှု ကျုးလွန်သူအဖြစ် သံသယနဲ့ ဖမ်းဆီးထားတဲ့ အသက် ၂၁ နှစ်အရွယ် Robert Crimo III ကိုတော့ ထောင်ထဲကနေ ဗွီဒီယိုကတဆင့် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အာမခံလည်း မပေးပါဘူး။ ရုံးထုတ်ချိန်မှာ Crimo စကားအနည်းငယ်သာပြောပြီး စိတ်ခံစားမှုရှိတဲ့ပုံ မတွေ့ရဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွက် သေနတ်သမားက သီတင်းပတ်နဲ့ချီ ကြိုတင်စီစဉ်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ချီတက်ပွဲတလျှောက် လူတွေကို အပေါ်စီးက ပစ်နိုင်အောင် လှေကားသုံးပြီး အဆောက်အအုံခေါင်မိုးပေါ် တက်ခဲ့တာပါ။ ဒီနောက်လူအုပ်ထဲကို သေနတ်နဲ့ အချက် ၇၀ လောက်တွေ့ကရာ ပစ်ခတ်အပြီး အမျိုးသမီးလို ဝတ်စားပြီးမှ ထွက်ပြေးခဲ့တာပါ။ ဒါပေမယ့်လည်း အခင်းဖြစ်ပြီးနာရီပိုင်းအကြာမှာပဲ သူ့ကိုတာဝန်ရှိသူတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူကားကိုမောင်းပြီး လွတ်မြောက်နေစဉ် နောက်ထပ် ပစ်ခတ်မှုထပ်ကျုးလွန်ဖို့ ရည်ရွယ်ခဲ့သေးတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
သူရင်ဆိုင်နေရတဲ့ လူသတ်မှု ၇ ခုစလုံးအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ သက်ညှာခွင့်မရဘဲ ထောင်ဒဏ်တသက် ကျခံရနိုင်တယ်လို့ ဒေသခံ Lake ကောင်တီရှေ့နေချုပ် Eric Reinhart ကအင်္ဂါနေ့မှာ ပြောပါတယ်။ ဒီစွဲချက်တွေဟာ Mr Crimo ရင်ဆိုင်ရမယ့်စွဲချက်အတော်များများထဲက ပထမဆုံးစွဲချက်တွေဖြစ်ပြီး ထိခိုက်ခဲ့ရသူတဦးချင်းစီက စွဲချက်ပေါင်း ဒါဇင်နဲ့ချီတိုးလာနိုင်စရာရှိတယ်လို့လည်း ပြောပါတယ်။