သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်သတိပေးစနစ်တွေကြောင့် ကပ်ဘေးနဲ့ သေဆုံးသူ လျော့ကျ - WMO

အင်အားပြင်းမုန်တိုင်း ဆိုင်ကလုန်း မိုခါ တိုက်ခတ်အပြီး စစ်တွေမြို့ အပျက်အစီးတွေကိုကြည့်ရှုနေတဲ့ ဒေသခံတဦး (မေ ၁၅၊ ၂၀၂၃)
အင်အားပြင်းမုန်တိုင်း ဆိုင်ကလုန်း မိုခါ တိုက်ခတ်အပြီး စစ်တွေမြို့ အပျက်အစီးတွေကိုကြည့်ရှုနေတဲ့ ဒေသခံတဦး (မေ ၁၅၊ ၂၀၂၃)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ကြိုတင်သတိပေးစနစ်တွေ အားကောင်းလာတာကြောင့် သဘာဝဘေးကြောင့် သေကြေထိခိုက်မှုတွေ လျော့နည်းလာတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်းကြောင့် သေကြေထိခိုက်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က နမူနာပေး ပြောခဲ့တာပါ။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့ပေမဲ့လည်း အရင်တုန်းကလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ သေကြေထိခိုက်မှုတွေ မများဘူးလို့လည်း WMO အကြီးအကဲ Petteri Taalas ကပြောပါတယ်။ ကြိုတင်သတိပေးစနစ်နဲ့ ကပ်ဘေးဒဏ် စီမံခန့်ခွဲရေး စနစ်တွေကြောင့် သေကြေထိခိုက်မှုတွေ သိသိသာသာ လျော့သွားတာလို့လည်း WMO အတွင်းရေးမှူးချုပ်က ပြောခဲ့တာပါ။

ကြိုတင်သတိပေး စနစ်တွေ တိုးတက်လာတာကြောင့် သေဆုံးမှုတွေ လျော့သွားပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ရာသီဥတုကြောင့် ကြုံခဲ့ရတဲ့ ကပ်ဘေးကြောင့် စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်မှုတွေ ကြုံခဲ့ရတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ WMO အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၁၉၇၀ ပြည့်ကနေ ၂၀၁၉ ခုနှစ်အတွင်း ကပ်ဘေးကြောင့် နှစ်စဉ် သေဆုံးသူ ၅ သောင်းကျော် ရှိခဲ့ရာက ၂၀၁၀ ပြည့်လွန်နှစ်တွေကစ နှစ်စဉ်သေဆုံးမှုနှုန်းဟာ ၂ သောင်းအောက် ကျဆင်းခဲ့တာကိုလည်း လေ့လာချက်မှာ တွေ့ရှိခဲ့တာပါ။

၁၉၇၀ ပြည့်ကနေ ၂၀၂၁ ခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတုနဲ့ ဆက်နွယ်တဲ့ သဘာဝကပ်ဘေး ၁၁,၇၇၈ ကြိမ် ကြုံခဲ့ရပြီး၊ လူ ၂ သန်းကျော်သေဆုံး၊ စီးပွားရေးမှာ ဒေါ်လာ ၄.၃ ထရီလီယံ ဆုံးရှုံးခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်တမ်းပြုစုထားတဲ့ ၅၁ နှစ်အတွင်း ကမ္ဘာတလွှား ကပ်ဘေးဒဏ်ကြောင့် သေဆုံးရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကြိုတင်သတိပေးစနစ်တွေကြောင့် ကပ်ဘေးနဲ့ သေဆုံးသူ လျော့ကျ - WMO
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG