သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ဒေသတွင်းမှာ စိတ်ကြွဆေးစံချိန်တင်ဖမ်းဆီးရမိ (UNODC)


မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတဲ့မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁)
မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတဲ့မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁)

မြန်မာနိုင်ငံ အပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ထုတ်လုပ်မှုကြောင့် ပြီးခဲ့တဲ့နှစ်ထဲ methamphetamine စိတ်ကြွဆေးတွေ စံချိန်တင် ဖမ်းမိခဲ့တယ်လို့ ကုလသမဂ္ဂက ဒီနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ဆိုရင်လည်း ဓာတုပစ္စည်းနဲ့ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ အဓိက ထုတ်လုပ်ရာဒေသ ဖြစ်နေတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

ဥပဒေမဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့ ဓာတ်ခွဲခန်းတွေကလည်း ထိုင်း-မြန်မာ နယ်စပ်အနီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာရှိနေတယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ အရှေ့နဲ့ အရှေ့တောင်အာရှဒေသတွေမှာ စိတ်ကြွဆေး တန်ချိန်ပေါင်း ၁၉၀ တန်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဖော်ပြခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ စိတ်ကြွဆေး ဖမ်းဆီးရမိမှုဟာ အနည်းငယ်ကျဆင်းသွားပြီးနောက် ၂၀၂၃ ခုနှစ်မှာတော့ ပြန်လည်ဦးမော့လာတယ်လို့လည်း UNODC ရဲ့ ဒေသတွင်း ဓာတုပစ္စည်းကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆးဝါးဆိုင်ရာ နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံ သုံးနိုင်ငံ ဆုံတွေ့တဲ့ နေရာဖြစ်တဲ့ ရွှေတြိဂံဒေသဟာ တရားမဝင် မူးယစ်ဆေးဝါးတွေ သယ်ဆောင်နေတဲ့ အဓိက လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် တနှစ်ပတ်လုံးနဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းအထိ စိတ်ကြွဆေး တတန်ကျော်ရှိတဲ့ တင်ပို့မှုတွေကို ရေလမ်း၊ ကုန်းလမ်းတွေကနေ ဖမ်းဆီးရမိခဲ့တယ်လို့လည်း UNODC က ပြောပါတယ်။

ဒီလအစောပိုင်းကလည်း ထိုင်းနိုင်ငံက စိတ်ကြွဆေး ပုံဆောင်ခဲ တတန်ကို စံချိန်တင်ဖမ်းဆီးမိခဲ့ပါသေးတယ်။ မူးယစ်ဆေးဝါး ဂိုဏ်းတွေကလည်း အထွက်နှုန်းတိုးလာစေဖို့အတွက် ထုတ်လုပ်မှုပုံစံတွေ ပြောင်းလဲပြီး ထုတ်လုပ်လာတယ်လို့လည်း UNODC အစီရင်ခံစာက ပြောပါတယ်။

ရာဇဝတ်ဂိုဏ်းတွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေကို လျှော့ချပြီး ကန့်သတ်မထားတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုကာ ထုတ်လုပ်မှုကို မြှင့်တင်နေကြတယ်လို့လည်း UNODC ရဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Masood Karimipour က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG