(Zawgyi / Unicode)
တ႐ုတ္သမၼတ Xi Jinping ရဲ႕ ခါးပတ္လမ္းမေရွ႕ေျပးအစီအစဥ္ BRI အရ တ႐ုတ္ဟာ ရထားလမ္းေတြ၊ ဆိပ္ကမ္းတြနဲ႔ တံတားေတြလိုမ်ိဳး အေျခခံအေဆာက္အအုံေတြနဲ႔ ကမာၻတလႊား ၾသဇာလႊမ္းမိုးမႈကို ျဖန႔္က်က္လာပါတယ္။ BRI ရဲ႕ အဓိကက်တဲ့ အစိတ္အပိုင္းအျဖစ္ တ႐ုတ္ဘာသာစကားနဲ႔ စံတန္ဖိုးေတြ၊ ေနာက္ ကြန္ျမဴနစ္ပါတီရဲ႕ အေတြးအေခၚေတြကိုပါ ျဖန႔္ေဝေနတာပါ။ ေတာင္အာဖရိကႏိုင္ငံ Cape Town ကေန Kate Bartlett ရဲ႕ သတင္းေဆာင္းပါးကို မသိဂႌထိုက္ကတင္ျပထားပါတယ္။
ထိုက္ခ်ိ၊ လက္ဖက္ရည္နဲ႔ ပန္ဒါ ဒါေတြဟာဆိုရင္ ေတာင္အာဖရိက-က ကြန္ျဖဴးရွပ္စ္ အင္စတီက်ဳအသစ္မွာေတြ႕ရတဲ့ တ႐ုတ္ရဲ႕ ယဥ္ေက်းမႈဆိုင္ရာ ၾသဇာအရွိန္အဝါ ျဖစ္ပါတယ္။ Wilma Hugo က တ႐ုတ္ဘာသာစကား ဆိုင္ရာ လက္ေထာက္ပါ။
“ စီးပြားေရးနဲ႔ ဘက္ေပါင္းစုံမွာ တ႐ုတ္နဲ႔ဆက္ဆံေရး ဖြံ႕ၿဖိဳးလာေနပါတယ္။ သူတို႔က ဘာသာျပန္သမားေတြလိုအပ္ေနၿပီး က်မတို႔ကလည္း ေတာင္အာဖရိကမွာ မန္ဒရင္းတ႐ုတ္ဘာသာစကားကို သင္ၾကားဖို႔ စတင္ေနတာပါ။ ၂၀၁၆ မွာတာ့ သင္႐ိုးၫႊန္းတမ္းမွာ ပါဝင္လာပါၿပီ။ မန္ဒရင္း တ႐ုတ္ဘာသာစကားကို သင္ယူမယ္ဆိုရင္ေတာ့ အခြင့္အလမ္းေတြလည္း အမ်ားႀကီး ရွိပါတယ္။ ”
အာဖရိကမွာေတာ့ ဒီအင္စတီက်ဳေတြကိုလိုလားၾကၿပီး တိုးပြားလာေနပါတယ္။ ပထမဆုံး ကြန္ျဖဴးရွပ္အင္စတီက်ဳကို ၂၀၀၄ ခုႏွစ္အတြင္း ေတာင္ကိုရီးယားမွာ ဖြင့္ခဲ့တာပါ။ တ႐ုတ္ပညာေရးဌာနရဲ႕ ပံ့ပိုးမႈနဲ႔ ဒီ အင္စတီက်ဳေတြက တ႐ုတ္ ဘာသာစကားနဲ႔ ယဥ္ေက်းမႈကို ျမႇင့္တင္ဖို႔ရည္႐ြယ္တာျဖစ္ေၾကာင္း တ႐ုတ္က ေျပာပါတယ္။ ဒါေပမဲ့ အေမရိကန္နဲ႔ ၿဗိတိန္တို႔ကေတာ့ ဒီစင္တာေတြက ဝါဒျဖန႔္ေနတာလို႔ ေျပာၾကပါတယ္။ ၂၀၂၀ ျပည့္ႏွစ္မွာ အေမရိကန္က ဝါရွင္တန္ အေျခစိုက္ ကြန္ျဖဴးရွပ္အင္စတီက်ဳကို ႏိုင္ငံျခားမစ္ရွင္တခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ အေမရိကန္တကၠသိုလ္ေတြထဲက စင္တာ ၁၀၀ ေက်ာ္ကိုလည္း ပိတ္ခဲ့ပါတယ္။ ဆြီဒင္၊ ဖင္လန္၊ ေနာ္ေဝ၊ ဘယ္လ္ဂ်ီယံနဲ႔ ဒိန္းမတ္ အပါအဝင္ ဥေရာပ ႏိုင္ငံေတြမွာလည္း တကၠသိုလ္ေတြမွာရွိတဲ့ ကြန္ျဖဴးရွပ္အင္စတီက်ဳေတြကို ဒီဘက္ ႏွစ္ပိုင္းေတြအတြင္း ပိတ္ခဲ့ၾကပါတယ္။
၂၀၂၂ ခုႏွစ္ အထိ ဆယ္စုႏွစ္တခုအတြင္း ႏိုင္ငံေတြနဲ႔ နယ္ေျမ ၁၅၉ ခုမွာ ကြန္ျဖဴရွပ္အင္စတီက်ဳ ၅၀၀ ေက်ာ္ တည္ေထာင္ၿပီးစီးေၾကာင္း တ႐ုတ္က ေျပာပါတယ္။ ဒီအင္စတီက်ဳေတြကိုေတာ့ ေဒသခံတကၠသိုလ္ေတြနဲ႔ တ႐ုတ္က မိတ္ဖက္တကၠသိုလ္ေတြက အဓိကစီမံခန႔္ခြဲတာ ျဖစ္ပါတယ္။
“တကၠသိုလ္ေတြ အားလုံး၊ တကၠသိုလ္ေတြအားလုံးနီးပါးကို တ႐ုတ္အစိုးရက ေထာက္ပံ့ထားတာပါ။ ဒါေၾကာင့္ တ႐ုတ္အစိုးရနဲ႔ မပတ္သက္ခ်င္ဘူးဆိုရင္ေတာ့ တ႐ုတ္ျပည္က တကၠသိုလ္ေတြနဲ႔ ပူးတြဲလုပ္ကိုင္လို႔ မရႏိုင္ပါဘူး။”
Western Cape တကၠသိုလ္ ကြန္ျဖဴးရွပ္ အင္စတီက်ဳရဲ႕ ပူးတြဲၫႊန္ၾကားေရးမႉး Liren Zeng က အထူးသျဖင့္ အေနာက္ႏိုင္ငံေတြက ေဝဖန္သူေတြကို ရည္ၫႊန္း ေျပာဆိုခဲ့တာပါ။ တကၠသိုလ္ရဲ႕ ႏိုင္ငံတကာဆက္ဆံေရးဌာနက Umesh Bawa ကလည္း သူ႔အေနနဲ႔လည္း သတိေပးခ်က္ေတြ ရရွိခဲ့တယ္လို႔ ေျပာပါတယ္။
“ဥေရာပက Nordic မိတ္ဖက္တခ်ိဳ႕ဟာဆိုရင္ သူတို႔ရဲ႕ကြန္ျဖဴးရွပ္စ္အင္စတီက်ဳေတြကို ပိတ္သိမ္းထားၿပီး က်ေနာ္တို႔ကိုလည္း သတိထားေနပါတယ္။ ဒီကိစၥကို ထ႐ိုဂ်န္ျမင္းလို သတိထားေနၾကပါတယ္။”
ဒီအင္စတီက်ဳေတြက လြတ္လပ္စြာေျပာဆိုမႈမွာ စြက္ဖက္မႈေတြရွိေနၿပီး တခ်ိဳ႕ တကၠသိုလ္ေတြမွာဆိုရင္ တ႐ုတ္ကိုေဝဖန္တဲ့အေၾကာင္းအရာေတြကို ေရွာင္ႏိုင္ေျခ ရွိတယ္လို႔လည္း ပညာရွင္တခ်ိဳ႕က သတိေပးပါတယ္။
Cobus Van Staden က ေတာင္အာဖရိက က တ႐ုတ္ေရးရာကြၽမ္းက်င္သူပါ။
“အထူးသျဖင့္ ထိုင္ဝမ္နဲ႔ တိဘက္အေရးလိုကိစၥေတြမွာ တ႐ုတ္အစိုးရက သူ႔သေဘာထားကို သိပ္ကို ရွင္းရွင္းလင္းလင္း ျပသေလ့ရွိပါတယ္။ ဒီကိစၥကို တျခားတဘက္က ဘယ္လိုအက်ယ္ခ်ဲ႕လာမလဲဆိုတာကို ေတြးၾကည့္လို႔ရပါတယ္။ ဥပမာ တကၠသိုလ္တခုက တိဘက္ကိုယ္စားလွယ္တဦးကို ဖိတ္ၾကားတယ္ဆိုရင္ တ႐ုတ္သံ႐ုံးဘက္က ကန႔္ကြက္ေကာင္းကန႔္ကြက္ႏိုင္ပါတယ္။ ဒါေပမဲ့ အခုေတာ့ ကြန္ျဖဴးရွပ္စ္ အင္စတီက်ဳကပါ ကန႔္ကြက္လာႏိုင္ပါတယ္။ ”
အေျခအျမစ္မရွိတဲ့ စိုးရိမ္ခ်က္ေတြလို႔ Zeng က ေျပာပါတယ္။
“ကြန္ျဖဴးရွပ္စ္ အင္စတီက်ဳတခုမွာ ေဒသခံ ပူးတြဲၫႊန္ၾကားေရးမႉးတဦး ရွိပါတယ္။ သင္႐ိုးၫႊန္းတမ္းေတြနဲ႔လႈပ္ရွားမႈ၊ အခမ္းအနားေတြအားလုံးကို သူက ႀကီးၾကပ္ပါတယ္။ ေဒသခံတကၠသိုလ္ရဲ႕ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းအားလုံးကို လိုက္နာၾကရၿပီး သင္႐ိုးၫႊန္းတမ္းကိုလည္း ေဒသခံတကၠသိုလ္က အေသအခ်ာစိစစ္ထားတာပါ။”
၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလထဲမွာပဲ Cape Town မွာ ကြန္ျဖဴးရွပ္ အင္စတီက်ဳကို ဖြင့္ခဲ့ပါတယ္။ ႏိုင္ငံတြင္းမွာ ၆ ခုေျမာက္ ျဖစ္ပါတယ္။ တ႐ုတ္အင္စတီက်ဳေတြနဲ႔ ပတ္သက္ၿပီး အေနာက္ႏိုင္ငံေတြရဲ႕ စိုးရိမ္ခ်က္ေတြဟာ Western Cape တကၠသိုလ္ အတြက္ေတာ့ မလိုအပ္ဘူးလို႔ Bawa က ေျပာပါတယ္။
“က်ေနာ္တို႔ မိတ္ဖက္ေဆာင္႐ြက္မႈေတြက သိပ္ကိုရွင္းလင္းၿပီး တျခားကိစၥရပ္မ်ားနည္းတူပဲ က်ေနာ္တို႔ သတိထားပါတယ္။ က်ေနာ္တို႔ရဲ႕စံႏႈန္းမတူသူေတြနဲ႔ က်ေနာ္တို႔ မိတ္ဖက္မလုပ္ပါဘူး။”
တ႐ုတ္နဲ႔ ႏိုင္ငံရဲ႕သမိုင္းေၾကာင္းအဆက္အစပ္အရ တ႐ုတ္ရဲ႕ပညာေရးဆိုင္ရာ အင္စတီက်ဳကို လူ အမ်ားအျပားက လက္ခံၾကပါတယ္။ ၂၀ ရာစုအတြင္း ခြဲျခားဆက္ဆံမႈနဲ႔ လူမ်ိဳးေရးခြဲျခားမႈကိုဦးတည္ေစတဲ့ လူနည္းစု လူျဖဴအုပ္ခ်ဳပ္မႈနဲ႔ ကိုလိုနီ စနစ္ကိုဆန႔္က်င္တဲ့ လူမည္းေတြရဲ႕လြတ္ေျမာက္ေရး လႈပ္ရွားမႈအမ်ားအျပားကို တ႐ုတ္က ေထာက္ခံခဲ့တာပါ။
“ကြန္ျဖဴးရွပ္စ္ အင္စတီက်ဳ ပူးေပါင္းေဆာင္႐ြက္မႈဟာ တ႐ုတ္တကၠသိုလ္ေတြနဲ႔ ေဆာင္႐ြက္မႈတခုျဖစ္ပါတယ္။ မူဝါဒေရးရာ၊ မိတ္ဖက္ေရးရာနဲ႔ ယဥ္ေက်းမႈေရးရာေတြ ေဆြးေႏြးႏိုင္ေစမယ့္ အစိုးရရဲ႕အစီအစဥ္တခုလည္း ျဖစ္ပါတယ္။ ေတာင္အာဖရိကမွာေတာ့ ဒါက သိပ္ၿပီး အေရးႀကီးပါတယ္။”
တ႐ုတ္အစိုးရရဲ႕ ျပည္ပမွာ ပညာေရးဆိုင္ရာအစီအစဥ္ေတြဟာဆိုရင္ ခါးပတ္လမ္း စီမံကိန္းနဲ႔အညီ ေဆာင္႐ြက္တာ ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္ ခါးပတ္လမ္း စီမံကိန္းကို အစပ်ိဳးခ်ိန္မွာေတာ့ အေျခခံအေဆာက္အအုံတည္ေဆာက္မႈေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေနတဆင့္ တ႐ုတ္နဲ႔ တျခားေသာႏိုင္ငံေတြၾကား ကုန္းလမ္း၊ ေရလမ္းေတြကေန ကုန္သြယ္ေရးနဲ႔စီးပြားေရးကို ျမႇင့္တင္ေဆာင္႐ြက္ခဲ့တာပါ။ တ႐ုတ္ပညာေရးဌာနက ခါးပတ္လမ္းစီမံကိန္းအတြက္ ပညာေရးဟာလည္း ဝန္ေဆာင္မႈတခုျဖစ္တယ္လို႔ ၫႊန္းပါတယ္။ ကြန္ျဖဴးရွပ္အင္စတီက်ဳ၊ ပညာသင္ဆုေတြ၊ ဖလွယ္ေရးအစီအစဥ္ေတြနဲ႔ သက္ေမြးပညာသင္တန္းေတြလို ပညာေရးအစီအစဥ္ေတြဟာဆိုရင္ ခါးပတ္လမ္းစီမံကိန္းရဲ႕ အေရးႀကီးတဲ့အစိတ္အပိုင္းတခုျဖစ္တဲ့ စြမ္းရည္ဖြံ႕ၿဖိဳးေရးနဲ႔ ယဥ္ေက်းမႈဖလွယ္ေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။
အာဖရိကမွာဆိုရင္ ပညာေရးအစီအစဥ္ေတြက ေက်ာင္းသားေတြအတြက္တင္ မဟုတ္ပါဘူး။ တ႐ုတ္အစိုးရက တန္ဇန္းနီးယားမွာဖြင့္လွစ္ခဲ့တဲ့ ေဒၚလာ သန္း ၄၀ တန္ ေခါင္းေဆာင္မႈသင္တန္းေက်ာင္းသစ္ကို ၿပီးခဲ့တဲ့ႏွစ္အတြင္း အာဖရိက ႏိုင္ငံ ၆ ခုက ႏိုင္ငံေရးသမားေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ အာဖရိက ႏိုင္ငံေရးသမားေတြကို ေလ့က်င့္ဖို႔ ျဖစ္ပါတယ္။
ဒီလို ပညာေရးအစီအစဥ္ေတြက တ႐ုတ္ကြန္ျမဴနစ္အေတြးအေခၚေတြကို အားေပးျမႇင့္တင္ရာေရာက္မယ့္အေပၚ သုံးသပ္သူတခ်ိဳ႕ကစိုးရိမ္ေပမဲ့ ႏိုင္ငံတိုင္းမွာေတာ့ ဒီလို စိုးရိမ္ခ်က္မရွိဘူးလို႔ တခ်ိဳ႕ကလည္းေျပာပါတယ္။ ေတာင္အာဖရိက က တ႐ုတ္ေရးရာကြၽမ္းက်င္သူ Cobus Van Staden က အခုလို ေျပာပါတယ္။
“အာဖရိက ေက်ာင္းသားေတြၾကားမွာေတာ့ ဒီကိစၥဟာ ႏိုင္ငံေရးအရ စိုးရိမ္စရာ တခု မဟုတ္ပါဘူး။ ”
တ႐ုတ္ရဲ႕ပညာေရး အစီအစဥ္ေတြဟာ ဒီမိုကေရစီစံႏႈန္းေတြအတြက္ ၿခိမ္းေျခာက္မႈတခုလို႔ တခ်ိဳ႕ႏိုင္ငံေတြကသတိေပးေနတဲ့တခ်ိန္တည္းမွာပဲ ႏိုင္ငံတခ်ိဳ႕ကေတာ့ တ႐ုတ္နဲ႔ ပညာေရးပူးေပါင္းေဆာင္႐ြက္မႈဟာ တ႐ုတ္ရဲ႕ခါးပတ္လမ္း စီမံကိန္းေတြကေန အက်ိဳးအျမတ္ရေစမယ့္ အခြင့္အေရးတခုအျဖစ္ ရႈျမင္ၾကပါတယ္။
#သိဂႌထိုက္ #စီးပြါးေရးက႑ #တရုတ္ခါးပတ္လမ္း #ကြန္ျဖဴးရွပ္စ္အင္စတီက်ဳ #တရုတ္ပညာေရး
==================
{{Unicode}}
တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းမှာ ပညာရေးကဏ္ဍလည်း ပါဝင်
တရုတ်သမ္မတ Xi Jinping ရဲ့ ခါးပတ်လမ်းမရှေ့ပြေးအစီအစဉ် BRI အရ တရုတ်ဟာ ရထားလမ်းတွေ၊ ဆိပ်ကမ်းတွနဲ့ တံတားတွေလိုမျိုး အခြေခံအဆောက်အအုံတွေနဲ့ ကမ္ဘာတလွှား သြဇာလွှမ်းမိုးမှုကို ဖြန့်ကျက်လာပါတယ်။ BRI ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းအဖြစ် တရုတ်ဘာသာစကားနဲ့ စံတန်ဖိုးတွေ၊ နောက် ကွန်မြူနစ်ပါတီရဲ့ အတွေးအခေါ်တွေကိုပါ ဖြန့်ဝေနေတာပါ။ တောင်အာဖရိကနိုင်ငံ Cape Town ကနေ Kate Bartlett ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်ကတင်ပြထားပါတယ်။
ထိုက်ချိ၊ လက်ဖက်ရည်နဲ့ ပန်ဒါ ဒါတွေဟာဆိုရင် တောင်အာဖရိက-က ကွန်ဖြူးရှပ်စ် အင်စတီကျုအသစ်မှာတွေ့ရတဲ့ တရုတ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ သြဇာအရှိန်အဝါ ဖြစ်ပါတယ်။ Wilma Hugo က တရုတ်ဘာသာစကား ဆိုင်ရာ လက်ထောက်ပါ။
“ စီးပွားရေးနဲ့ ဘက်ပေါင်းစုံမှာ တရုတ်နဲ့ဆက်ဆံရေး ဖွံ့ဖြိုးလာနေပါတယ်။ သူတို့က ဘာသာပြန်သမားတွေလိုအပ်နေပြီး ကျမတို့ကလည်း တောင်အာဖရိကမှာ မန်ဒရင်းတရုတ်ဘာသာစကားကို သင်ကြားဖို့ စတင်နေတာပါ။ ၂၀၁၆ မှာတာ့ သင်ရိုးညွှန်းတမ်းမှာ ပါဝင်လာပါပြီ။ မန်ဒရင်း တရုတ်ဘာသာစကားကို သင်ယူမယ်ဆိုရင်တော့ အခွင့်အလမ်းတွေလည်း အများကြီး ရှိပါတယ်။ ”
အာဖရိကမှာတော့ ဒီအင်စတီကျုတွေကိုလိုလားကြပြီး တိုးပွားလာနေပါတယ်။ ပထမဆုံး ကွန်ဖြူးရှပ်အင်စတီကျုကို ၂၀၀၄ ခုနှစ်အတွင်း တောင်ကိုရီးယားမှာ ဖွင့်ခဲ့တာပါ။ တရုတ်ပညာရေးဌာနရဲ့ ပံ့ပိုးမှုနဲ့ ဒီ အင်စတီကျုတွေက တရုတ် ဘာသာစကားနဲ့ ယဉ်ကျေးမှုကို မြှင့်တင်ဖို့ရည်ရွယ်တာဖြစ်ကြောင်း တရုတ်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ကတော့ ဒီစင်တာတွေက ဝါဒဖြန့်နေတာလို့ ပြောကြပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်က ဝါရှင်တန် အခြေစိုက် ကွန်ဖြူးရှပ်အင်စတီကျုကို နိုင်ငံခြားမစ်ရှင်တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အမေရိကန်တက္ကသိုလ်တွေထဲက စင်တာ ၁၀၀ ကျော်ကိုလည်း ပိတ်ခဲ့ပါတယ်။ ဆွီဒင်၊ ဖင်လန်၊ နော်ဝေ၊ ဘယ်လ်ဂျီယံနဲ့ ဒိန်းမတ် အပါအဝင် ဥရောပ နိုင်ငံတွေမှာလည်း တက္ကသိုလ်တွေမှာရှိတဲ့ ကွန်ဖြူးရှပ်အင်စတီကျုတွေကို ဒီဘက် နှစ်ပိုင်းတွေအတွင်း ပိတ်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ် အထိ ဆယ်စုနှစ်တခုအတွင်း နိုင်ငံတွေနဲ့ နယ်မြေ ၁၅၉ ခုမှာ ကွန်ဖြူရှပ်အင်စတီကျု ၅၀၀ ကျော် တည်ထောင်ပြီးစီးကြောင်း တရုတ်က ပြောပါတယ်။ ဒီအင်စတီကျုတွေကိုတော့ ဒေသခံတက္ကသိုလ်တွေနဲ့ တရုတ်က မိတ်ဖက်တက္ကသိုလ်တွေက အဓိကစီမံခန့်ခွဲတာ ဖြစ်ပါတယ်။
“တက္ကသိုလ်တွေ အားလုံး၊ တက္ကသိုလ်တွေအားလုံးနီးပါးကို တရုတ်အစိုးရက ထောက်ပံ့ထားတာပါ။ ဒါကြောင့် တရုတ်အစိုးရနဲ့ မပတ်သက်ချင်ဘူးဆိုရင်တော့ တရုတ်ပြည်က တက္ကသိုလ်တွေနဲ့ ပူးတွဲလုပ်ကိုင်လို့ မရနိုင်ပါဘူး။”
Western Cape တက္ကသိုလ် ကွန်ဖြူးရှပ် အင်စတီကျုရဲ့ ပူးတွဲညွှန်ကြားရေးမှူး Liren Zeng က အထူးသဖြင့် အနောက်နိုင်ငံတွေက ဝေဖန်သူတွေကို ရည်ညွှန်း ပြောဆိုခဲ့တာပါ။ တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးဌာနက Umesh Bawa ကလည်း သူ့အနေနဲ့လည်း သတိပေးချက်တွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။
“ဥရောပက Nordic မိတ်ဖက်တချို့ဟာဆိုရင် သူတို့ရဲ့ကွန်ဖြူးရှပ်စ်အင်စတီကျုတွေကို ပိတ်သိမ်းထားပြီး ကျနော်တို့ကိုလည်း သတိထားနေပါတယ်။ ဒီကိစ္စကို ထရိုဂျန်မြင်းလို သတိထားနေကြပါတယ်။”
ဒီအင်စတီကျုတွေက လွတ်လပ်စွာပြောဆိုမှုမှာ စွက်ဖက်မှုတွေရှိနေပြီး တချို့ တက္ကသိုလ်တွေမှာဆိုရင် တရုတ်ကိုဝေဖန်တဲ့အကြောင်းအရာတွေကို ရှောင်နိုင်ခြေ ရှိတယ်လို့လည်း ပညာရှင်တချို့က သတိပေးပါတယ်။
Cobus Van Staden က တောင်အာဖရိက က တရုတ်ရေးရာကျွမ်းကျင်သူပါ။
“အထူးသဖြင့် ထိုင်ဝမ်နဲ့ တိဘက်အရေးလိုကိစ္စတွေမှာ တရုတ်အစိုးရက သူ့သဘောထားကို သိပ်ကို ရှင်းရှင်းလင်းလင်း ပြသလေ့ရှိပါတယ်။ ဒီကိစ္စကို တခြားတဘက်က ဘယ်လိုအကျယ်ချဲ့လာမလဲဆိုတာကို တွေးကြည့်လို့ရပါတယ်။ ဥပမာ တက္ကသိုလ်တခုက တိဘက်ကိုယ်စားလှယ်တဦးကို ဖိတ်ကြားတယ်ဆိုရင် တရုတ်သံရုံးဘက်က ကန့်ကွက်ကောင်းကန့်ကွက်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ကွန်ဖြူးရှပ်စ် အင်စတီကျုကပါ ကန့်ကွက်လာနိုင်ပါတယ်။ ”
အခြေအမြစ်မရှိတဲ့ စိုးရိမ်ချက်တွေလို့ Zeng က ပြောပါတယ်။
“ကွန်ဖြူးရှပ်စ် အင်စတီကျုတခုမှာ ဒေသခံ ပူးတွဲညွှန်ကြားရေးမှူးတဦး ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေနဲ့လှုပ်ရှားမှု၊ အခမ်းအနားတွေအားလုံးကို သူက ကြီးကြပ်ပါတယ်။ ဒေသခံတက္ကသိုလ်ရဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအားလုံးကို လိုက်နာကြရပြီး သင်ရိုးညွှန်းတမ်းကိုလည်း ဒေသခံတက္ကသိုလ်က အသေအချာစိစစ်ထားတာပါ။”
၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာပဲ Cape Town မှာ ကွန်ဖြူးရှပ် အင်စတီကျုကို ဖွင့်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ၆ ခုမြောက် ဖြစ်ပါတယ်။ တရုတ်အင်စတီကျုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ စိုးရိမ်ချက်တွေဟာ Western Cape တက္ကသိုလ် အတွက်တော့ မလိုအပ်ဘူးလို့ Bawa က ပြောပါတယ်။
“ကျနော်တို့ မိတ်ဖက်ဆောင်ရွက်မှုတွေက သိပ်ကိုရှင်းလင်းပြီး တခြားကိစ္စရပ်များနည်းတူပဲ ကျနော်တို့ သတိထားပါတယ်။ ကျနော်တို့ရဲ့စံနှုန်းမတူသူတွေနဲ့ ကျနော်တို့ မိတ်ဖက်မလုပ်ပါဘူး။”
တရုတ်နဲ့ နိုင်ငံရဲ့သမိုင်းကြောင်းအဆက်အစပ်အရ တရုတ်ရဲ့ပညာရေးဆိုင်ရာ အင်စတီကျုကို လူ အများအပြားက လက်ခံကြပါတယ်။ ၂၀ ရာစုအတွင်း ခွဲခြားဆက်ဆံမှုနဲ့ လူမျိုးရေးခွဲခြားမှုကိုဦးတည်စေတဲ့ လူနည်းစု လူဖြူအုပ်ချုပ်မှုနဲ့ ကိုလိုနီ စနစ်ကိုဆန့်ကျင်တဲ့ လူမည်းတွေရဲ့လွတ်မြောက်ရေး လှုပ်ရှားမှုအများအပြားကို တရုတ်က ထောက်ခံခဲ့တာပါ။
“ကွန်ဖြူးရှပ်စ် အင်စတီကျု ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်တက္ကသိုလ်တွေနဲ့ ဆောင်ရွက်မှုတခုဖြစ်ပါတယ်။ မူဝါဒရေးရာ၊ မိတ်ဖက်ရေးရာနဲ့ ယဉ်ကျေးမှုရေးရာတွေ ဆွေးနွေးနိုင်စေမယ့် အစိုးရရဲ့အစီအစဉ်တခုလည်း ဖြစ်ပါတယ်။ တောင်အာဖရိကမှာတော့ ဒါက သိပ်ပြီး အရေးကြီးပါတယ်။”
တရုတ်အစိုးရရဲ့ ပြည်ပမှာ ပညာရေးဆိုင်ရာအစီအစဉ်တွေဟာဆိုရင် ခါးပတ်လမ်း စီမံကိန်းနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ခါးပတ်လမ်း စီမံကိန်းကို အစပျိုးချိန်မှာတော့ အခြေခံအဆောက်အအုံတည်ဆောက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့် တရုတ်နဲ့ တခြားသောနိုင်ငံတွေကြား ကုန်းလမ်း၊ ရေလမ်းတွေကနေ ကုန်သွယ်ရေးနဲ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ခဲ့တာပါ။ တရုတ်ပညာရေးဌာနက ခါးပတ်လမ်းစီမံကိန်းအတွက် ပညာရေးဟာလည်း ဝန်ဆောင်မှုတခုဖြစ်တယ်လို့ ညွှန်းပါတယ်။ ကွန်ဖြူးရှပ်အင်စတီကျု၊ ပညာသင်ဆုတွေ၊ ဖလှယ်ရေးအစီအစဉ်တွေနဲ့ သက်မွေးပညာသင်တန်းတွေလို ပညာရေးအစီအစဉ်တွေဟာဆိုရင် ခါးပတ်လမ်းစီမံကိန်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ စွမ်းရည်ဖွံ့ဖြိုးရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးကို အထောက်အကူ ဖြစ်စေပါတယ်။
အာဖရိကမှာဆိုရင် ပညာရေးအစီအစဉ်တွေက ကျောင်းသားတွေအတွက်တင် မဟုတ်ပါဘူး။ တရုတ်အစိုးရက တန်ဇန်းနီးယားမှာဖွင့်လှစ်ခဲ့တဲ့ ဒေါ်လာ သန်း ၄၀ တန် ခေါင်းဆောင်မှုသင်တန်းကျောင်းသစ်ကို ပြီးခဲ့တဲ့နှစ်အတွင်း အာဖရိက နိုင်ငံ ၆ ခုက နိုင်ငံရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ အာဖရိက နိုင်ငံရေးသမားတွေကို လေ့ကျင့်ဖို့ ဖြစ်ပါတယ်။
ဒီလို ပညာရေးအစီအစဉ်တွေက တရုတ်ကွန်မြူနစ်အတွေးအခေါ်တွေကို အားပေးမြှင့်တင်ရာရောက်မယ့်အပေါ် သုံးသပ်သူတချို့ကစိုးရိမ်ပေမဲ့ နိုင်ငံတိုင်းမှာတော့ ဒီလို စိုးရိမ်ချက်မရှိဘူးလို့ တချို့ကလည်းပြောပါတယ်။ တောင်အာဖရိက က တရုတ်ရေးရာကျွမ်းကျင်သူ Cobus Van Staden က အခုလို ပြောပါတယ်။
“အာဖရိက ကျောင်းသားတွေကြားမှာတော့ ဒီကိစ္စဟာ နိုင်ငံရေးအရ စိုးရိမ်စရာ တခု မဟုတ်ပါဘူး။ ”
တရုတ်ရဲ့ပညာရေး အစီအစဉ်တွေဟာ ဒီမိုကရေစီစံနှုန်းတွေအတွက် ခြိမ်းခြောက်မှုတခုလို့ တချို့နိုင်ငံတွေကသတိပေးနေတဲ့တချိန်တည်းမှာပဲ နိုင်ငံတချို့ကတော့ တရုတ်နဲ့ ပညာရေးပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်ရဲ့ခါးပတ်လမ်း စီမံကိန်းတွေကနေ အကျိုးအမြတ်ရစေမယ့် အခွင့်အရေးတခုအဖြစ် ရှုမြင်ကြပါတယ်။