သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းတွင်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဆက်တိုက်ကြုံရ


မကွေးတိုင်းဆောမြို့နယ် အကြည်ပန်းပလွန်းကျေးရွာ‌ လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများကိုတွေ့ရစဉ် (မေ ၉၊၂၀၂၄)
မကွေးတိုင်းဆောမြို့နယ် အကြည်ပန်းပလွန်းကျေးရွာ‌ လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများကိုတွေ့ရစဉ် (မေ ၉၊၂၀၂၄)

မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ၈ ဦး သေဆုံးပြီး ဒဏ်ရာရထားသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက မုံညှင်းကျေးရွာအနီး စစ်ဘေးရှောင် တောင်သူတွေ နေထိုင်တဲ့နေရာကို ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်းမှာ လေထီးစက်တပ်ယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် တဲပေါ်ကျရောက်ပြီး ဒေသခံတွေ သေဆုံးခဲ့တာပါ။ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံတဦးက အခုလို ပြောပါတယ်။

"သေဆုံးတာကတော့ ၈ ဦးခင်ဗျ။ အဲ့ထဲမှာအသက် ၃ နှစ်အရွယ်ရယ် ၁၀ နှစ်အရွယ်ရယ် ကလေးသူငယ်တွေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူက ၅ ဦး။ အဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် အမျိုးသမီးကလေးငယ် ၁ ဦး ပါဝင်တယ်။ တဲအိမ်စုရဲ့ အလယ်ခေါင်တည့်တည့်ကို ကျတာ။ "

ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ပြီး တောထဲတွေမှာနေထိုင်ရင်း အခုလို တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရသူတွေလည်းရှိပြီး ဝေးလံတဲ့အတွက် ဆေးဝါးကုသမှု မလုံလောက်တဲ့ အခြေအနေတွေကြုံတွေ့နေရပါတယ်။ ဗုံးကြဲတိုက်ခိုက်တာကြောင့် အိမ်မွေးတိရစ္ဆာန် သေဆုံးတာတွေလည်းရှိခဲ့ပါသေးတယ်။

အခုတိုက်ခိုက်မှုဟာ မကွေးတိုင်းထဲ ဒုတိယအကြိမ် သေဆုံးမှုဖြစ်ပြီး အခုလ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပွင့်ဖြူမြို့နယ် ရေယဉ်ကျေးရွာကို လေထီး စက်တပ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အခုနောက်ပိုင်းမှာ စစ်တပ်က လက်နက်ကိုင်အားကောင်းတဲ့ မကွေး၊ စစ်ကိုင်း၊ မန္တလေး စတဲ့မြို့တွေကို ဂျက်ဖိုက်တာတွေထက် လေထီးစက်တပ်ယာဉ်တွေ ပိုအသုံးပြုပြီး တိုက်ခိုက်လာတာပါ။ မြေပြင်မှာ အင်အားနည်းနေပြီး လေထီးစက်တပ်ယာဉ်တွေဟာ ဂျက်ဖိုက်တာတွေထက် ကုန်ကျစရိတ်ပိုင်းမှာ သက်သာလို့ အခုလို အသုံးပြုလာတာလို့ မြောင်မြို့နယ် တော်လှန်ရေးတပ် တာဝန်ရှိသူ ကိုစိန်ကျော်က အခုလိုပြောပါတယ်။

“အခုက ပိုပြီး စိုးရိမ်မှုရှိလာတာက ဘာလဲဆိုတော့ လေယာဉ်သံဆိုရင် ဝေါကနဲဆိုပြီး အသံတော့ ကြားရတယ်ပေါ့။ လေထီးစက်တပ်ကကြတော့ ဖြေးဖြေးချင်းလာပြီး ရပ်ပြီး ချတယ်ဆိုတော့ ပြည်သူတွေမှာ စိုးရိမ်စိတ်တွေ အကြောက်တရားတွေ ပိုများတာပေါ့။"

ဖေဖော်ဝါရီလထဲမှာ လေထီးစက်တပ်ယာဉ်တွေကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ ၃၀ နီးပါး ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမအရှေ့ရွာကို လေထီးစက်တပ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးပြီး ၂၀ ထက် မနည်း ဒဏ်ရာရရှိခဲ့သလို မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တို့မှာလည်း လူသေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG