သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမှာ မြန်မာ ၈၅ ဦး ဖမ်းဆီးခံရ


ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်၊ ထောင်ပါပွန်း မြိုနယ်အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ (မတ် ၂၈၊ ၂၀၂၄)
ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်၊ ထောင်ပါပွန်း မြိုနယ်အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ (မတ် ၂၈၊ ၂၀၂၄)

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်၊ ထောင်ပါပွန်း မြိုနယ်အတွင်းမှာ မတ်လ ၂၈ရက် မနေ့က ကင်းစခမ်းကို ဖြတ်ကျော် မောင်းပြေးတဲ့ ကားငါးစီးကို ရဲတပ်ဖွဲက လိုက်လံဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား ၈၀ ကျော် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း မြန်မာနယ်စပ် ကန်ချနဘူရီ ခရိုင် ‌ထောင်းပါပွန်း နယ်စပ်လမ်းမှာ လူကုန်ကူးတွေသယ်ဆောင်လာတဲ့ မြန်မာ ၈၅ယောက်ကို ၁၃၅ နယ်မြေ ရဲတပ်ဖွဲ့ နဲ့ နယ်ခြားစောင့်တပ်တွေအပါအဝင် စစ်ဆေးရေးအဖွဲ့ တွေကဖမ်းဆီးခဲ့တာပါ။ သူတို့ကိုသယ်ဆောင်လာတဲ့ ကား၅စီးကို အာဏာပိုင်တွေက စစ်ဆေးဖို့ တားဆီးတာကိုရပ်မပေးပဲ မောင်းနှင်ထွက်ပြေးခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့ကြောင်း အလုပ်သမားရေးဆောင်ရွက်သူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ကန်ချနဘူရီခရိုင် စံခရဘူရီမြို့နယ်ထဲက ထောင်ပါပွန်းကျေးရွာနဲ့ဆက်စပ်တဲ့နယ်စပ်လမ်းဘေးမှာ နယ်မြေခံရဲတပ်ဖွဲ့က မသင်္ကာတဲ့အတွက် ပစ်ကပ်ကား ၅စီးကိုရပ်တန့်စစ်ဆေးတယ် ၊ အဲဒီလို ရပ်တန့်စစ်ဆေးတာကို ကားတွေကိုမောင်းပြေးတယ် ၊ အဲဒီလိုမောင်းပြေးတဲ့ကားနောက်ကို ရဲတွေက နောက်ကတရစပ်လိုက်လံဖမ်းဆီးတယ်၊အဲဒီကား ၅စီးပေါ်မှာ တရားမဝင် မြန်မာလူငယ် ၈၅ဦးနဲ့ပဲွစား ၅ဦးကိုဖမ်းမိပါတယ်၊ ၂၀၂၄ ခုနှစ်မတ်လအတွင်းမှာ လကုန်ခါနီးအထိ တရားမဝင် မြန်မာလူငယ် တထောင်ကျော်ဖမ်းခံရပါတယ်"

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်၊ ထောင်ပါပွန်း မြိုနယ်အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ (မတ် ၂၈၊ ၂၀၂၄)
ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်၊ ထောင်ပါပွန်း မြိုနယ်အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ (မတ် ၂၈၊ ၂၀၂၄)

မတ်လ ၂၅ ရက်နေ့ကလည်း ထောင်ပါပွန်း လမ်းဆုံမှာ မြန်မာ ၅၀ ပါတဲ့ ကားနှစ်စီး ဖမ်းဆီမိခဲ့ကြောင်း ထောင်ပါပွန်းရဲစခန်းကသးတင်းထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံထဲကို ကမ်ချနဘူရီနယ်စပ်နဲ့ တာခ့်ခရိုင်မဲဆောက်နယ်စပ်ကနေ မြန်မာတွေ ဆက်တိုက်ဝင်ရောက်လာနေပြီ ဖမ်းမိသူအများစုက လူငယ်တွေဖြစ်ကြပြီး မြန်မာနိုင်ငံမှာစစ်မှုထမ်းတဲ့ဥပဒေကြောင့် ထွက်ပြေးလာကြသူတွေများတယ်လို့လည်း ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ဖေဖေါ်ဝါရီလ ၁၀ရက်နေ့နောက်ပိုင်းမှာစစ်မှုထမ်းဥပဒေကိုစိုးရိမ်ကြောင်းကြပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့အကြောင်းစကားပြန်တွေကတဆင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေကိုထွက်ဆိုကြပါတယ်"

အခုဖမ်းမိသူတွေကတော့ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသကနေ လူကုန်ကူးတဲ့ပွဲစားတွေနဲ့အတူလာကြတဲ့သူတွေဖြစ်ပြီး တဦးက ဘတ်ငွေ တသောင်းကနေ ၃သောင်းလောက်ထိပေးပြီး လာကြသူတွေဖြစ်ပါတယ် ။ သူတို့ကိုတော့တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အရေးယူပြီးမှ နေရပ်ပြန်ပို့မယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG