သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အခြေစိုက် LWF ဝန်ထမ်း ၈၀ အလုပ်ထုတ်ခံရ


 Lutheran World Federation (LWF) Myanmar အဖွဲ့ရဲ့ Facebook စာမျက်နှာပေါ်က ဓါတ်ပုံတပုံ
Lutheran World Federation (LWF) Myanmar အဖွဲ့ရဲ့ Facebook စာမျက်နှာပေါ်က ဓါတ်ပုံတပုံ

ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ Lutheran World Federation (LWF) Myanmar စစ်တွေရုံးက ဝန်ထမ်း ၈၀ ဟာ လစာရရှိမှုနဲ့ ပတ်သက်လို့ ဆန္ဒပြခဲ့ရာက အလုပ်ထုတ်ခံခဲ့ရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။ စာနာမှု အထောက်အပံ့ လိုအပ်ချက်တွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး ဝန်ထမ်းတွေ အလုပ်ထုတ်ခံရတာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြပေးပါမယ်။

ရခိုင်ခြေစိုက် နိုင်ငံတကာ လူသားချင်းစားချင်းစာနာထောက်ထားမှု အကူအညီပေး ရေးအဖွဲ့တ ခုဖြစ်တဲ့ စစ်တွေအခြေစိုက် (Lutheran World Federation Myanmar ) LWF-Myanmar ရုံးက ဝန်ထမ်း ၈ဝကို ဒီလအစောပိုင်းက အလုပ်ထုတ်လိုက်တာပါ။အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ သူတို့ရရှိတဲ့ ယူရိုငွေလဲနှုန်းကို ပြင်ပဈေးကွက် ပေါက်ဈေးအတိုင်း တွက်ချက်ပေးဖို့ ၂နှစ်ကျော်ကြာ တောင်းဆိုခဲ့ပေမယ့် မလိုက်လျောခဲ့တာကြောင့် ရုံးတွင်း အသံတိတ်ဆန္ဒပြတောင်းဆိုခဲ့လို့ အလုပ်ထုတ်ခံလိုက်ရတာဖြစ်တယ်လို့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတဦးဖြစ်တဲ့ မ Rose က ပြောပါတယ်။

“အလုပ်မလုပ်ပဲနဲ့ အသံတိတ်ဆန္ဒပြကြမယ် ဆိုပြီးတော့မှ နောက်ဆုံးဖိအားပေးဖို့ အတွက် ဒီလမ်းကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်၊ အဲတာကြောင့်မို့လို့ သူတို့ဖက်က ဒီအကြောင်းနဲ့ ပတ်သက်ပီး ငါတို့ ထပ်ပြီး ဆွေးနွေးစရာအကြောင်းမရှိဘူးဆိုတဲ့ ရာဇသံ တခုတည်းနဲ့ အမတို့ အကုန်လုံးကို ဝန်ထမ်းပေါင်း ၈၀ သူတို့တွေက တခါတည်းနဲ့ စက်တင်ဘာလ ၄ရက်နေ့က အလုပ်ထုတ်လိုက်တာ ဖြစ်ပါတယ်ရှင့်။”

စစ်တွေအခြေစိုက် LWF-Myanmar အဖွဲ့ဟာဆိုရင် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာစခန်း၈ခုနဲ့ ကျေးရွာတချို့မှာ ပညာရေးတွေ အသက်မွေးဝမ်းကြောင်း လုပ်ငန်းစဉ်တွေ ကားကွယ်စောင့် ရှောက်ရေးလုပ်ငန်းတွေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တခုဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုအလုပ်ထုတ်ခံလိုက်တဲ့ ဝန်ထမ်းတွေထဲမှာ နှစ်ပေါင်းများစွာကြာ တာဝန်ထမ်းဆောင်လာသူတွေ ပါဝင်တယ်လို့လည်အလုပ် ထုတ်ခံရသူ တွေကပြောပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လည်း လက်ရှိအချိန်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့ အချိန်ဖြစ်တာကြောင့် အခုလိုလို လူသားချင်းစာ နာမှုကူညီနေတဲ့ ဝန်ထမ်း ၈ဝလောက်ကို အလုပ်ထုတ်လိုက်တာဟာ ဒုက္ခသည်တွေအတွက် ထိခိုက်နစ်နာမှုတွေရှိနိုင်တယ်လို့လည်း အလုပ်ထုတ်ခံရတဲ့ မ Rose က ဆက်ပြောပါတယ်။

“ အခုလိုမျိုးနယ်မြေအခြေအနေကို ကောင်းမွန်စွာနားလည်တဲ့ ကျမတို့အခု ကျေးရွာတွေ ဒုက္ခသည် စခန်းတွေ ကျမတို့ အခုရခိုင်တိုက်ပွဲရှောင်စခန်းတွေ ဘုန်ကြီးကျောင်းတွေမှာ အလုပ်လုပ်နေတဲ့ သူတွေကို အခုလို ထုတ်ပယ်လိုက်တာဆိုလို့ရှိရင် ဒီစီမံကိန်းကို အများကြီး သက်ရောက်မှုရှိပါတယ်။ ဆိုတော့ ကျမတို့ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေ ကျမတို့ကို မှီခိုနေရတဲ့ ဒုက္ခသည်တွေ ကျမတို့နဲ့ အတူတူလုပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ လစဉ်လတိုင်း ကျမတို့ Services ကိုမှီခိုနေရတဲ့ ဒုက္ခသည်တွေ အတွက်ဆိုလို့ရှိရင် စိုးရိမ်ကြောင်းကြ မှုတွေ ဖြစ်နိုင်တယ်။ ကျမတို့ စီမံကိန်းကိုလည်း ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ ပထမဆုံး ထိခိုက်ခံစားရတာကတော့ သူတို့ထုတ်ပယ်လိုက်တဲ့ ဝန်ထမ်း ၈ဝနဲ့အတူ စီမံကိန်းတွေကိုလည်း အများကြီးထိခိုက်နိုင်တယ်လို့ ကျမမြင်ပါတယ်။”

မြေပြင်မှာ ဒုက္ခသည်တွေနဲ့ ထိတွေ့ ဆက်ဆံနေတဲ့ ဝန်ထမ်းတွေကိုအခုလို အစုလိုက် အပြုံလိုက် အလုပ်ထုတ်လိုက်တာဟာ လူသားချင်းစာနာထောက်ထား တဲ့အဖွဲ့တခုအနေနဲ့ မလုပ်သင့်ကြောင်းလည်း ဝေဖန်မှုတွေရှိနေတာပါ။ အခုလို ဝန်ထမ်းအများအပြားကို အလုပ် ထုတ်လိုက်တာနဲ့ ပတ်သက်လို့ LWF-Myanmar အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Mr.David Mueller (Country Representative)ကို ဆက်သွယ်ခဲ့ပေမယ့်လည်း တုန့်ပြန်မှုတော့ မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ် အခြေစိုက် LWF ဝန်ထမ်း ၈၀ အလုပ်ထုတ်ခံရ
please wait

No media source currently available

0:00 0:02:47 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG