သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲ အနိုင်ရ


ရီပတ်ဘလီကန်ပါတီရဲ့သမ္မတဟောင်းလည်းဖြစ်ပြီး လက်ရှိရွေးကောက်ခံသမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့် (နိုဝင်ဘာ ၅၊ ၂၀၂၄)
ရီပတ်ဘလီကန်ပါတီရဲ့သမ္မတဟောင်းလည်းဖြစ်ပြီး လက်ရှိရွေးကောက်ခံသမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့် (နိုဝင်ဘာ ၅၊ ၂၀၂၄)

အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump ဟာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို အနိုင်ရလိုက်တာကြောင့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။

"၄၅ ယောက်မြောက်နဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ်ရွေးချယ်ခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေကို အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။" လို့ သမ္မတဟောင်း ထရမ့်က ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။ မနေ့နှောင်းပိုင်း ရွေးကောက်ပွဲအပြီး ရလဒ်တွေ အားလုံးကို တရားဝင် မကြေညာရသေးပေမဲ့ ရေတွက်ပြီးတဲ့ မဲတွေအပေါ် တွက်ချက်မှုအရ အနိုင်ရကြောင်း ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတရွေးချယ်ရေး ပြည်နယ် အထူးကိုယ်စားလှယ်မဲ စုစုပေါင်း ၅၃၈ မဲမှာ အနိုင်ရဖို့ အနည်းဆုံး ၂၇၀ ရဖို့ လိုအပ်ပြီး အခုမဲတွေ ရေတွက်ပြီးချိန်အထိ သမ္မတဟောင်းထရမ့်က အနည်းဆုံး ၂၇၇ မဲ ရထားပြီး အနိုင်ရခဲ့တာပါ။

သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲအနိုင်ရလိုက်တာကြောင့် အမေရိကန်သမိုင်းမှာ ၁၈၉၀ ပြည့်လွန် နှစ်တွေနောက်ပိုင်း ပထမဆုံးသမ္မတဟောင်းတဦး သမ္မတသက်တမ်းနောက်တကြိမ် အနိုင်ရသူအဖြစ် မှတ်တမ်းတင်နိုင်တော့မှာ ဖြစ်ပါတယ်

အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပြည်နယ်တွေထဲက Pennsylvania, Georgia, မြောက် Carolina နဲ့ Wisconsin ပြည်နယ်တွေမှာ မဲအသာရပြီး ရီပတ်ဘလစ်ကန် သမ္မတလောင်း ထရမ့်ဟာ ဒီမိုကရက်တစ်သမ္မတလောင်း ဟဲရစ်ကို အနိုင်ရခဲ့တာပါ။

သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲ အနိုင်ရ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG