သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂၉)


Netherlands' Klaas-Jan Huntelaar scores his side's second goal on a penalty kick during the World Cup round of 16 soccer match between the Netherlands and Mexico .
Netherlands' Klaas-Jan Huntelaar scores his side's second goal on a penalty kick during the World Cup round of 16 soccer match between the Netherlands and Mexico .
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Kick off, Double down နဲ့ An olive branch တို့ကို တင်ပြထားပါတယ်။

(၁) Kick off

Kick (ကန်လိုက်တာ)၊ off (အဝေးကိုညွှန်တဲ့ ဝိဘတ် Preposition) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အဝေးကို ကန်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးကို ဘောလုံးပြိုင်ပွဲတွေမှာ ပွဲမစတင်မီ ခေါင်းပန်းလှန်လို့ နိုင်တဲ့အသင်းဘက်ကနေ ဘောလုံးကို ကန်ခွင့်ရပြီး၊ ဘောလုံးပွဲကို စတင်လိုက်တဲ့အလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ပွဲကိုစတင်ကျင်းပလိုက်တာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ၊ အခမ်းအနားတွေ၊ အစည်းအဝေးပွဲ၊ ညီလာခံတွေ စသည်ဖြင့် စတင်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးကို မတ်လ (၅) ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ စတင်ကျင်းပရာမှာ သမ္မတ Xi Jinping ရာထူးသက်တမ်း အကန့်အသတ်ကို ဖွဲ့စည်းပုံက ပယ်ဖျက်ပေးဖို့အဆိုပြုချက် အပါအဝင် ဝေဖန်မှုတွေ ခံနေရတဲ့ လုပ်ဆောင်ချက်တွေကြောင့်၊တရုတ်ကွန်မြူနစ်ပါတီက အနောက်နိုင်ငံတွေအပေါ် ပြစ်တင်မှုနဲ့ လွှတ်တော်ကို စတင်လိုက်တယ်ဆိုပြီး သတင်းတွေမှာ China kicks off parliament season with attack on the West လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီ အသုံးနဲ့ပတ်သက်လို့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

The Independence Day celebrations kicked off with a huge military parade.

လွတ်လပ်ရေးအထိမ်းအမှတ်ပွဲကို အင်အားကြီးမားလှတဲ့စစ်ရေးပြအခမ်းအနားနဲ့ စတင်လိုက်တယ်။

(2) Double down

Double (နှစ်ဆ)၊ down (အောက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အောက်ကိုနှစ်ဆ ချလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ Black Jack လို့ခေါ်တဲ့ နှစ်ဆယ့်တစ်ပေါက် ဖဲကစားနည်းက ဖြစ်ပါတယ်။ ကိုယ့်လက်ထဲမှာ ဖဲအခြေအနေက ကောင်းနေတယ်၊ နောက်ထပ် ဒိုင်ဆီက ဖဲတချပ်ပဲ ယူမယ်ဆိုရင် ကနဦး လောင်းကြေးကို နှစ်ဆ လောင်းခွင့်ရှိတဲ့ စည်းမျဉ်းကို Double down လို့ ခေါ်တာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ကိုယ့်အတွက်အကျိုးရှိစေမယ် လို့လဲယူဆတဲ့ ကိုယ်လုပ်ချင်တာ၊ ကိုယ့်ဆန္ဒဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး၊ အလျှော့မပေးဘဲနေတာ၊ ဆထက်တပိုး ကြိုးစားတာ၊ မဖြစ်ဖြစ်အောင်လုပ်ဖို့ သန္နိဋ္ဌာန် ခိုင်မာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က မကြာသေးမီက ပြည်ပကနေ အမေရိကန်ကို တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံ ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့တဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးလောကမှာ ဂယက်ရိုက်သွားပြီး ဝေဖန်မှုတွေ ထွက်ခဲ့ပေမဲ့၊သမ္မတ Trump က သူ့ဆုံးဖြတ်ချက်အတိုင်း အခိုင်အမာ ရပ်တည်မယ်ဆိုပြီး ပြောခဲ့တဲ့အတွက်ကြောင့် The Hill စာစောင်က Trump doubled down on tariffs လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီ အသုံးနဲ့ပတ်သက်လို့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

Our company is doubling down to increase our sales of solar panels.

နေရောင်သုံး ဆိုလာပြားတွေ အရောင်းတိုးနိုင်အောင်လို့ ကျနော်တို့ ကုမ္ပဏီက ဆထက်တပိုး ကြိုးစားနေတယ်။

(3) An olive branch

An (တခု)၊ olive branch (သံလွင်ပင် အခက်) ဖြစ်ပြီး စကားတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သံလွင်ပင်ရဲ့ အခက်တခက် ဖြစ်ပါတယ်။ ဒီအသုံးကို Offer ဒါမှမဟုတ် Hold out ကမ်းလှမ်းတယ်လို့ အဓိပ္ပါယ်ရောက်တဲ့ ကြိယာ Verb နဲ့ တွဲသုံးတဲ့အတွက်ကြောင့် Offer an olive branch ဒါမှမဟုတ် Hold out an olive branch လို့ သုံးလေ့ရှိပါတယ်။ Olive သံလွင်ပင်ရဲ့အခက်ကိုရှေး ဂရိခေတ်တုန်းက မင်္ဂလာဆောင်တွေမှာ သံလွင်ခက်နဲ့လုပ်တဲ့ သရဖူကိုသတို့သမီးတွေက ဆောင်းလေ့ရှိသလို၊ အိုလံပစ်အားကစားပွဲတော်တွေမှာလည်း အနိုင်ရရှိသူတွေကိုဆုချီးမြှင့်တဲ့အခါမှာ Olive branch သံလွင်ခက်နဲ့ လုပ်ထားတဲ့ သရဖူကို ချီးမြှင့်လေ့ ရှိပါတယ်။ ဒီအသုံးကို ရောမအင်ပါယာခေတ်မှာတော့ ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ သင်္ကေတအဖြစ် သုံးလာခဲ့ပါတယ်။ ချိုဖြူတကောင်က သံလွင်ခက်ကို နှုတ်မှာချီထားတဲ့ သင်္ကေတကတော့ ရှေးဦး ခရစ်ယာန်ယဉ်ကျေးမှု က ဆင်းသက်လာပြီး (၁၈) ရာစုမှာတော့ ဗြိတိန် နဲ့ အမေရိကန်တို့မှာ ဒီအသုံးကို ငြိမ်းချမ်းရေး သင်္ကေတအဖြစ် သုံးလာတာ ဖြစ်ပါတယ်။ ဒါကြောင့် An olive branch ရဲ့ အီဒီယံအဓိပ္ပါယ်က ငြိမ်းချမ်းရေး ကမ်းလှမ်းတာကို ဆိုလိုပါတယ်။ နေ့စဉ်ဘဝမှာတော့ တဦးနဲ့တဦး ပြန်တည့်ဖို့ ၊ ပြန်ချစ်ကြည်ရင်းနှီးဖို့၊ ပြန်လည်ကြေအေးဖို့ ၊ ရင်ကြားစေ့ဖို့၊ အာဃာတတွေကို သင်ပုန်းချေဖို့ စသဖြင့်တို့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဒီအသုံးကို မကြာသေးမီကတောင်ရီးယားကိုယ်စားလှယ်အဖွဲ့မြောက်ပိုင်းကိုသွားရောက်ခဲ့ပြီး၊ ခေါင်းဆောင် Kim Jong-Un နဲ့တွေ့ဆုံခဲ့ရာမှာ ၊ မြောက်ပိုင်းက ရန်ဘက် အမေရိကန်နဲ့ဆွေးနွေးလိုတယ်လို့ ကမ်းလှမ်းခဲ့တဲ့အပေါ်သမ္မတ Trump က သတိနဲ့တုံ့ပြန်ခဲ့တဲ့ အတွက် သတင်းမီဒီယာတွေက Trump's response to North Korea's apparent olive branch: "We will see what happens." ဆိုပြီး မြောက်ကိုရီးယားရဲ့ ကြေအေးဖို့ လို့ရှုမြင်ရတဲ့ကမ်းလှမ်းချက်ကို သမ္မတ Trump က စောင့်ကြည့်ရတာပေါ့ ဆိုပြီး တုံ့ပြန်ခဲ့တယ်လို့ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After their argument, David was the first to hold out an olive branch to his colleague.

စကားများပြီးနောက် David က သူ့လုပ်ဖော်ကိုင်ဖက်ကို ပထမဦးဆုံးပဲ ကြေအေးတဲ့စကား ပြောခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Kick off, Double down နဲ့ An olive branch တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG