သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tigray ကို စာနာမှုအကူပို့နေတဲ့ ထရပ်ကားသမား ၇၀ ကျော်ကို အီသီယိုပီးယား ဖမ်းဆီး


တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့ဝင်တဦး
တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့ဝင်တဦး

= = [[ Zawgyi ]] = =

Tigray ကို စာနာမှုအကူပို့နေတဲ့ ထရပ်ကားသမား ၇၀ ကျော်ကို အီသီယိုပီးယား ဖမ်းဆီး

အီသီယိုပီးယားအစိုးရက Addis Ababa မြို့တော်မှာ ကုလသမဂ္ဂ ဒေသခံဝန်ထမ်း ၉ ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး၊ နိုင်ငံမြောက်ပိုင်း Tigray ဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ပို့ဆောင်ပေးနေတဲ့ ထရပ်ကားယာဉ်မောင်း ၇၀ ကိုလည်း ဖမ်းဆီးထားကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

“ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက် အစိုးရနဲ့ ဆက်သွယ်ကြိုးပမ်းနေပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အီသီယိုပီးယား ကုလသမဂ္ဂဝန်ထမ်း ၂၂ ယောက်နဲ့ မိသားစုဝင် တချို့ပါ ဖမ်းဆီးခံခဲ့ရပြီး ၆ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း အင်္ဂါနေ့ကပဲ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ ဒေသခံ ဝန်ထမ်းတွေနဲ့အတူ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့လည်း ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်လို့ အခုအချိန်အထိ ရှင်းလင်းချက် မရသေးဘူးလို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့တုန်းကလည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အရာရှိ ၇ ယောက်ကိုလည်း ပြည်တွင်းရေး စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံကနေ နှင်ထုတ်ခဲ့ဖူးပါတယ်။

ဖမ်းဆီးခံရတဲ့ ထရပ်ကားသမားတွေဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGOs အဖွဲ့တွေအတွက် အလုပ်လုပ်ပေးနေသူတွေ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ လူပေါင်း ၅ သန်း ၂ သိန်းလောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ Tigray ဒေသကိုအသွား၊ ထရပ်ကားသမားတွေ မြောက်ပိုင်း Afar ဒေသ Samara က လမ်းပေါ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


= = {{ Unicode }} = =







XS
SM
MD
LG